ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ။ ။ မြန်မာ နိုင်ငံမှ EPS စာမေးပွဲကိုအောင် မြင်ပြီး ကိုရီးယားနိုင်ငံသို့ သွား ရောက်အလုပ်လုပ် ကိုင်နေသည့် မြန်မာ နိုင်ငံသားတစ်ဦးသည် ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်းတွင် အသတ်ခံ ရကြောင်း သိရသည်။
အဆို ပါ အသတ်ခံရသူသည် မွန်ပြည်နယ် ရေးမြို့နယ်၊ လမိုင်း မြို့နယ်ခွဲ ဗိုလ်ချုပ်လမ်း မြို့မ(၁) လမ်းတွင်နေထိုင်သူ အသက်၃၄ နှစ် အရွယ်ရှိသူတစ်ဦးဖြစ်ကြောင်း သိရသည်။
ရေးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်မိ မြင့်သန်း က''အသတ်ခံရတာက ကျွန်မမောင်ဝမ်းကွဲပါ။ ဂျယ်ဂျူး ကျွန်းမှာ အလုပ်လုပ်ရတယ်လို့ ပြောတယ်။ လိမ္မော်ခြံမှာ လိမ္မော် သီးခူးရတာ။ အလုပ်သမားဆို လို့ သူတစ်ယောက်ပဲရှိတယ်လို့ ပြောတယ်။
၂၃ရက်မှာ သူတို့ မန်နေဂျာလား၊ အလုပ်ရှင် လား တော့ မသိဘူး။ သူ့ကိုပြန်ဖို့ပြော ထားတာရှိတယ်။ တနင်္လာနေ့မှာ အဲဒီသူဌေးက ဆွဲထိုးတယ်လို့လဲ ပြောတယ်''ဟု ပြောသည်။
Employment Permit System (EPS) အောင်မြင်ပြီး ကိုရီးယားနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသည့် အသတ်ခံရသူ မောင်လှမြင့်သည် ယခုလ၂၃ရက် မြန်မာစံတော်ချိန် ၅နာရီမှ ည ၁၁နာရီကျော်အထိ ဇနီးနှင့်ဖုန်း အဆက် အသွယ်ရခဲ့ကြောင်း ယင်း ၏ပြောပြချက်အရ သိရသည်။
ဒေါ်မိမြင့်သန်းက ''အဲလို အထိုးခံရတာကို ဟိုမှာရှိတဲ့ သူ့ ယောက်ဖပြောတယ်။ ပြီးတော့ သူစီးတဲ့စက်ဘီးကိုလဲ သိမ်းထား တဲ့အကြောင်းလဲ ပြောတယ်။ သူ့ ယောက်ဖက ဆိုးလ်မှာ နေတယ်။ ၂၄ရက်နေ့က သူ့ယောက်ဖနဲ့ ဖုန်း ပြောဖြစ်တယ်''ဟု ယင်းက ဆို သည်။
နိုဝင်ဘာ၂၄ရက် မြန်မာစံ တော်ချိန် နံနက်၅နာရီအထိ အ ဆက်အသွယ်ရရှိခဲ့သော်လည်း ယင်းနေ့ နံနက်၉နာရီတွင် အ သတ်ခံရသူနှင့် အဆက်အသွယ် ပြတ်သွားကြောင်း၊
ပြန်လည်ဆက် သွယ်သည့်အချိန်တွင် ယင်းကိုင် ဆောင်သည့် ဖုန်းကို ကိုရီးယား တစ်ယောက်မှ ကိုင်ဆောင်ထား ကြောင်း၊ ညနေ ၄နာရီထိုးတွင် ကိုရီးယားတစ်ယောက်က မောင် လှမြင့်မှာ ချွန်ထက်သည့်အရာ များဖြင့် လုပ်ကြံသတ်ဖြတ်ခံထားရ ကြောင်းပြောမှသာ သိခဲ့ရကြောင်း အစ်မဝမ်းကွဲဖြစ်သူ ဒေါ်မိမြင့်သန်း ၏ပြောပြချက်အရ သိရသည်။
ဒေါ်မိမြင့်သန်းက ''အခု ဒီ ကိစ္စကို အလုပ်သမားရေးရာဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးခင် အောင်တို့ကလဲ ကူညီဆောင်ရွက်
နေတယ်လို့ပြောတယ်။
အချိန် တိုင်းမှာ သူတို့ဆီကို အစီရင်ခံစာ တွေ တက်နေတယ်လို့လဲ ပြော တယ်။ နှစ်နိုင်ငံ သံရုံး တွေနဲ့ အ ဆက်သွယ်လုပ်ပြီး ဆောင်ရွက်နေ တယ်လို့လဲပြောတယ်''ဟု ယင်းက ဆိုသည်။
အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ မန်နေဂျင်း ဒါရိုက် တာဦးဝင်းမြင့်က ''မြန်မာနိုင်ငံ သား အသတ်ခံရတဲ့ကိစ္စနဲ့ပတ် သက်ပြီး ဟိုဘက်မှာရှိတဲ့အလုပ် သမားသံအရာရှိကိုယ်တိုင် အခင်း ဖြစ်တဲ့ဂျယ်ဂျူးကျွန်းကို လေယာဉ် နဲ့ သွားရောက် စုံစမ်းနေ ပါတယ်။
အခုကိစ္စက ရဲမှု ရဲခင်းဖြစ်တာ ကြောင့် ချက်ချင်းကြီး ဘာလုပ် မယ်ဆိုတာ ပြောလို့မရသေးဘူး။ အချိန်လေးနည်းနည်းနေရင် သိ ရမှာဖြစ်တယ်။ ဒါတွေပြီးသွားရင် အလုပ်သမားရသင့်ရထိုက်တဲ့အ ခွင့်အရေးကို ရအောင် ဆောင်ရွက် ပေးမယ်''ဟု ပြောသည်။
အောင်သူ(ဒေးဒရဲ)
သတင်းအပြည့်အစုံသို့=>http://goo.gl/EPjrgB
Yangon Media Group

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်