Facebook ၏ နည်း ပညာ သစ် တစ်ခု ဖြစ်သည့် Graph Search လွန်ခဲ့သည့် နှစ် အတန်ငယ် က အီဖဲလ် မျှော် စင်ကြီး အောက် တွင် ဆုံ ခဲ့ ဖူးသည့် ဆယ် ကျော်သက် အရွယ် မာရီယွန်ကို ပြန်ဆုံစည်း နိုင် ဖို့  သင့် ကို ကူ ညီ နိုင်ပြီ ဖြစ်သည်။
ယခင် က Facebook တွင် မိမိ ၏ သူငယ်ချင်း မိတ်ဟောင်းဆွေဟောင်းများ ကို ရှာဖွေ ရန် တွင် နာမည် နှင့် နေရပ် လောက် ကို သာ အဓိက ထား ပြီး ရှာ ဖွေ နိုင်ရာ မှ ယနေ့  Facebook ကုမ္ပဏီရုံး ချုပ် တွင် ပြု လုပ်သည့် မိတ်ဆက် ပွဲ အခမ်း အနား ဉ် တွဲ ဖက် တည် ထောင် သူ မခ် ဇူကာဘဂ်က Graph Search နည်း ပညာ ကို မိတ် ဆက် ရှင်းလင်း ခဲ့ သည်။

ယခင် က Facebook တွင်ရှာဖွေ မရ နိုင်သည့် နာမည် နှင့် အကြောင်း အရာ များ ကို Microsoft ၏ရှာဖွေ ရေး အင်ဂျင် Bing နှင့် ပူးပေါင်း ပြီး ရှာ ဖွေ မည် ကာ Google သို့  တစ်ဆင့် လွှဲ ပြောင်း မှု များရှိတော့ မည် မဟုတ် ဟု ဇူကာ ဘဂ် က ဆိုသည်။ Graph Search စတင် ပြီး နောက် ပိုင်း မည်သည့်အကြောင်း အရာ ကို မဆို အနည်း ဆုံး အချက် အလက် တစ်ခု ရရှိ အောင်ရှာ ဖွေ နိုင်မည်
ဖြစ်သည်။
Graph Search ဘီတာ အဆင့် စမ်းသပ် သုံး စွဲမှု ကို ယ နေ့  စတင် လိုက် ရာ Graph Search ရှာဖွေ မှု နယ် ပယ် တွင် ပါဝင် လို ပါ က Graph Search ၏ Join Waiting List ကို နှိပ် ပြီး Facebook ကုမ္ပဏီ မှ အတည် ပြု မှု ကို စောင့် နိုင်သည်။
Graph Search ရှာဖွေ မှု တွင် ကနဦး အနေ ဖြင့် အကန့် အသတ် ရှိရာ လူ ၊ ဓာတ်ပုံ ၊ နေရာ နှင့်စိတ် ၀င်စား မှု များ ကို သာ ရှာ ဖွေ နိုင် အုံး မည် ဟူ ဇူကာဘာဂ် က ပြောသည်။
ဆန်ဖရန် စစ္စကို မြို့  ရှိ ကော်ဖီ ဆိုင် တစ်ခု တွင် သင့် သူငယ် ချင်း ဂျွန် နှင့် ကော်ဖီ ဆိုင်ထိုင်ရင်းမိတ်ဆွေ ဖြစ်ခဲ့ အခြား စား ပွဲ တစ်ခု မှ ရေဘက်ကာ ကို ပြန် လည် ဆုံ စည်း နိုင် ဖို့  Graph Search တွင် မခဲယဉ်းတော့ ဟု ဆိုသည်။
Graph Search နည်း ပညာသည် ယခင် က Web ရှာဖွေ မှု နည်းပညာ မှ လူမှု ကွန်ယက် ရှာဖွေမှုနည်း ပညာ ကို အဆင့် မြင့် တက် လာ ခြင်း ဖြစ်သည်။
http://freedomnewsgroup.com/2013/01/16/graphsearch/

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်