”ကျွန်မကို ပြယုဂ် အနေနဲ့ရည်ညွှန်းပြောဆိုတာကို ကျွန်မမနှစ်သက်ပါဘူး၊ဘာလို့လဲဆိုတော့ ကျွန်မအမြင်အရ ပြယုဂ်ဆိုရင် ဘာမှမလုပ်ဘဲ ထိုင်ရုံပဲထိုင်နေမှာပေါ့” ဟု ၎င်း၏ဟောပြောပွဲကိုတက်ရောက်လာကြသော တက်ကြွများပြားသည့်ပရိသတ်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ခြင်းဖြစ်သည်။
”ကျွန်မကို အလုပ်လုပ်သူအဖြစ်သာ မြင်စေချင်ပါတယ်၊ အလုပ်ကြိုးစားမှုကို ကျွန်မအလွန်ယုံကြည်ပါတယ်၊ ကျွန်မအကျယ်ချုပ်နဲ့ အဖမ်းခံနေရတုန်းမှာတောင်မှ စည်းစနစ်ရှိတဲ့ဘဝအဖြစ်နဲ့ နေထိုင်နိုင်ဖို့ ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့ပါတယ်၊ ကျွန်မကို အလုပ်ကြိုးစားလုပ်သူအဖြစ်ပဲမြင်စေချင်ပါတယ်” ဟု ၎င်းကပြောကြားသည်။
ထို့ပြင် သူမ၏ ဒီမိုကရေစီနှင့်လွတ်လပ်မှုမြှင့်တင်ရေးအတွက် ကြိုးပမ်းမှုကို အသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန် ကွန်ဂရက်လွှတ်တော်က ချီးမြင့်သော Congressional Gold Medal ဆုကိုလည်း လက်ခံရယူခဲ့သည်။
အဆိုပါတက္ကသိုလ်၌ ဟောပြောရာတွင် အရှေ့တောင်အာရှနိုင်ငံများသည် လွတ်လပ်သောလူ့အဖွဲ့အစည်းဖြစ်ရန် ခရီးရှည်ကြီးကို လျောက်လှမ်းရဦးမည်ဖြစ်သည်ဟုလည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
”လွတ်လပ်ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းမှာ တာဝန်ယူမှုရှိတဲ့နိုင်ငံသားတစ်ယောက် အစစ်အမှန်ဖြစ်လာဖို့ဆိုရင်၊ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းမှာ လွတ်လပ်မှုရှိတဲ့ နိုင်ငံသားတစ်ယောက်အဖြစ် ပြုမူနေထိုင်ဖို့လိုအပ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
The Voice Weekly' Facebook
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်