ဆန္ဒပြသည့်ပြည်သူများအား ကာကွယ်ပေးလျက်ရှိနေသော Rescue Task Force အဖွဲ့သို့ လှူဒါန်းခဲ့သော သရုပ်ဆောင်နေခြည်ဦး၏ အလှူငွေလှူဒါန်းမှုကို လက်မခံဘဲ ပြန်လွှဲပေးခဲ့ကြောင်း ယင်းအဖွဲ့၏ ဖေ့စ်ဘွတ်ခ် ၌ ကြေညာချက်အရ သိရှိရသည်။
ယူနီဖောင်းများနှင့် အကာအကွယ်ပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် Rescue Task Force အဖွဲ့သို့ သရုပ်ဆောင် နေခြည်ဦးက အလှူငွေငါးသိန်း လှူဒါန်းခဲ့ခြင်းဖြစ်ပြီး သူမသည် စစ်တပ်အသိုင်းအဝိုင်း နှင့် ဆက်စပ်နေသူတစ်ဦးဖြစ်၍ Social Punishment ပြုလုပ်သည့်အနေဖြင့် သရုပ်ဆောင်နေခြည်ဦး၏ အလှူငွေကို လက်မခံသင့်ကြောင်း ထောက်ပြဝေဖန်မှုများရှိသဖြင့် သူမ၏ အလှူငွေကို ပြန်လည်လွှဲပေးခဲ့ကြောင်း ယင်းအဖွဲ့မှ မှတ်ချက်များ ပြန်လည်ရေးသားထားသည်။
အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ရေးသားထားသောပို့စ်ကို မတ်လ ၁ ရက် ညနေ ၅ နာရီကျော်တွင် Rescue Task Force အဖွဲ့၏ ဖေ့စ်ဘွတ်ခ်မှ ပြန်ဖျက်သွားခဲ့ကြောင့် တွေ့ရှိရသည်။
သရုပ်ဆောင် နေခြည်ဦး မိသားစုပိုင် စိမ်းလဲ့တင်နှင့် နေခြည်ဦး၏ Beautybynaychi လုပ်ငန်းများသည် စစ်တပ်ပိုင် လုပ်ငန်းများတွင် ပါဝင်ကြောင်း UN က ထုတ်ပြန်ထားသည်။
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်