မပာာနန်း+မြန်မာသံရုံး÷စစ်သံရုံး= အလုပ်သမားတွေဆီက ရင်းဂစ် ၁ သန်း ကျော်တွေနဲ့ အလဲလှယ်ပြုမှာလား တရားဥပဒေရှေ့မှောက်မှာ စစ်ဆေးခံတော့မှာလား

မလေးရှားနိုင်ငံမှာ အခြေစိုက်နေတဲ့ မြန်မာသံရုံး၊ စစ်သံရုံးနှင့် မပာာနနန်းအပါအ၀င် မြန်မာအလုပ်သမားတွေဆီက လိမ်ယူထားတဲ့ မလေး ရင်းဂစ် ၁ သန်းကျော်နှင့် ပါစ်ပို့စာအုပ် ၃၁၉ အုပ်တို့ကို ယူဆောင်ထားပြီတော့ ပါတ်စပို့စာအုပ်ကိုပဲ ပြန်ပေးခဲ့တယ် ပိုက်ဆံတွေကိုတော့ ပြန်မပေးဘဲ မြန်မာလုပ်သမားတွေဆီက လိမ်လည်ယူထားတဲ့ပိုက်ဆံတွေ ဖြစ်ပါတယ်။

ထိုလိမ်လည်မှုတွင် ပါဝင်ပတ်သက်ခဲ့တဲ့ မလေးရှားမှာ တာဝန်ထမ်းဆောင်စဉ်တုန်းက မြန်မာအသံမတ် ဦးတင်လတ်နှင့် သံရုံးဝန်ထမ်းတွေအပါအ၀င် မြန်မာနိုင်ငံကနေ လာရောက်ဖွင့်လှစ်ထားတဲ့ လှိုင်သာယာမြို့နယ်ရှိ ( ဇွဲသုခ ပြည်ပအလုပ်အကိုင်နှင့် အထွေထွေဝန်ဆောင်မှု ကုမ္ပဏီလီမီတက် လိုင်စင်အမှတ်-၁၁၇/၂၀၀၈ ) ကုမ္ပဏီနာမည်ခံ မပာာနန်းလုပ်ငန်းပိုင်ရှင် စမ်းငယ်ငယ်နှင့်အတူ ဆုစန္ဒီဦး စမ်းစမ်းဝင်းတို့အပါအ၀င် လက်ရှိ နေပြည်တော်မှာ လိမ်လည်မှုနဲ့ အရေးယူခံထားရတဲ့ မြန်မာသံအမတ် ဦးတင်လတ်တို့ ဇနီးမောင်တွေပါ ပါဝင်ပတ်သက်ခဲ့ကြသည်။

မပာာနန်းကနေပြီ မြန်မာအလုပ်သမားများဆီ 6P အစီအစဉ်ပြုလုပ်စဉ်အခါက ပါမစ်သက်တမ်းတိုးဖို့အတွက် လိမ်ယူထားတဲ့ ပိုက်ဆံတွေ ဖြစ်ပါတယ်၊ ဒီပိုက်ဆံတွေကို ပြန်မပေးဘဲ မြန်မာသံရုံးနဲ့ စစ်သံရုံးတို့ ပူးပေါင်းတော့ ဝေးစား မျှစား ပြုလုပ်သွားကြသည်၊ မြန်မာအလုပ်သမားတွေရဲ့ လိမ်ထားတဲ့ ပိုက်ဆံတွေကို ပြန်လည်ရရှိအောင် ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့လူတွေအားလုံးကို အရေးယူဖို့အတွက် မလေးရှားအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ရှေ့နေ ပီတာ ကမ်ဒီယမ်ကနေပြီတော့ မလေးရှားနိုင်ငံတခုလုံးကို ထိန်းချုပ်ထားတဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနချုပ်ရုံးမှာ တိုင်ချက်အသစ်တခုအနေနဲ့ တနလာင်္နေ့မှာ ထပ်မံဖွင့်လှစ်သွားမည်ဟု မြန်မာအလုပ်သမားအဖွဲ့(MMRC)ကို ပြောဆိုခဲ့သည်။

မပာာနန်းကနေပြီ မြန်မာအလုပ်သမားတွေဆီက လိမ်ယူထားတဲ့ ပိုက်ဆံတွေကို ပြန်မပေးသည့်အတွက် ယခုနှစ် အောက်တိုဘာလတုန်းက မပာာနန်းစားသောက်ပိုင်ရှင်က ကိုယ့်ဆိုင်ကို ဂက်အိုး ၂ လုံးနှင့် ဖောက်ခွဲရန်အတွက် မီးရှုပြီတော့ ထွက်ပြေးသွားသည်ကို ဘေးနာရှိနေတဲ့ မြန်မာဆိုင်တွေက မြင်တွေ့သွားတဲ့အတွက်ကြောင့်မို့ မပာာနန်းစားသောက်ဆိုင် မီးလောင်းနေတဲ့ပာာတွေကို ၀ိုင်ဝန်ငြိမ်းသတ်ပေးခဲ့ကြသည်။

မပာာနန်းပိုင်ရှင်ကနေပြီ ကိုယ့်ဆိုင်ကို မီးရှုဖောက်ခွဲပြုလုပ်သည့်အတွက် ဒမ်ဝမ်ကီ ဧရိယာမှာဖြစ်သည်မို့ မီးသတ်နှင့် ရဲ ရောက်လာခဲ့ပြီ မီးရှု့ထားတဲ့ KDN စာရွက်နှင့် သံရုံးက ထုတ်ပေးထားတဲ့ ပါတ်စပို့တင်လျှောက်တဲ့ လျှောက်လွှာရွက်တွေကို မီးသတ်နဲ့ ရဲ တွေက ဓာတ်ပုံ မှတ်တမ်း ရိုက်ယူသွားခဲ့ပြီ စာရွက်စာတမ်းအားလုံးကို ဒမ်ဝမ်ကီ ရဲ စခန်းမှာ သိမ်ဆည်းထားသည်။
မပာာနန်းက ကိုယ်ဆိုင်ကို မီးရှုဖောက်ခွဲတာကို အမှန်တကယ်မပြောဆိုပဲနဲ့ မပာာနန်းစားသောက်ဆိုင်ပိတ်သွားသည်ဟု သတင်းလွင့်ကာ မြန်မာအလုပ်သမားတွေကို ထင်ရောင် ထင်မှာဖြစ်အောင် လုပ်ကြံပြောဆိုသွားခဲ့သည်၊

မြန်မာရွှေ့ပြောင်းကူညီစောင့်ရှောက်ရေးစင်တာ (MMRC) အဖွဲ့က ကိုလတ်နှင့် ကိုရန်နိုင်ထွန်းတို့က ဒီမပာာနန်းရဲ့အမှုကို ၀ိုင်ဝန်လိမ်လည်ပေးတဲ့ မြန်မာသံရုံးနဲ့ စစ်သံရုံးတို့ကို အဓိက တရားခံ သူတို့ ဖြစ်တယ် ဒီမပာာနန်းရဲ့လိမ်လည်တဲ့အမှုကို အရေးယူဖို့အတွက် မလေးရှားမှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်ပ အေဂျင်စီ ကိုယ်စားလှယ် သံအရာရှိ ကိုစိုးဝင်းနှင့် တွေ့ဆုံစဉ်အခါက ဒီလိမ်လည်အမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သံရုံးက သံအမတ် ဦးတင်လတ်တို့ စစ်သံရုံးက ၀န်ထမ်းတွေနဲ့ သံရုံးဝန်ထမ်းတွေအားလုံးက ခြစား လာဘ်စား ဖြစ်နေကြတယ်။ ကိုစိုးဝင်းလည်း ကျနော်တို့ အသိပေး ပြောပြခဲ့ပြီးပြီ ဖြစ်တယ် “ခင်ဗျာ ဒီအမှုကို မဖြေရှင်းနိုင်ရင် ကျနော်တို့ဒီအမှုကို ဆက်လက်အရေးယူမှု ပြုလုပ်သွားမည်”ဟု မြန်မာအလုပ်သမားအဖွဲ့(MMRC)မှကိုလတ်နှင့် ကိုရန်နိုင်ထွန်းတို့က သူရိယဂျာနယ်ကို ပြောသွားခဲ့သည်။

မလေးရှားမှာရောက်နေကြတဲ့ မြန်မာအလုပ်သမားတွေက သူတို့မှာ မလေးရှားနိုင်ငံမှာ တရားမ၀င်နေထိုင်နေရတဲ့အတွက်ကြောင့်မို့ သူတို့မှာ လုံခြုံမရှိခဲ့ဘူး သူတို့ဘ၀ လုံခြုံဖို့အတွက် 6P အစီအစဉ်နဲ့ ပါတ်စပို့စာအုပ်လုပ်ကြပါတယ် ဒီအခွင့်အရေးကိုအသုံးချပြီတော့ ဒီမြန်မာအလုပ်သမားတွေကို လိမ်ပြီလုပ်သွားဆိုတာ လူကြားလို့မှမကောင်းဘူး မလေးရှားမှာ အဖမ်းအဆီးကိုကြောက်ရွံ့ပြီ ၀မ်ရေးရပ်တည်ဖို့အတွက် ရုဏ်ကန်ရှာဖွေနေရတဲ့ဘ၀ကို မြန်မာအလုပ်သမားတွေရဲ့ ထောက်ထားစာနာစိတ်ထားရှိဖို့လိုတယ် ။ သူတို့တွေ အမှန်တကယ် လုပ်ဆောင်ပေးမဲ့ အလုပ်သမားတွေရဲ့ပြဿနာတွေကို မြန်မာသံရုံးက အရေးယူမှုကို မပြုလုပ်တဲ့အပြင် မပာာနန်းနှဲ့ ပေါင်းပြီတော့ အကျင့်ပျက်နေတဲ့ ၀န်ထမ်းတွေကို မလေးရှားမှာ ဘာလို့ တာဝန်ထမ်းဆောင်ခိုင်းသေးတာလဲ လာဘ်ထိုး ခြစားမှုရှိတဲ့ ၀န်ထမ်းတွေကို မလေးရှားကို မစေလွှတ်သင့်ဘူး။

ယနေ့ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲလုပ်နေပါတယ်ဆိုတဲ့ ဦးသိန်းစိန် အစိုးရကသာ ပါးစပ်ကပြောဆိုနေပေမဲ့ အောက်ခြေ၀န်ထမ်းတွေမှာ တကယ်လက်တွေ့ ၀န်ကြီးဌာန အတော်တော်များများက ခြစား လာဘ်စားမှုဆက်ရှိနေတုန်းပဲ ဘာမှတိုးတက်ပြောင်းလဲမှုမရှိသေးပါဘူး တိုင်းပြည်ကို တကယ့်စိတ်ရင်စေတနာရှိတဲ့ ပြုပြင်ပြောင်းလဲချင်ရင် အရင်ဆုံး ခြစား လာဘ်စားတဲ့ ခန့်အပ်ထားတဲ့ ၀န်ကြီးဌာနနှင့် ၀န်ထမ်းတွေကိုပါ သေချာစီစစ်ဖို့လိုတယ် ဒါမှ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲလို့ရမယ် ဒီလို ကိုယ်ကျိုးအတွက် လုပ်နေတဲ့ ၀န်ကြီးတွေ ၀န်ထမ်းတွေ ရှိနေသ၍ မြန်မာပြည်အတွက် ပြုပြင်ပြောင်းလဲနေတဲ့ ဦးသိန်းစိန် အစိုးရအတွက် ဘာမှ ထူခြားလာမဟုတ်ပါဘူး ။

မလေးရှားမှာ အခြေစိုက်နေတဲ့ သူရိယဂျာနယ်ကို မပာာနန်းရဲ့ ဖေ့ဘွတ်မှာ လူမျိုးရေးနဲ့ ဘာသာရေးအသွင်ဆောင်ရန် လုပ်ကြံမှုသတင်း ပုတ်ခတ်ရေးသားဖော်ပြထားသည်။
မလေးရှားနိုင်ငံကို အကြောင်းမျိုးမျိုးကြောင့် ရောက်ရှိလာခဲ့တဲ့ မြန်မာနိုင်ငံးသားအားလုံးအတွက် အသိအမြင်တိုးတက်မှုရှိစေရန် မြန်မာနိုင်ငံသားနှင့်ပတ်သက်တဲ့ သတင်းတွေကို အဓိက ဖော်ပြပေးသည့် ဂျာနယ်ဖြစ်ပါသည်။

သတင်းအမှန် ဖြစ်ရပ်အမှန်တွေကို ဖော်ထုတ် ရေးသားပြထားသည့် ဂျာနယ်ဖြစ်သလို မလေးရှားမှာရှိနေတဲ့ မြန်မာလူမျိုးများအချင်းချင်း အလိမ်ခံမှုမဖြစ်စေရန် မလေးရှားအလုပ်ရှင်သူဌေးနဲ့ လူအေဂျင်းလူလိမ်ပွဲစားတွေရဲ့ မြန်မာအလုပ်သမားများအတွက် သက်ဆိုင်ပတ်သက်တဲ့ သတင်းတွေကိုသာ ရေးသားဖော်ပြခြင်းဖြစ်သည်။

မပာာနန်းရဲ့အမှုကို ၀ိုင်ဝန်လိမ်လည်ပေးတဲ့ မြန်မာသံရုံးနဲ့ စစ်သံရုံးတို့လည် မြန်မာအလုပ်သမားဘက်ကနေ ရပ်တည်မှုမရှိပဲ ကိုယ့်မိသားစု ကောင်းစားရေးအတွက် တခုသာ ကြည့်တာကြောင့်မို့ ယနေ့ သင့်တို့ စားနေတဲ့ ထမင်းက ပြည်သူလူထုက ကျွေးထားထမင်း ပြည်သူလူထုအတွက် အလုပ်ကျွေးမပြုဘဲ ဘာမှမလုပ်တဲ့ ဒီလိုဝန်ထမ်းတွေ မလေးရှားမှာ မခန့်အပ်သင့်ဘူး နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးကို ၀ိုင်ဝန် ထိုင်ပြီ သုံးဖြုန်းနေသလိုဖြစ်နေတဲ့အတွက်ကြောင့်မို့ သင့်တို့ ဥပဒေဘောင်ထဲက လွတ်အောင်ပြေးဖို့တာ မရှိတော့ဘူ အမှန်းတရားဘက်ကနေပြီတော့ အလိမ်ခံထားရတဲ့မြန်မာအလုပ်သမားတွေအတွက် ဆက်ပြီတော့ လုပ်ဆောင်ပေးသွားမှာဖြစ်ပြီ ကျနော်တို့တတွေ တရားဥပဒေရှေ့မှောက်မှာ မာမာမတ်မတ် ရပ်တည်ပေးသွားမည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ရေးစင်တာအဖွဲ့(MMRC)က သူရိယဂျာနယ်ကို ထုတ်ဖော်ပြောဆိုသွားသည်။

( ဒီသတင်းပတ်သက်ပြီတော့ ကျေနပ်မှုမရှိပါက မြန်မာသံရုံးနှင့် စစ်သံရုံး မပာာနန်းအပါအ၀င် ကြိုက်တဲ့ဌာနကနေ တရားစွဲမယ်ဆိုနိုင်ကြောင်းအသိပေးသည် လာရောက်ဖြေရှင်းဖို့အတွက် အသင့်ပါ။)
Written by; MMRC and Thuriya +60163210966 +6012 688 4377”

https://www.facebook.com/thuriyanewsjournal/posts/10201807696847342

0 မှတ်ချက်များ: