မလေးရှား သတင်း (11.1.2014)
မလေးရှားအစိုးရ၏ OPS 6P အစီအစဉ်ရဲ့ ဒုတိယ amnesty ခေါ် ဒုတိယမိ ပါမစ်မရသူ အေးဂျင်းအလိမ်ခံရသူများ သူများကို ပါပစ်လုပ်ပေးမယ့် အစီအစဉ်မှာလာမည် ၂၀. ၁. ၂၀၁၄ တွင်ပြီးဆုံးမည်ဖြစ်သည် ။
ထို အစီအစဉ်တွင် ကြော်ငြာထားသလို ပါမစ်မရသူများ ရဲစခန်းတွင်သွားရောက် သတင်းပို့ ကာ ပါမစ်ပြန်လည်လျှောက်ထားသော်လည်း OSC ခေါ် ပူထရာဂျာရာ ပြည်ထဲရေး ဝန်ကြီးဌာရှိ ပါမစ်လျှောက်ထားရန် ဌာနသည် မလေးရှားအစိုးရမှ သတ်မှတ်ထားသည့် အေးဂျင်းများထဲမှ လိမ်လည်သော အေးဂျင်းများထံတွင် ငွေသွင်းထားသူများကိုသာ လက်ခံခဲ့ကြောင်းသိရသည် ။
အခြားသော လက်ဝေခံ အေးဂျင်းများလိမ်လည်မှုကိုမူ မဆောင်ရွက်ပေးခဲ့ပါ ။ ဥပမာ 6P ကာလတွင် လက်ဗွေနှိပ်ထားသည့် စာရွက်ပေါ်မှ ကုမဏီ လိမ်လည်ပါက လက်ခံသည် ။ ထိုကုမဏီ မဟုတ်ပါက မဆောင်ရွက်ပါ ။
မသို့ဖြစ်စေ ထိုအစီအစဉ်အရ ပါမစ်ရရှိသူ များများစားစား မကြားခဲ့ရပါ ။
ယခု မလေးရှား နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးပွဲတော်ဖြစ်တဲ့ တရုတ် နှစ်သစ်ကူး မတိုင်မီ ကွာလာလမ်ပူ မြို့အတွင် ရှိ တရားမဝင် နေထိုင်သူများကို ဖမ်ဆီးရေး အစီအစဉ် စတင်နေကြောင်း ယနေ့သတင်းစာများတွင် ဖော်ပြသွားခဲ့သည် ။
ထိုအစီအစဉ်အတွက် Bukit Amen ရဲစခန်းပိုင်ဒေသမှ အာဏာပိုင်များ ဖွဲ့စည်းထားသည် အထူး ဖမ်းဆီးရေး အဖွဲ့သည် ကွာလာလမ်ပူ မြု့အတွင်း ယခုတရုတ် နှစ်ကူး ရာသီအထိ ဖမ်းဆီးနေမည်ဖြစ်ကြောင်းသိရသည် ။
အစိုးရ၏ ကြော်ငြာချက်အရ တရားမဝင်နေထိုင်သူများ ၊ Gang အဖွဲ့ဝင်များကို ရှာဖွေဖမ်းဆီးနေဆဲဖြစ်သည်ဟု ကြော်ငြာသွားခဲ့ပြီး ယမာန်နေ့ ည တစ်လျှောက်လုံး ကွာလာလမ်ပူမြို့ မြန်မာဆိုင်များ အနီး ဖြစ်သော ကွာလာလမ်ပူ တရုတ်တန်း ( Jalan Pataling ) တွင် အထူးဖမ်းဆီးမှုများ ပြုလုပ်သွားခဲ့သည် ။
ထို့အတူ ယခု နှစ်ကူးအတွက် သာမက မလေးရှားနိုင်ငံ၏ ခရီးသွားနှစ်ဖြစ်သည့် ၂၀၁၄ တွင်မလေးရှားနိုင်ငံသို့လာရောက်လည်ပတ်မည့် နိုင်ငံတကာ ခရီးသွားများ ကို အနှောက်ယှက်မဖြစ်စေရန် လိုအပ်သော ဖမ်းဆီမှု များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ယနေ့ထုတ်သတင်စာများကဖော်ပြထားသည် ။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက်မူ ယခု ဖမ်းဆီးမှုသည် ယခင် OPS 6P လို စိုးရိမ်ကြောက်လန့်မှုမရှိရန် မလေးရှားရောက်မြန်မာများ စာမျက်နှာမှ အထူး လှုံ့ဆော်သည် ။
ယခုဖမ်းဆီးမှုတွင် လုံးဝအထောက်အထား မရှိသူများ ၊ အထောက်အထား အတု ကိုင်ဆောင်ထားသူများ ၊ မလေးရှာအစိုးရမှ စာရင်းရယူထားသော ဂိုင်းစတားများ ကို ရှာဖွေဖမ်းဆီး ခြင်းဖြစ်ပြီး တရားဝင်နေထိုင်သူများ ကိုမူ အထောက်အထား မိတ္တူ မှန်ပြနိုင်ပါက လုံးဝဖမ်းဆီးမှုမပြုကြောင်းတွေ့ရသည် ။ ထို့အတူ UN ကဒ်ကိုင်ဆောင်ထားသူများကိုလည်း ဖမ်းဆီးမှုမပြုခဲ့ကြောင်းသိရသည် ။
မလေးရှားရောက် မြန်မာများအတွက် ဖမ်းဆီးမှုများ ပြုလုပ်သည်ဖြစ်စေ မပြုလုပ်သည်ဖြစ်စေ လိုအပ်သော တရားမဝင် နေထိုင်သူများအားလုံး မိမိတို့ ဆိုင်ရာ အလုပ်ရှင် များထံတွင် ပါမစ် မိတ္တူ ၊ ပတ်စပို့မိတ္တူ များတောင်းယူထားကာ ထို မိတ္တူများတွင် ဆိုင်ရာ ကုမ္မဏီ (သို့) အလုပ်ရှင် ၏ လုပ်ငန်းတံဆိပ်တုံး ထုထားပေးရန် တောင်းဆိုသင့်သည် ။ ထို့သို့ သပ်ရပ်သော မိတ္တူ နှင့် အလုပ်ရင်သူဌေး၏ လုပ်ငန်းတံဆိပ်တုံးပါ ရှိနေပါက တော်ရုံ အဖမ်းမခံရတတ်ပါ ။
အချို့သော မြန်မာနိုင်ငံသားများ ကေအယ်လာရာတွင် ပတ်စပို့ မိတ္တူ အပြဲ ၊ ခေါက်ရိုးကြိုး ၊ ပါမစ် ပြဲ များဖြစ့် လာသူများစွာရှိသည် ။ ထို့သို့ စာရွက်စာတမ်းအထောက်အထား ချို့တဲ့ ပြီး ပါးစပ်တွင် ကွမ်းအပြည့်ဖြင့် ကိုးယိုးကားယား နေပါက တစ်ရက်မဟုတ် တစ်ရက် ရဲဖမ်းခံရမည်မှာသေချာသည် ။ အော်ပရာစီ အထူးမလို ။
မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ မည်သို့ မှန်သည်ဖြစ်စေ ၊ မမှန်သည်ဖြစ်စေ မြို့တွင်းသို့ သွားရောက်လည်ပတ်ပါက သပ်ရပ် စွာ ဝတ်စားဆင်ယင်မည် ၊ အထောက်အထား ပြည့်စုံမည်ဆိုပါ က ကေအယ်သာမက မည်သည့်နေရာမဆို စိတ်ချလုံခြုံစွာ သွားရောက်လည်ပတ်နိုင်မည်ဖြစ်သည် ။ မိမိတို့နေထိုင်ဟန်သည် မိမိအတွက် ပြယုဂ် ဖြစ်သည် ။ ဘာမှမရှိသူများအဖို့မူ ယခု မြန်မာသံရုံးတွင် ပတ်စပို့ ထုတ်ပေးနေသာ အစီအစဉ်တွင် ဝင်ရောက် လျှောက်ထားရန် တိုက်တွန်းသည် ။ အကယ်၍ နှစ်သစ်ကူးပြီး ပါမစ်ပြန်လည်ချပေးသည့် အစီအစဉ် ရှိလာပါက ပါစပို့ ရှိလျှင် ပါမစ်လျှောက်ရန် လွယ်ကူသည် ။
ဆက်လက်ပြီး မြန်မာနိုင်ငံသားများအတွက် သိသင့်သော မြန်မာ အစိုးရကြော်ငြာချက်များ ၊ မလေးရှားအစိုးရကြော်ငြာချက်များ နှင့် ပါမစ်ကိစ္စ များရှိလာပါက မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာမှ ပြည့်စုံစွာတင်ဆက်ပေးနေမည် ။
့
မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာ
www.facebook.com/mmrinmy
ဓာတ်ပုံ ။ ။ တရုတ်တန်းတွင် ဝင်ရောက်ဖမ်းဆီးနေပုံ (
Source / / Thestar , NST , Banama

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်