ထိုင်းအစိုးရသည် နိုင်ငံတွင်းသို့  အိမ်နီးချင်းမြန်မာနိုင်ငံမှ ရိုဟင်ဂျာများ ခိုးဝင်လာမှု အထူးများပြားလာသောကြောင့် နောက်ထပ်
လှေဖြင့်ခိုးဝင်လာသော ရိုဟင်ဂျာများကို အခြေချခွင့်မပေးဘဲ နှင်ထုတ်သွားမည်ဟု အစိုးရထိပ်တန်းအရာရှိကြီးတစ်ဦးက ပြောကြားလိုက်သည်။
ထိုင်းအစိုးရ၏ အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူးချုပ် ပရာဒုန်ပတ်ထနနာသာဘုတ်က ရိုဟင်ဂျာဘင်္ဂါလီများနှင့်ပတ်သက်၍ “ထိုင်းရေတပ်ဟာ အခုအချိန်ကစပြီး သူတို့ကို တင်းကျပ်စွာ စောင့်ကြည့်သွားမှာဖြစ်ပြီး ထိုင်းမြေပေါ်ခြေချခွင့် ပေးတော့မှာ မဟုတ်ပါဘူး။ သူတို့ကိုရှာတွေ့မိခဲ့ရင် သူတို့သွားလိုရာ ပန်းတိုင်တွေကို သွားနိုင်အောင် ရေ၊ ရိက္ခာနဲ့ လိုအပ်တဲ့အချက်တွေအားလုံးကို ကျွန်တော်တို့ ပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၂ ဇွန်လမှစ၍ ရခိုင်ပြည်နယ်၌ ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ရိုဟင်ဂျာများမှာ မလေးရှားနိုင်ငံသို့ ဦးတည်၍ ထွက်ပြေးကြမှုများ ပိုမိုများလာခဲ့ကာ ထိုင်းတွင် ယခုအခါ နိုင်ငံတွင်းခိုးဝင်လာသော ရိုဟင်ဂျာ ၁,၀၀၀ ကျော်ကို ထိန်းသိမ်းထားသည်။ လက်ရှိ၌ ထိန်းသိမ်းထားသောသူများကို လူဝင်မှုကြီးကြပ်ရေးစင်တာများတွင်လည်းကောင်း၊ ဒေသခံရဲစခန်းများတွင်လည်းကောင်း ထိန်းသိမ်းစောင့်ရှောက်ပေးထားသည်ဟု မစ္စတာပရာဒုန်ကဆိုသည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ၂၀၁၂ ခုနှစ်တွင်း မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှေဖြင့်ထွက်ပြေးသော ဒုက္ခသည်ပေါင်း ၁၃ဝ,ဝဝဝ ရှိပြီး ယင်းတို့အနက် အချို့မှာ ပင်လယ်တွင်း၌ သေဆုံးခဲ့ကြကြောင်း သိရသည်။
-Ref: AFP
7Day News Journal facebook

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်