ပါကစ္စတန် အနောက်တောင်ပိုင်းမှာ အင်္ဂါနေ့က ပြင်းအားကြီးတဲ့ ငလျင် လှုပ်ခတ်ခဲ့လို့ သေဆုံးသူ အရေအတွက်ဟာ ၂၅၀ ကျော် သွားပြီး လူအများအပြားလည်း ဒဏ်ရာ ရခဲ့ကြတယ်လို့ သိရပါတယ်။
ဘလူချစ်စတန် ပြည်နယ်တွင်း ဆင်းရဲပြီး ဝေးလံခေါင်သီတဲ့ အဝါရန် ခရိုင်အတွင်းမှာ ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ရွှံ့အုတ်နဲ့ ဆောက်ထားတဲ့ အိမ်တွေဟာ ပြားပြားဝပ် ပြိုကျကုန်တယ်လို့ သိရပါတယ်။ ဒါကြောင့် ထောင်နဲ့ချီတဲ့ လူတွေဟာ ဟင်းလင်းပြင်မှာပဲ အိပ်နေကြရတယ်လို့ ဆိုပါတယ်။
ဆေးဝါးတွေ၊ အမိုးအကာတွေနဲ့ အကူအညီတွေ ကူညီဖို့ သွားနေကြပေမယ့် သွားလာဖို့ ခက်ခဲတာကြောင့် ဘယ်တော့ ရောက်မယ်ဆိုတာ မသိနိုင်သေးဘူးလို့ သိရပါတယ်။
ငလျင် လှုပ်ခတ်မှုအပြီးမှာ ဒေသတွင်းက ဂွါဒါ (Gwadar) ဆိပ်ကမ်းအနီး ပင်လယ်ပြင်မှာ အလျား မီတာ ၁၀၀ ရှိတဲ့ ကျွန်းငယ်တစ်ကျွန်း အသစ်ပေါ်ထွက်လာတယ်လို့ သတင်းရရှိပါတယ်။
BBC Burmese

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်