တမျိုးကူးစက်ခဲ့ပြီး အသက်ရူခက်ခဲစေသောဖျားနာမှုကြောင့် ကာတာနိုင်ငံမှတဆင့် အထူးဆေးကုသလေယာဉ်ဖြင့် လန်ဒန်ရှိဆေးရုံသို့ ဆေးကုသခံရန်ရောက်ရှိလာခဲ့သည်။
အသက်ရှုရန်ခက်ခဲပြီး ဖျားနာနေသောဝေဒနာရှင်အား စစ်ဆေးရာတွင် အမျိုးအမည် မသိရသောဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဝေဒနာခံစားနေရမှုကို ကြိုးစားကုသနေရသည်။
တချိန်တည်းမှာပင် အဆိုပါ ပဟေဠိဆန်သောဗိုင်းရပ်စ်ပိုးကြောင့် ဆော်ဒီအာရေဗီယားနိုင်ငံတွင် လူ (၂)ဦးသေဆုံးခဲ့သည်။
HPA မှပရော်ဖက်ဆာ John Watson က ပဟေဠိဆန်သောဗိုင်းရပ်စ်ပိုးကြောင့် အရှေ့အလယ်ပိုင်းတွင် လူ(၂)ဦးသေဆုံးသွားခဲ့သည်မှာ မှန်ကန်ကြောင်းအတည်ပြုပြောဆိုခဲ့ပြီး လန်ဒန်တွင်ဆေးကုသခံနေသူနှင့် ဆက်နွယ်သူများကိုစစ်ဆေးခဲ့ပြီးကြောင်း ပြောဆိုခဲ့သည်။
HPA ဌာနမှ ကမ္ဘာကျမ္မာရေးအဖွဲ့(WHO) သို့ အဆိုပါ ဗိုင်းရပ်စ်အားကမ္ဘာ့သို့ပျံနှံမှုမဖြစ်ပွားစေရန် WHO နှင့် ဥရောပနိုင်ငံမှ ထိမ်းချုပ်နိုင်ရေးအတွက် တပ်လှန်ကထားခဲ့သည်။
ပဟေဠိဆန်သောဗိုင်းရပ်စ်ပိုးကို ၂၀၀၂ ခုနှစ်၊ ဂျူလိုင်လကဖြစ်ပွား ဆားရောဂါကဲ့သို့ အခြားနိုင်ငံများသို့ ကူးစက်မသွားစေရန်အတွက် အထူးထိမ်းချုပ်မှုလိုအပ်ကြောင်း ပြောဆိုလိုက်သည်။ ဆားရောကိုအာရှတိုက်ရှိ ဟောင်ကောင်မှ စတင်ဖြစ်ပွားခဲ့သည်ဟု ယူဆရကာ နိုင်ငံပေါင်း (၄၂)နိုင်ငံသို့ကူးစက်ပြန့့် နှံခဲ့သည်။
ဆားရောဂါကို လူနာပေါင်း (၈၄၂၂) ယောက်ရောဂါဝေဒနာခံစားခဲ့ရပြီး (၉၁၆)ဦးသေဆုံးခဲ့ရသည်။
SARS
http://freedomnewsgroup.com/2012/09/25/sars/

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်