မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ်
ပြည်သူ၏လေးစားမှုနှင့်ယုံကြည်မှုကိုမြှင့်တင်နိုင်ရန်ရည်ရွယ်ပြီး
ရာထူးများကို နှိမ့်ချရန်
ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတွင်းသတင်းများအရသိရသည်။
ထိုအစီအစဉ်မှာ ရဲစခန်းများ၏ စခန်းမှူးနေရာကို လက်ရှိ ရဲအုပ်များက
တာဝန်ယူလျက်ရှိရာ နောင်တွင် ဒုတိယရဲမှူးများကလည်းကောင်း
မြို့နယ်မှူးတာဝန်ကို ရဲမှူးများကလည်းကောင်း အခြားတာဝန် များကိုပါ
ထိုကဲ့သို့ နိမ့်ချပြောင်းလဲသွားမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်း သတင်းများထွက်ပေါ်လျက် ရှိသည်။
"စခန်းမှူးနေရာကို ကျွန်တော်တို့
ဒု-ရဲမှူးတွေတာဝန်ယူရမယ်။ မြို့နယ်မှူးနေရာတွေကို ရဲမှူးတွေ တာဝန်ယူရမယ်။
ပြည်ုသူလူထုရဲ့ လေးစားမှုကို ရယူဖို့အတွက်လို့တော့ ကြားတယ်။ ဘာမှတော့
သတင်းအတိအကျမထွက်သေးပါဘူး။ ကောလဟလလို့ပဲပြောလို့ရပါသေးတယ်။ အခုတစ်ချို့
ရဲအုပ်တွေ ကို ဒီဝိုင်ကလီးယားတောင်းနေပါပြီ။ ကလီးယားဖြစ်တဲ့သူတွေကို
ဒု-ရဲမှူးနေရာတိုးပေးမယ်။ ဒါနဲ့သက်ဆိုင်မှု ရှိမရှိကိုတော့
အတိအကျပြောလို့မရပါဘူး"ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တစ်ခု၏
မြို့နယ်မှူး တာဝန်ယူထား သော အမည်မဖော်လိုသူ ဒု-ရဲမှူးတစ်ဦးမှ
ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင်
ပြန်တမ်းဝင်အရာရှိအဆင့်တိုးပေးရန် ရဲအရာရှိများကို ၄င်းတို့၏
ရာထူးတိုးစာမေးပွဲ ဖြေ ဆိုပြီးချိန်မှစပြီး တိုးပေးမည့်အချိန်ထိ
ပြစ်ချက်ရှိမရှိ၊ တိုင်ကြားခံရဖူးခြင်းရှိမရှိစသည့်
ဒီဝိုင်ကလီးယားတောင်းခံပြီး ကင်းရှင်းသူများကိုသာ
ရာထူးတိုးပေးခြင်းဖြစ်သည်။
"ကျွန်တော်တို့ ရဲအုပ်တွေကို
ဒီဝိုင်ကလီးယားတောင်းနေတာတော့မှန်ပါတယ်။ ဒါက ကျွန်တော်ကြားတာပါ။ သေ
ချာတိတိကျကျတော့ မဟုတ်ပါဘူး။ တာဝန်တွေကို နိမ့်ချမယ်ဆိုတာလည်း ကြားပါတယ်။
သေချာသလောက်တော့ ရှိပါတယ်။ အဲဒါတွေ ထက်
လစာတွေတိုးမယ့်သတင်းတွေကိုပဲ ကြားချင်ပါတယ်။ ကျွန်တော်တို့ကလစာတော့ရပါတယ်။
ဒါပေမယ့် တိုင်းနဲ့မြို့နယ်က အချုပ် ခန်းကြေးတို့ ဟိုကြေး
ဒီကြေးဖြတ်တာနဲ့ လစာစလစ်ပဲထွက်လာပါတယ်။ အဲဒီစလစ်က လစာအမောင့်ကို
နယ်ထိန်း တွေက လောင်းကစားဝိုင်းတွေဘာတွေဖမ်းပြီး ပြန်ရှာရပါတယ်။ အဲဒီလို
လစာနည်းပါးမှုနဲ့ ရတဲ့လစာ နည်းနည်းလေးကို ဖြတ်တောက်မှုတွေကြောင့်
ရဲဝန်ထမ်းတွေက လာဘ်စားမှုတွေလုပ်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း
ပြည်သူတွေရဲ့ယုံကြည်လေးစားမှုကိုဆုံးရှုံးရတာပါ။ ဒီလို ရာထူးနိမ့်ချမယ့်အစား
လစာတွေ တိုးမြှင်းတာ ဒါမှမဟုတ် ဖြတ်တောက်မှုတွေကိုပယ်ဖျက်ပြီး
မြန်မာနိုင်ငံရဲတပ်ဖွဲရဲ့ ဘတ်ဂျက်ကို တိုးမြင့် ပေးနိုင်ရင်အကောင်းဆုံးပါ
ဒါတွေကို လွှတ်တော်က တင်ပြပေးခြင်း ယနေ့ထက်တိုင်မရှိသေးပါဘူး။"ဟု
နိုင်ငံအတွင်းရှိ မြို့ကြီးတစ်ခုတွင်းတာဝန်ထမ်းဆောင်နေသော ရဲအုပ်တစ်ဦးမှ
ပွင်းလင်းစွာ ရင်ဖွင့်ပြောဆို ခဲ့သည်။
ဒု-ရဲအုပ်တစ်ဦးကတော့ ၄င်း၏
ခံစားချက်ကို ယခုလို ရင်ဖွင့်ပြောပြခဲ့ပါသည်။ "အမှုကျတော့ ချက်ခြင်း
ဖွင့်ပေးရမယ်ပြောတာ စာရွက်တောင် အလကား မပေးမှတော့ ကျွန်တော်တို့ စခန်းတွေက
ဘာနဲ့အမှုဖွင့်ပေးမတုန်း။ ကိုယ့်ဘတ်ဂျက်နဲ့ ကိုယ်လုပ်နေရတာလေ။
ဒီဘက်ဂျက်တွေကို ဘယ်ကရမလဲ။ ဒီလိုမှမရှာရင် ကျွန်တော်တို့
တောင်းစားရမှာလား။ မီဒီယာတွေနဲ့ အခြား သူတွေက ရဲတပ်ဖွဲ့က
လာဘ်စားတယ်ပဲပြောနေကြတယ်။ တကယ်တမ်းရဲတပ်ဖွဲ့ဝင်တွေရဲ့ဘ၀နဲ့ မိသားစုအခြေ အနေတွေကို သူတို့နားလည်ကြုံတွေ့ကြရဲ့လား။ ရဲလုပ်တာ
ချမ်းသာချင်လို့လုပ်တဲ့လူတွေမပါပါဘူး။ အများစုက
တိုင်းပြည်နဲ့လူမျိုးအတွက်လုပ်ကြတာပါ။ ဒါပေမယ့် သူတို့မိသားစုတွေရဲ့
ဝမ်းစာအတွက်တော့ ရှာရမှာပဲလေ။ ကျွန်တော်တို့တွေ ရှာရတာက
ကျွန်တော်တို့အတွက်ပဲမဟုတ်ဘူး။ ဒါတွေနဲ့ ကျွန်တော်တို့ မချမ်းသာဘူး။မိသားစုစားရလောက်အောင်ပဲရှိတာ။ လစာကဟိုဖြတ်ဒီဖြတ်နဲ့
ဘာဘက်ဂျက်မှမပေးမှတော့ ကျွန်တော်တို့ လစာဘာမှမကျန်ဘူး။ ခင်ဗျားတို့သာ
ကျွန်တော်တို့နေရာမှာဆိုရင် ဘယ်လိုလုပ်မလဲ။ ထွက်လိုက်ပေါ့ပြောလို့လွယ်တယ်။
ထွက်ရင်ရဲပြေး ထောင်ကျမယ်။ သားသမီးတွေကို ဘယ်သူ ရှာကျွေးမလဲ။
ဘာလို့အစကတည်းကလုပ်လည်းမေးရင် မသိလို့လုပ်တာ။ ခင်ဗျားတို့ကော
ဒါတွေကို သိရဲ့လား?"
ရဲတပ်ဖွဲ့၏လစာများမှ အမှန်တကယ်ရရှိခြင်းသည်
စလစ်စာရွက်လေးတစ်ရွက်သာ ကျန်ပြီး ယင်းလစာ အမှန်နှုန်းထားအတိုင်းကို
နယ်ထိန်းတွေက ပြန်လည်ရှာဖွေပေးရခြင်းဖြစ်ပါတယ်။ ယခုအခါ
လောင်းကစားဝိုင်းများ ကင်းရှင်းနေခြင်းနှင့်
ပြည်သူလူထုမှတိုင်တန်းမှုများကြောင့် လစာပြန်လည် ရှာဖွေပေးမှုအတွက်
အခက်အခဲများစွာရှိနေပြီး ရဲဘော်များ၏ မိသားစုစားဝတ်နေရေးအတွက်
အဓိက ထားပြီး အချို့သောစခန်းမှူးများမှာ ၄င်းတို့ရဲဘော်များ၏
လစာများဦးစွာရရှိရေးအတွက် ၄င်းတို့၏ လစာများကို
စိုက်ရှင်းပေးလေ့ရှိပါသည်။
ထိုသို့စိုက်ရှင်းပေးနေသည့်အတွက် လစာရရှိမှုနည်းပါးခြင်းနှင့်
လုံးဝမရရှိခြင်းတို့ကြောင်း လစဉ် မိသားစုနှင့်
ပြဿနာများရင်ဆိုင်ကြသည်များလည်းရှိကြောင်းသိရသည်။
"စခန်းက ကလေးတွေ
လစာရဖို့အရေးကြီးတယ်။ ကျွန်တော်တို့က လူကြီးလေ ကလေးကို ဦးစားပေးရတာပေါ့။
သူတို့တွေကပင်ပန်းတယ်။ နေပူပူမိုးရွာရွာ လမ်းမှာထွက်ပြီး
ဖမ်းဆီးရေး တာဝန်တွေဆောင်ရွက်နေရတယ်။ သနားဖို့ကောင်းပါတယ်။ ဒါကြောင့်
သူတို့ လစာအပြည်ရဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့
စခန်းမှူးတွေတော်တော်များများကလည်း သူတို့ကို ကျွန်တော်တို့ လစာထဲကပဲ
ဦးစားပေးစိုက်ရှင်းပေးလိုက်ပါတယ်။ နယ်ထိန်းတွေ အဆင်မပြေရင်
လုံးဝမရတော့ဘူးပေါ့။ ဒါကြောင့်တစ်ခါတလေ လစာလုံးဝမကျန်တော့တဲ့အခါ အိမ်မှာ
မိသားစုအတွက်စိတ်ညစ်ရပါတယ်" ဟု ရဲအုပ်တစ်ဦးမှ ပြောပြသည်။
မှတ်ချက်။ ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ အမှန်တကယ်ကြုံတွေ့ခံစားရမှုများကို
သိရှိရစဉ်က ကျွန်တော်နှင့် သူငယ်ချင်းများ အလွန်စိတ်မကောင်းဖြစ်မိပါတယ်။
ထို့အတွက် ပြည်သူလူထု၏ တံထွေးခွက်ထဲ မျှောနေရှာသည့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ဘ၀ဖြစ် ရပ်မှန်များကို သိရှိသမျှ
ပြန်လည် မျှဝေလိုခြင်းဖြစ်ပါသည်။ ပြည်သူအတွက် များစွာအနစ်နာခံကာ
တရားဥပဒေစိုးမိုးရေး ကိုလုပ်ပေးချင် လိုသည့် ဒုက္ခများကို ဆက်လက်ရင်ဆိုင်ကာ
ပင်စင်ယူသည့်အချိန်ထိ လုပ်ကိုင်သွားနိုင်သည့်
ရဲတပ်ဖွဲ့ဝင် များကိုလည်းလေးစားမိပါသည်။ ပြည်သူလူထုအနေဖြင့်လည်း ၄င်းတို့၏ အဆင်မပြေမှုများကို နားလည် ခွင့်လွှတ်ပေးနိုင်ကြပါစေ။
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်