ဆီးရီးယား ကမ်းလွန်ပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ရန် ရရှား ပြင်ဆင်

ရုရှား ရေတပ်ဖွဲ့၏ ပင်လယ်နက်နှင့် ဘောလ်တစ် ရေယာဉ်စုတို့မှ စစ်သင်္ဘော များသည် မြေထဲပင်လယ် အတွင်းရှိ ဆီးရီးယား ကမ်းလွန် ပင်လယ်ပြင်တွင် စစ်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက် သွားမည်ဖြစ် ကြောင်းနှင့် အဆိုပါ စစ်ရေးလေ့ကျင့်ခန်း မပြုလုပ်မီ ဘောလ်တစ် ရေယာဉ်စုမှ စစ်သင်္ဘော ၂ စီးသည် မော်လ်တာ နိုင်ငံရှိ Valletta ဆိပ်ကမ်းသို့ ဝင်ရောက်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီး ဌာနက ဇန်နဝါရီ လ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု Newsnow သတင်းတစ်ရပ်အရ သိရှိရ ပါသည်။




 ဘောလ်တစ် ရေယာဉ်စုမှ Yaroslav Mudry ကင်းလှည့် သင်္ဘောနှင့် Lena ဆီတင်သင်္ဘော တို့သည် ပြန်လည်ဖြည့်တင်း မှုများ ပြုလုပ်ရေး အတွက် Valletta ဆိပ်ကမ်းသို့ သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီး ဌာနက ပြောကြားခဲ့သည်။

ထို့နောက် အဆိုပါ သင်္ဘောများသည် မြေထဲပင်လယ် အရှေ့ပိုင်းသို့ ဆက်လက် ထွက်ခွာမည် ဖြစ်ပြီး Yaroslav Mudry ကင်းလှည့် သင်္ဘော သည် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး စစ်ရေး လေ့ကျင့်ခန်း လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ထို့ပြင် ရုရှား ရေတပ်ဖွဲ့မှ Severomorsk ဖရီးဂိတ် စစ်သင်္ဘောသည် အေဒင် ပင်လယ်ကွေ့တွင် ပင်လယ် ဓားပြ တိုက်ဖျက်ရေး မစ်ရှင် ဆောင်ရွက်နေစဉ် အတွင်း ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ထိ ဂရိနိုင်ငံ Suda ဆိပ်ကမ်းသို့ သွားရောက်မည် ဖြစ်ကြောင်းသိရှိရသည်။

ကျော်ဝင်းသူ

0 မှတ်ချက်များ: