Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် စင်ကာပူ နိုင်ငံမှ ကြည်း၊ ရေ၊ လေ စစ်သား များ နှင့် ခောတ်မှီစစ်လက်နက် ပစ္စည်းများ သုံးကာ စစ်ရေးလေ့ကျင့် ကြခြင်းဖြစ်သည်။
အဆိုပါစစ်ရေး လေ့ကျင့်မှု သည် အာရှ ဒေသအတွင်း တည်ငြိမ်မှု အတွက် ဖြစ်သည်။ ထိုင်း နိုင်ငံသည် ရွှေမြွေဟောက် စစ်ရေး လေ့ကျင့်မှု များ ကိုလက်ခံ လာရာ နှစ် ပေါင်း ၃၀ ရှိသွားပြီ ဖြသ်သည်။
တောင်ကိုရီးယား နိုင်ငံသည် ၂၀၁၀ခုနှစ် ကမှ ရွှေမြွေဟောက် စစ်ဆင်ရေး တွင် ပူးပေါင်း ခဲ့ခြင်းဖြစ်သည်။
တရုတ် နိုင်ငံ က ဂျပန် ၊ တောင်ကိုရီယား တို့  နှင့် ပိုင်ဆိုင် မှု အငြင်း ပွား နေသည့် ကျွန်းများ တွင် ရေတပ် စစ်ရေး လေ့ကျင့် မှု ပြု လုပ် နေစဉ် အမေရိကန် က ငွေကြေး စိုက် ထုတ် ပြီး ဦးဆောင်ပြုလုပ်သည့် Cobra Gold စစ်ရေး လေ့ကျင့် မှု တွင် မြန်မာ နိုင်ငံ ပါဝင် ရန် ဖိတ် ခေါ် ကြောင်း သတင်းထွက် ပေါ် ခဲ့ ခြင်း ဖြစ်သည်။
Cobra Gold စစ်ရေး လေ့ကျင့် မှု ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါလဆန်း တွင် ကျင်းပ နိုင်ဖွယ် ရှိ သည်။
မြန်မာ နိုင်ငံ သည် ဗြိတိသျှ နှင့် လည်း စစ်ရေး ဆက်ဆံ မှု တိုးမြှင့် လုပ်ဆောင် လျှက်ရှိသည်။
၂၀၁၂ ခုနှစ် က ထိုင်း နိုင်ငံ အရှေ့  ပိုင်း ရှိ ချွန် ဘူရီ တွင် နောက်ဆုံး ကျင်း ပခဲ့ သည့် ရွှေမြွေဟောက်စစ်ရေး လေ့ ကျင့် မှု တွင် အမေရိကန် လက်နက် ကိုင် တပ် ဖွဲ့  ၀င် တစ်သောင်း ပါဝင်ခဲ့ သည်။
မြန်မာ နိုင်ငံ သည် ၁၉၈၀ မှ ၁၉၈၅ ခုနှစ် အတွင်း အမေရိကန် နိုင်ငံ ရှိ စစ်တက္ကသိုလ်များ စစ်သင်တန်းကျောင်း များ သို့  မြန်မာ အရာ ရှိ ၂၀၀ ကျော် တက် ရောက် ခဲ့သည်။
အမေရိကန် ၏ ရွှေမြွေဟောက် စစ်ရေး လေ့ကျင့် မှု တွင် မြန်မာ ပါဝင် ရန ဖိတ် ခေါ် ခြင်း သည် မြန်မာအစိုးရ နှင့် ပဋိပက္ခ ဖြစ် ပွား နေသည့် တိုင်းရင်း သား လူနည်းစု လက်နက် ကိုင်များ အတွက် စိတ်မသက်မသာ ဖြစ်စေမည် ဟု ရိုက်တာ က ဆိုသည်။
Freedoms News Group

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်