ပတ်မကြီး ထိုးဖောက်ရန် ကြံစည် မှု နဲ့  ဂျန်ဆောင်ထယ် ကို ကွပ်မျက်

မြောက်ကိုရီးယား နိုင်ငံ မှာ ဒုတိယ အာဏာရှိ ဆုံး ဖြစ်တဲ့ ကင်ဂျုံအန် ရဲ့  ဦးလေး
တော် စပ်သူ ဂျန်ဆောင်ထယ် ကို တန်ပြန် တော်လှန်ရေး လုပ်မှု နဲ့  နိုင်ငံတော် သစ္စာ
ဖောက် မှု တွေ အပြင် အခြား အမှု ၁၇ ခု နဲ့  စွပ်ဆွဲ ပြီး စစ်ခုံရုံး မှာ အကျဉ်းချုံး စစ်
ဆေး ကာ ကွပ်မျက် လိုက် ပြီ ဖြစ်တယ် လို့  မြောက်ကိုရီးယား ဗဟိုသတင်း ဧဂျင်စီ
KCNA က ကြေငြာ သွား ခဲ့ ပါတယ်။

မြောက်ကိုရီးယား အလုပ်သမား ပါတီ ရဲ့  အစည်း အဝေး ကို ဒီဇင်ဘာ လဆန်း မှာ
ကျင်း ပ နေခိုက် မှာ မြောက်ကိုရီးယား စစ်စုံထောက် တွေ က အစည်း အဝေး ခန်း
မထဲ ၀င် လာ ပြီး ဂျန်ဆောင်ထည် ကို ဆွဲခေါ် ထုတ် သွား တာ ဖြစ် ပါတယ်။

ဂျန်ဆောင်ထယ် ကို လက်ရှိ ရာ ထူး တွေ က ဖယ် ရှား တဲ့ သတင်း ကို ပြီး ခဲ့ နှစ်ရက်
ကျော် က မြောက်ကိုရီးယား ရုပ်သံ တွေ က ထုတ်လွှင့် ပြသ ပြီး တဲ့ နောက် မှာ အခု
လို ကွပ်မျပ် တဲ့ သတင်း ကို သောကြာနေ့ နံနက် အစော ပိုင်း မှာ ထုတ် လွှင့် ခဲ့ တာ
ဖြစ် ပါတယ်။ မြောက်ကိုရီးယား နိုင်ငံ ပိုင် ရုပ်သံ တွေ က အစည်း အဝေး ခန်းထဲက
ဆွဲ ထုတ် သွား တဲ့ ဓာတ်ပုံ တွေ ၊ စစ်ခုံ ရုံး မှာ အကျဉ်း ချုံး တရား စီရင် တဲ့ ပုံ တွေ ကို
ထုတ် လွှင့် ပြသ ခဲ့ ပါတယ်။

ဂျန်ဆောင်ထယ် ဟာ မြောက် ကိုရီးယား ခေါင်းဆောင် ကြီး ကင်အီဆွန်း ရဲ့  သမီး
ကင်ဂျုံအီ ရဲ့  ညီမ ကင်ဂျုံအန် ရဲ့  အဒေါ် ဖြစ် သူ ကင်ကျုံဟွေး ရဲ့  ခင်ပွန်း လည်း
ဖြစ် ပါတယ်။ သူ့  ကို တန် ပြန် တော်လှန်ရေး လုပ်မှု ၊ အာဏာ အလွဲ သုံးစား လုပ်ပြီး
ပါတီ နဲ့  နိုင်ငံ ရဲ့  အာဏာ ကို ထိမ်းချုပ် ရန် ကြံ စည် မှု ၊ ပါတီ ခေါင်းဆောင် တွေ ကို
ဖယ်ရှားရန် ကြံစည် မှု ၊ အဂတိ လိုက်စားမှု ၊ မိန်းမ လိုက်စား မှု ၊ မူးယစ်ဆေးဝါး သုံး
စွဲမှု ၊ လောင်းကစား မှု ၊ အပြာကား စွဲလန်းစွာ ကြည့် မှု စတဲ့ အမှု တွေ စွဲချက် တင်ပြီး
ကွပ်မျက် လိုက် တာ ဖြစ် ပါတယ်။

ကင်အီဆွန်း လက်ထက် မှာ ကတည်း က ရာထူးကြီး တာဝန် တွေ ကို ထမ်းဆောင် ခဲ့
ပြီး ၂၀၁၁ ခုနှစ် မှာ ကင်အီဆွန်း ကွယ် လွန် တော့ အသက် ၂၈ နှစ် အရွယ် ကင်ဂျုံအန်
ကို ကွန်မြုနစ် နန်းလျှာ ဆက်ခံ မှု မှာ ချောချော မွေ့  မွေ့  ဖြစ် စေဖို့  ကူညီ ခဲ့ သူ တစ်ဦး
ဖြစ် ပါတယ်။

မြောက်ကိုရီးယား သတင်း ရင်းမြစ် တွေ ကို ကိုးကား ပြီး တောင်ကိုရီးယား က လာ တဲ့
သတင်း တွေ မှာ တော့ ဂျန်ဆောင်ထည် ရဲ့  အဓိက အတွင်း စည်း ထဲက အဆင့် မြင့်အရာ
ရှိ ကြီး နှစ်ဦး ဟာ တရုတ် နိုင်ငံ ကို ထွက် ပြေး သွား ပြီး သူနဲ့  ဆက်စပ် သူ ခေါင်း
ဆောင် နှစ်ဆယ် ကျော် ကို လည်း ဖမ်းဆီး ထား တယ် လို့  ဆို ပါတယ်။ ကင်ဂျုံအန် ဟာ
သူ့  ရဲ့  အဒေါ် ဖြစ်သူ ကင်ကျုံဟွေး ကို ပါ ဖမ်းဆီး ထား တယ် လို့  တစ်ချို့  သတင်း တွေ
မှာ ဖော် ပြထား ပါတယ်။

ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဌ လည်း ဖြစ်တဲ့ ဂျန်ဆောင်ထည် ကို ရာထူး က ဖယ်ရှား
ပြီး သုတ်သင် လိုက် တာ ဟာ မြောက်ကိုးရီးယား နိုင်ငံ ရဲ့  အာဏာ ကို ကင်ဂျုံအန်က ပိုင်
နိုင်စွာ ထိမ်းချုပ် လိုက်တာ ဖြစ် တယ်လို့  မြောက်ကိုရီးယား အရေး လေ့လာ သူ တွေ က
သုံးသပ်ကြ ပါတယ်။

ဂျန်ဆောင်ထည် ဟာ ကွယ် လွန် ချိန် မှာ အသက် ၆၇ နှစ် ရှိ ပြီ ဖြစ် ပြီး သူ့ ရဲ့  သမီး က ပြင်
သစ် နိုင်ံငံ မှာ ပညာ သွားသင် နေစဉ် မှာ တိုင်းပြည် ကို ပြန်လာ ရန် ငြင်းဆန် ပြီး မိမိ ကိုယ်
ကို သတ် သေခဲ့ ပါတယ်။ ဂျန်ဆောင်ထည် ဟာ နိုင်ငံ ခြား မှာ သွား ရောက် ခွဲ စိတ် ကုသ
ခံနေစဉ် ကာဆီ နို မှာ ငွေ အမြောက် အမြား သုံးစွဲ ခဲ့ တယ် လို့  KCNA သတင်း က ကြေငြာ
သွား ပါတယ်။ သူ့  ကို ဒီဇင်ဘာလ ၁၂ ရက် နံနက် အစော ပိုင်း မှာ ကွပ်မျက် ခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလဆန်း မှာ အလုပ်သမား ပါတီ ခေါင်းဆောင် အစည်းအဝေး က ခေါ် ထုတ်သွားစဉ်

ကင်ဂျုံအန် တို့  ဇနီး မောင်နှံ ဂျန်ဆောင်ထည် တို့ ဇနီး မောင်နှံ

ကင်ဂျုံအီ ကွယ်လွန် စဉ် က


စစ်ခုံရုံးမှာ


http://freedomnewsgroup.com/2013/12/13/jang-song-thaek-excute/

0 မှတ်ချက်များ: