ဘင်္ဂလာဒေခ်ျ့နိုင်ငံကနေ ဆေ၀ါးအမျိုးမျိုးကို အတုလုပ်ပြီး နိုင်ငံတကာကို ပို့နေတဲ့ ဆေးအတု ထုတ်လုပ်တဲ့ ဂိုဏ်းတစ်ခုကို ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မနေ့က ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အဲဒီဖမ်းမိတဲ့ ဆေးဝါး အတု ထုတ်လုပ်တဲ့ ဂိုဏ်းမှာ ပါဝင် ပတ်သက်နေတဲ့သူ ၁၀ ဦးကို ဖမ်းဆီးမိရာမှာ ၇ ဦးက တရုတ်လူမျိုးတွေလို့ ပြောပါတယ်။ ကျန်တဲ့ ၃ ဦးကတော့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားတွေ ဖြစ်ကြပါတယ်။
ဒီကနေ့ထုတ် New Age သတင်းစာမှာတော့ အဲဒီ ဆေးအတု ဂိုဏ်းဟာ ဆေးဝါးတွေကို ဘင်္ဂလာဒေခ်ျ့နိုင်ငံကနေ ထုတ်လုပ်နေတာ ၄ နှစ်ခန့် ရှိနေပြီ ဖြစ်ပြီး အဲဒီ ဆေးဝါးတွေကို နိုင်ငံတကာကို တင်ပို့တယ်လို့ တရုတ်အမျိုးသားတွေက စစ်ဆေး မေးမြန်းစဉ် ထုတ်ဖေါ် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
RAB ( Rapid Action Battalion) လို့ ခေါ်တဲ့ မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့ကနေ ဂါဇီပူရ် မြို့နယ်က Courier ကုမ္ပဏီ ရုံးခန်းကနေ ဆေးဝါး အတုတွေ အမြောက်အမြား ဖမ်းဆီး ရမိခဲ့တယ်လို့ ပြောပါတယ်။
သူတို့ဟာ နိုင်ငံတကာ ဆေးဝါး မှောင်ခိုဂိုဏ်းနဲ့ ဆက်စပ်နေသူတွေ ဖြစ်ပြီး နိုင်ငံတကာကို အထောက်အထား မှတ်ပုံတင် အတုတွေနဲ့ ဆေးဝါးတွေကို အဆင်သင့်ချုပ်လုပ်ထားတဲ့ အ၀တ်အထည်တွေနဲ့ ရောနှောပြီး ပို့နေသူ တွေ ဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုပါတယ်။
ဒါ့ပြင် ယာဘားဆေးပြားတွေကို ဘင်္ဂလာဒေခ်ျ့ကို တင်သွင်းရာမှာ ပါဝင်ပတ်သက်သူတွေ ဖြစ်နိုင်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဘင်္ဂလာဒေခ်ျ့ မှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း ဆေးဝါးအတု တာကာ (၅) ကုဋေဖိုးခန့်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဆေးဝါး ရှားပါးမူနဲ့ ကြုံနေရတဲ့ မြန်မာပြည်သူတွေ အနေနဲ့လည်း အိမ်နီးချင်းနိုင်ငံတွေက ထုတ်တဲ့ ဆေးဝါးတွေကို မှီခိုနေကြရတဲ့ အတွက် နိုင်ငံခြားက ထုတ်တဲ့ ဆေးဝါးတွေကို အတုအပ အထူး သတိထားပီး ၀ယ်ယူကြဖို့လိုအပ်ပါတယ်။
- See more at: http://www.narinjara.com/burmese/?p=7265#sthash.xzo0xXGh.dpuf
http://www.narinjara.com/burmese/?p=7265
Narinjara

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်