GE ကုမ္မဏီ၏ ယူနစ်တခုဖြစ်သော မြို့ ပြ ဆိုင်ရာလေကြောင်းထုတ်လုပ်မှုလီမိတက် (GECAS) မှ မြန်မာလေကြောင်းလိုင်းအတွက် ခေတ်မှီဂျက်လေယာဉ် Embraer E190 (၂)စီးကို ငှားရမ်းခဲ့သည်။
အဆိုပါလေယာဉ်( ၂)စီးကို လာမည့် နိုဝင်ဘာလနှင့် ဒီဇင်္ဘာလတွင် ရန်ကုန်မြို့သို့ ပိုဆောင်မည်ဖြစ်ကြောင်း GECAS ဥက္ကဌ Norman C.T. Liu ကကြေညာခဲ့သည်။
GE ကုမ္မဏီသည် ပြီးခဲ့သည့်ဂျူလိုင်လအတွင်းက မြန်မာ့အရောင်းကိုယ်စားလှယ်တဦးမှတဆင့် ပုဂ္ဂလိက ဆေးရုံ(၂)ရုံသို့ ခေတ်မှီဓါတ်ရိုက်ကရိယာများနှင့် အခြားစက်ပစ္စည်းများရောင်းချဖို့ သဘောတူညီချက်ရရှိပြီးဖြစ်သည်။
GE ကုမ္မဏီအနေဖြင့် အရပ်ဖက်သုံး စက်မှုပစ္စည်းမျိုးစုံကို မြန်မာနိုင်ငံအတွင်း ရောင်းချခွင့်ရှိသော်လည်း စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများအတွက် စစ်ဖက်ဆိုင်ရာအသုံးပြု ပစ္စည်းများကို အမေရိကန်ဥပဒေအရ ပိတ်ပင်ထားဆဲဖြစ်သည်။
Embraer E190 ခေတ်မှီဂျက်လေယာဉ်ကို မတ်လ၁၂ရက်၊၂၀၀၄ခုနှစ်တွင် ပထမဆုံးပျံသန်းခဲ့ပြီး နိုင်ငံတော်တော်များတွင် အသုံးပြုနေကြပြီဖြစ်သည်။ လေယာဉ်အင်ဂျင်ကို GE အင်ဂျင် (၂)လုံးတပ်ဆင်ထားပြီး တောက်လျောက် (၄၄၄၈) ကီလိုမီတာ ပျံသန်းနိုင်သည်။ လေယာဉ်တွင် စီးပွားရေး ပထမတန်းထိုင်ခုံ(၉)ခုံနှင့် ရိုးရိုးတန်းထိုင်ခုံ (၈၈)ခုံပါရှိသည်။
http://freedomnewsgroup.com/2012/09/25/ge-jet/
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်