Samsung တို့ Galaxy Watch လည်း မိတ်ဆက်မည်

အပြည့်အစုံ ခေါ်ရင် Samsung Galaxy Gear Watch ဖြစ်ပါတယ်။ Smart watch အနေနဲ့ Samsung က မိတ်ဆက်မယ့် နာရီ ဖြစ်ပါတယ်။

စမတ်ဖုန်းနဲ့ တွဲဆက်အသုံးပြုနိုင်ပြီး Bluetooth, Wi Fiတို့နဲ့ အလုပ်လုပ်နိုင် မယ့် နာရီ ဖြစ်ပါတယ်။ စက်တင်ဘာလ ၄ ရက်နေ့မှာ မိတ်ဆက် ပြသ မှာ ဖြစ်ပါတယ်။ Samsung Galaxy Note 3 ကိုမိတ်ဆက်ပြသမှု နဲ့ အတူ Smart watch ကိုပါ တစ်ခါတည်း တွဲလျက် မိတ်ဆက်မှာ ဖြစ်ပါတယ်။

Galaxy မိသားစုဝင်တစ်ခုဖြစ်တိုးလာမယ့် Gear watch က Samsung ရဲ့  ပထမဆုံး စမတ်နာရီလည်း ဖြစ်ပါတယ်။ ပုံစံ၊ ဒီဇိုင်း ဘယ်လိုရှိမယ် ဆိုတာ အားလုံး ခန့်မှန်းနေကြဆဲပါပဲ။ touch screen နဲ့ ဖြစ်ပြီး ဖုန်းထဲက App အငယ် များကို အသုံးပြုနိုင်မှာ ဖြစ်ပြီး Android OS ပေါ်မှာပဲ အလုပ်လုပ်မယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (Guide Magazine)

0 မှတ်ချက်များ: