Firefox ရဲ့ Beta Version ဖြစ်တဲ့ Aurora ကို မြန်မာ ဘာသာစကားနဲ့ စမ်းသပ် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
မြန်မာဘာသာစကားရဲ့ စကားလုံးအသစ်တွေကို ဖန်တီးပြီး အသစ်ထပ်ထည့်ဖို့ ဘာသာစကား အဖွဲ့အစည်းတွေက ကြိုးစားနေတာ မကြားမိတဲ့အတွက် စကားလုံးအသစ်တွေ ကွန်ပျူတာ အသုံးအနှုန်းတွေကတော့ ထော်လော်ကန့်လန့် တိုက်ရိုက်အသံထွက်တွေနဲ့ပဲ တွေ့နေရဦးမယ်နဲ့ တူပါတယ်။
သာမန် ကွန်ပျူတာစသုံးမဲ့သူတွေအတွက် Menu တွေရဲ့ အသုံးအနှုန်းတွေကို ရှင်းပြရဖို့ တော်တော်ကြိုးစားရမယ် ထင်ပါတယ်။ ခက်တာက Product တစ်ခုနဲ့တစ်ခု ပြန်ချင်သလိုပြန်၊ Developer တွေ စိတ်ထဲရှိသလို ရေးဆိုတော့ Standard စံသတ်မှတ်ချက်မရှိဘဲ Different Product အတွက် Different Usage တွေ သုံးမယ်ဆိုရင် မျက်စိတော်တော် လည်ရမဲ့ အဖြစ်လို့ ခံစားမိပါတယ်။

သို့ပေမဲ့လည်း မြန်မာVersion တွေ ထွက်လာတဲ့အတွက်တော့ Open Source Developer တွေ၊ Volunteer တွေ ကို လေးစားပြီး ကျေးဇူးတင် ရမှာတော့ အမှန်ပါပဲ။
""""သြော် တစ်ခါတစ်လေတော့လည်း သိချင်စိတ်ဖြစ်မိသား။ မြန်မာနိုင်ငံက C-Federation ကြီး နဲ့ P/I-Associations ကြီး တွေက ဘာကြောင့်များ ဘာလို့များ ဘယ်အတွက်များ လဲပေါ့။ """"
Windows
http://ftp.mozilla.org/pub/mozilla.org/firefox/nightly/latest-mozilla-aurora-l10n/firefox-22.0a2.my.win32.installer.exe
OSX
http://ftp.mozilla.org/pub/mozilla.org/firefox/nightly/latest-mozilla-aurora-l10n/firefox-22.0a2.my.mac.dmg
Linux
http://ftp.mozilla.org/pub/mozilla.org/firefox/nightly/latest-mozilla-aurora-l10n/firefox-22.0a2.my.linux-i686.tar.bz2
TSJ
http://www.mozilla.org/en-US/firefox/all-aurora.html
TechSpace Journal

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်