ပြီးခဲ့တဲ့ တနင်္လာနေ့က ကျွန်တော် မလေးရှားမြန်မာ သံရုံးကို ရောက်ခဲ့ပါတယ်..။
သံရုံးမှာ 6P အစီအစဉ်မှ အကြောင်းအမျိုးမျိုးကြောင့် ပါမစ်မကပ်ရသေးခင် ပတ်စပို့စာအုပ်သက်တမ်း ကုန်၍ သက်တမ်းလာတိုးကြသူ များစွာ တွေ့ခဲ့ရပါတယ်..။
ပါမစ် မကပ်ရသေးသောကြာင့် သက်တမ်းတိုးမပေးပါဘူး..။
သူဌေးနှင့် မလေးရှားအင်မီဂရေးရှင်းသို့ အယင်သွားပြီးမှ ပါမစ်ကပ်ပေးဖို့ ခွင့်ပြုချက် စာရမှ သက်တမ်းတိုးပေးပါတယ်လို့ သံရုံးဝန်ထမ်းများဆီမှ သိခဲ့ရပါတယ်..။
အကယ်၍ သူဌေးမရှိခဲ့လျင် အေးဂျင့်ကောင်းများ ရှာ၍ ပါမစ်တင်ပါ ပြီးမှ စာအုပ်သက်တမ်းလာတိုးပါဟု ပြောပါတယ်..။
သို့မဟုတ်ပါက အလည်ဗီဇာ ဖြင့်ဝင်လာသကဲ့သို့ ပုံစံမျိုးဖြင့်ပါမစ်လျှောက်ရန် အကြံပြုပါတယ်..။မလေးရှား အင်မီဂရေးရှင်းမှ ပါမစ်ကပ်ပေးရန် ခွင့်ပြုချက်ပါသော စာရရှိမှသာလျင် ပတ်စပို့စာ အုပ်သက်တမ်းတိုးပေးမည် ဟု ပြောပါတယ်..။
6P အစီအစဉ်မှာလက်ဗွေနှိပ်ပြီး ပတ်စပို့စာအုပ်မလျှောက်ရသေးသူများ သံရုံးသို့ အမြန်သွားပြီးပတ်စပို့စာအုပ်လျှောက်ထားစေခြင်ပါတယ်..။အကြောင်းကတော့ မိမိတို့လျှောက်သော ပတ်စပို့စာအုပ်အတွက် နေပြည်တော်ရှိရုံးမှ ခွင့်ပြုချက်ရရန်တင်ပြရမည် ဖြစ်သောကြောင့် အလျင်အမြန် စောစီးစွာ သွားလျှောက်ထားသင့်ပါတယ်..။နေပြည်တော်မှ ခွင့်ပြုချက်ရမှ ပတ်စပို့စာအုပ်ထုတ်ပေးမှာ ဟု သိခဲ့ရပါတယ်..။လောလောဆယ် သံရုံး တွင်ပတ်စပို့ စာအုပ်ကုန်နေသောကြောင့် ပါမစ်ရှိပြီး စာအုပ်သက်တမ်းလာတိုးသူများကို စာအုပ်အသစ်ထုတ်မပေးနိုင်၍ ယခင်ကလို တံဆပ်တုန်း ထုပေးပါတယ်..။
ဒီအောက်က စာတော့ အရပ်သတင်းဟုမှတ်ပေးပါ..။
သိလိုပါက ကိုယ်တိုင်ဆက်သွယ်၍ စုံစမ်းကြည့်ပါ..။
6P ကဲ့သို့ ပါမစ်ချပေးမယ့် အစီအစဉ် ပြန်ဖွင့်ပေးမယ်လို့ အရပ်သတင်း ကြားနေရပါတယ်..။ထို့အတွက် ပတ်စပို့စာအုပ်များ ကြိုတင်လျှောက်ထား၍ ရနိုင်သည်ဟု ကြားနေရပါတယ်..။စာအုပ်ကို EVERFINE ကုမ္ပဏီတွင်စုံစမ်းလျှောက်ထား ၍ရသည်ဟု ကြားနေရပါတယ်..။သို့ပါသောကြောင့် ထိုကုမ္ပဏီသို့ ဆက် သွယ်စုံစမ်း ကြည့်စေခြင်ပါတယ်..။EVER FINE လိပ်စာမှာ No,19-21 M-floor, Jalan Tun Perak,50000, KL ဖြစ်ပါတယ်..။ဖုန်းနံပါတ် စုံစမ်းနေရပါခြင်း သူငယ်ချင်း တစ်ယောက် LAPTOP ကိုငှား၍ ရေးတင်နေရခြင်းကြောင့် ဖုန်းနံပါတ် သိရပါက ဖြည့်စွက်ရေးပေး ခြင်း သို့မဟုတ် ကွန်မန့် တွင်ချရေး ပေးခြင်း ပြု လုပ်ပါမယ်..။
မလေးရှား ရောက် မြန်မာများအားလုံး အဆင်ပြေ ဘေးကင်းကြပါစေ..။
EVER FINE PH NUMBER က
0320222033 ဖြစ်ပါတယ် ခင်ဗျာ..။
ဧရာဝတီ စေတနာ့ဝန်ထမ်းအဖွဲ့  မလေးရှား

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်