Miss Supranational Talent 2013 ဆု အတွက် မလေးရှားအလှမယ် ရရှိ

US Virgin Islands (3rd), Malaysia (winner), Cameroon (2nd)

Miss စွမ်းရည်အကအလှ ရွေးချယ်ရာတွင် မလေးရှား အလှမယ် မှ Miss SupranationalTalent 2013 ဆု ရရှိသွားခဲ့ကြောင်း သိရသည် ။ အဆိုပါ အလှမယ် သည် အဆို ၊ အက နှင့် သူမ ၏ ပရိသတ်ကို ပျော်ရွှင်ဖွယ် ဖြစ်စေရန် တင်ဆက်ပြသခဲ့သည်။

ထို့ အပြင် First runner-up ဆုကို Cameroon မှ အလှမယ်က ရရှိခဲ့ပြီး အဆိုပါ ဆုအတွက် သူမ ကျွမ်းကျင်သည့် ရိုးရာ အက ဖြင့် တင်ဆက်ပြသခဲ့ခြင်းဖြစ်သည်။

Second runner-up ဖြစ်သည့် U.S. Virgin Islands အလှမယ်က Michael Jackson ၏ အကဖြင့် ၀င်ရောက်ယှဉ်ခဲ့ခြင်း ဖြစ်သည်။

တခြား ထူးချွန်စွမ်းဆောင်ရည် ဆုများကို လည်း Puerto Rico, Australia, Hungary, Netherlands, Philippines, Guadeloupe and Sri Lanka နိုင်ငံများမှ အလှမယ်များက အသီးသီးဆွတ်ခူးခဲ့သည်။

သုတလင်း
Popular Myanmar News Journal

(နိုင်ငံအသီးသီးမှ အကအလှ များကို ကြည့်ရှုလိုပါက အောက်ပါလင့်သို့ သွားရောက်ကြည့်ရှုနိုင်ပါသည်။

http://www.globalbeauties.com/supranational/malaysia-is-the-winner-of-the-talent-competition/ )

0 မှတ်ချက်များ: