စစ်ပွဲများ ရပ်တန့် စေချင်

ကျွန်ုပ်တို့  ကမ္ဘာလောကတွင် နေ့ စဉ် နေထိုင်၊ သွားလာ၊ လှုပ်ရှားမှုများတွင် တစ်ဦးနှင့် တစ်ဦး ပြဿနာများ ရှိတတ်ကြသည်။ သို့ သော် ပြဿနာကို အမျက်၊ ဒေါသများဖြင့် စိတ်လိုက်မာန်ပါ ရန်ကို ရန်ချင်း တုံ့ ပြန်နှင်းပါက ကာယကံရှင် နှစ်ဦးသာမက ဘေးပတ်ကျင်ကိုပါ ဆုံးရှုံးမှုနှင့် အန္တရာယ်ဖြစ်စေတတ်သည်။ စစ်ပွဲများကတော့ ဘေးပတ်ဝန်းကျင် ပြည်သူပေါင်းများစွာကို အသက်အိုးအိမ်၊ စည်းစိမ်များစွာကို ဆုံးရုံးကြရသည်။

တစ်မြေထဲနေ တစ်ရေသောက်၊ လူ့ ဘ၀မှာ လူဖြစ်ခိုက် ရေစက်ရှိလို့  ဆုံကြရခြင်းကို ရန်ပွဲ စစ်ပွဲများနှင့် တစ်ဦးပေါ်တစ်ဦး အပြန်အလှန် တုံ့ ပြန်နေမယ်ဆိုရင် ရရှိလာမယ့် အကျိုးကျေးဇူးက ဘာလဲ? ဒီမြေကို ပိုင်ဆိုင်ဖို့ လား၊ ဒီမြေကို ကျွန်တော်တို့  တကယ်ပိုင်ဆိုင်နိုင်လို့ လား၊ သေရင်ကော ဒီမြေက ယူသွားလို့ ရမှာလား၊ ဒီစစ်ပွဲ၊ ရန်ပွဲကြောင့် တခြားသော လူသားတို့  ဘေးအန္တယ်ရာယ်တွေနဲ့  ကြုံကြဆုံကြ၊ အသက်အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီးကြရတာတွေကော လူသားချင်း စာနာထောက်ထားမှု မပြုနိုင်ကြတော့ဘူးလား?

လက်ခုပ်ဆိုတာ တစ်ဘက်တည်းတီးလို့  မမြည်နိုင်ပါဘူး၊ စစ်ပွဲဆိုတာလည်း တစ်ဘက်တည်းက ဖန်တီးလို့  မရသလို၊ ငြိမ်းချမ်းရေးဆိုတာကိုလည်း တစ်ဘက်တည်းက လုပ်ဆောင်နေလို့  မရဘူး။ မြန်မာနိုင်ငံမှာ ရှိရှိသမျှ လက်နက်ကိုင်အဖွဲ့ အစည်းတွေအားလုံးနီးပါး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်နေချိန်မှာ ဘာဖြစ်လို့  ကေအိုင်အိုတစ်ခုတည်းက ကျန်ရစ်နေတာလဲ၊ အများနဲ့  တစ်စုတစ်ဖွဲ့ မှာ၊ အများက မှားတယ်ဆိုမလား၊ တစ်စုတစ်ဖွဲ့ က မှားတယ်ဆိုမလား။

တစ်ဦးနှင့် တစ်ဦး မေတ္တာထားနိုင်ဖို့ ဆိုတာ ယုံကြည်မှုတော့ အတိုင်းအတာတစ်ခုထိ လိုအပ်ပါလိမ့်မယ်။ ငါ မပစ်ရင် ဒီကောင်ဘယ်တော့ ငါ့ကို လာပစ်မလဲဆိုပြီး တစ်ဘက်သတ် ယုံကြည်မှုကင်း၊ တစ်ယူသန် တွေးနေရင် သူမပစ်ခင် ကိုယ်ဦးအောင်ပစ်မယ်ဆိုလျှင် ဘယ်သောအခါမှ ငြိမ်းချမ်းရေးရမည်မဟုတ်။ လက်နက်မဲ့သူတွေကို တိုက်ခိုက်မှုတွေလုပ်၊ အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်တာ လုပ်ရိုးလုပ်စဉ်လို့  ပြောတာဟာ မှန်ကန်ပါရဲ့ လား၊ ငြိမ်းချမ်းမှု ဆွေးနွေးရာမှာ အပစ်အခတ်ရပ်စဲရေးကို အရင်မလုပ်ဘဲ နိုင်ငံရေးဆွေးနွေးမှုတွေကို အရင်လုပ်ပါမယ်လို့  ကေအိုင်အိုက ပြောနေတာဟာ အစိုးရဘက်မှ ငါတို့ ကို ဘယ်လို ဦးအောင်ပစ်မလဲဆိုပြီး တွေးတော ကြောက်ရွံ့ မှုကြောင့် ဖြစ်ပေါ်လာတဲ့  အတွေးစိတ်ကူးလား?

ကချင်က စစ်ပွဲမှာ အစိုးရတပ်က စစ်သားတွေကျဆုံးတာကော၊ ကေအိုင်အိုက လက်နက်ကိုင် စစ်သည်တွေ ကျဆုံးတာနဲ့  လူကြီး ကလေး ပြည်သူများစွာ သေကြေပျက်စီး၊ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီး ဆုံးရှုံးကြရတွေဟာ အားလုံးသော ဆုံးရှုံးမှုတွေဟာ ကမ္ဘာလောကကြီးမှာရှိတဲ့ သက်ရှိတွေ ဆုံးရှုံးရခြင်းပါ။

အစိုးရဘက်ကော ကေအိုင်ဘက်ကပါ ပြည်သူတွေနဲ့  လူသားတွေ အေးချမ်းသာယာဖို့  လိုလားတယ်ဆိုရင် နှစ်ဘက် တပ်တွေ စည်းတစ်ခုအထိ သတ်မှတ် နောက်ဆုတ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့  မြန်မာအွန်လိုင်းမီဒီယာဂရုပ်နဲ့  ကမ္ဘာ့ ရွာကလေးမှ တောင်းဆိုပါတယ်။

စစ်ပွဲများ အမြန်ဆုံး ရပ်တန့် ပြီး ကမ္ဘာသူ ကမ္ဘာသား သက်ရှိ သတ္တ၀ါအားလုံး ဘေးရန် ခပ်သိမ်းကင်းငြိမ်းပြီး ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုတောင်း မေတ္တာ ပို့ သလိုက်ပါသည်။

မြန်မာအွန်လိုင်းမီဒီယာဂရုပ်နှင့် ကမ္ဘာ့ ရွာကလေးမှ အဖွဲ့ သားများ

0 မှတ်ချက်များ: