စင်ကာပူအာဏာပိုင်များသည် ယင်း Nothern Shipping Joint Stock Co. (Nosco) ပိုင် သင်္ဘောအား စင်ကာပူ၌ ကမ်းကပ်ခွင့် ပိတ်ပင်ထားသည်။ Nosco ကုမ္ပဏီသည် ၎င်းတို့ သင်္ဘောပေါ်မှလူများအတွက် ဗီယက်နမ်ရှိ မြန်မာသံရုံးနှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနတို့သို့ အကူအညီတောင်း ထားပြီး သင်္ဘောပေါ်မှ လူများ၏ ကျန်းမာရေးနှင့် လုံခြုံစိတ်ချရမှုအခြေအနေမှာ စိုးရိမ်ရကြောင်းပြောသည်။ ကုမ္ပဏီ၏ လက်ထောက်အထွေထွေ ဒါရိုက်တာ ငုယင်ကောင်သန်က "သင်္ဘောက သင်္ဘောသား ၂၄ ယောက်အတွက်ပဲ လုပ်ထားတာပါ။ လူပို ၄၀ ရှိနေတော့ လုံခြုံရေးအရရော၊ အစားအသောက်ထောက်ပံ့မှုပိုင်းအရပါ စိုးရိမ်နေရပါတယ်။ ကယ်ထားတဲ့သူတချို့ဆို အ၀တ်အစား လုံလုံလောက်လောက် မရှိပါဘူး" ဟု ပြောသည်။
စင်ကာပူသည် ကုလသမဂ္ဂ၏ နိုင်ငံရေးခိုလှုံသူ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးတားခြင်းမရှိ၍ ထိုသူများကို လက်ခံဖွယ်မရှိကြောင်း၊ သို့သော် ယခင်ကလည်း ထိုသို့ ခိုလှုံလာသူများကို အခြားနိုင်ငံများသို့ ရောက်ရှိသွားရေးကိုမူ ကူညီခဲ့ကြောင်း သတင်းကဖော်ပြသည်။
Ref : WSJ
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်