ကလေးတွေကို ဘယ်လိုပြောရမလဲ..

ပျောက်ဆုံးနေသော မလေးရှားလေယာဉ် MH - 370 အား ရှာဖွေနေသည်မှာ လေးရက်ရှိနေပြီ ဖြစ်သော်လည်း သဲလွန်စ မရသေးတာကြောင့် လေယာဉ်ပေါ်ပါသွားသူများရဲ အချစ်ရဆုံးသူတွေကို ဒီသတင်းဆုံးကြီးအား ဘယ်လို လှည့်ပတ် ပြောပြရမယ်ဆိုတာ ကျန်ရစ်သူမိသားစုဝင်တွေအနေနဲ့  အခက်ကြုံနေကြပါတယ်။

လေယာဉ်ပေါ်ပါသွားတဲ့ S Puspanathan ရဲ့ သားလေးကတော့ သူ့ အဖေဟာ စီးပွားရေးကိစ္စနဲ့ ခရီးထွက်နေတယ်လို့ ပဲ ထင်နေပါတယ်။ ညီမဝမ်းကွဲဖြစ်သူ S Puvaneswary က ၃ နှစ်သားအရွယ် သူ့ တူလေးဟာ သူ့ အဖေ စီးပွားရေးကိစ္စနဲ့  ခရီးထွက်နေတယ်လို့ သူ့ အမေပြောစကားကို ကလေးက ယုံကြည်နေတုန်းပါပဲ။ ဒါပေမယ့် ကျွန်မတို့  ဘယ်လောက်ကြာကြာ သိုဝှက်ထားနိုင်မှာလဲ။ ကလေးက သူ့ အဖေကို သိပ်ချစ်ပြီး အမြဲတမ်း တမေးတည်း မေးနေတတ်တာ လို့  Everly Hotel မှာ The Star သတင်းစာနဲ့ တွေ့ ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

အရမ်းဝမ်းနည်း ခံစားရပါတယ်။ ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင် မကြာခင် သူပြန်လာမယ်လို့  မျှော်လင့်မိပါတယ်။

Tong Soon Lee, ၃၁ နှစ်ရဲ့ ဦးလေးဖြစ်သူကတော့ Tong လေယာဉ်ပေါ်ပါသွားတဲ့ အဖြစ်ကို သူ့ ရဲ့ ချစ်လှစွာသော အဖိုးဖြစ်သူအား မပြောပဲ လိမ်ထားရကြောင်း ပြောဆိုပါတယ်။

သူ့ အဖိုးကို ပေးသိလို့ မဖြစ်ဘူး။ ခံနိုင်ရည်ရှိမှာမဟုတ်ဘူးလို့  အမည်မဖော်လိုတဲ့ Tong ရဲ့ ဦးလေးက ပြောဆိုပါတယ်။

ဓါတ်ပုံ - MH-370 လေယာဉ်ပေါ် ပါသွားသောခရီးသည်ရဲ့ မိသားစုဝင်တစ်ဦး ငိုကြွေးနေပုံ ( Photo: Reuters ) 11-Mar-2014 http://www.todayonline.com/

0 မှတ်ချက်များ: