နယူးယောက် ရှိ အမေရိကန် ဗဟိုဘဏ် အဆောက် အဦ ကို ဗုံးထောင် ဖောက် ခွဲ မည့် အသက် ၂၁ နှစ်အရွယ်ရှိ ဘင်္ဂလား ဒေရှ် နိုင်ငံ သား ကာဆီ မိုဟာမက် ရဇ်ညူဝယ်(လ) အရှန် နာဖစ် ကို လျှို့ ဝှက်တာဝန်ထမ်းဆောင် မှု ပြု နေသည့် အမေရိကန် ပြည်တွင်းလုံခြုံရေး အဖွဲ့  ၀င်များ ၏ အကူ အညီ ဖြင့်ဖမ်းဆီး နိုင်ခဲ့ သည် ဟု Fox သတင်း ရုပ်သံ က ထုတ် လွှင့် ခဲ့ သည်။
ပေါင် တစ်ထောင် အလေး ချိန် ရှိသည့် ဗုံး ကို လစ်ဘာတီ လမ်း အမှတ် ၃၃ ရှိ ဗဟိုဘဏ် အဆောက်အဦနား တွင် စနက် တံ ဖြုတ် ပြီး ဗုံးထောင် ဖောက် ခွဲ ရန် ကြံ စည်နေ ချိန် တွင် ဖမ်းဆီး ရမိ ခြင်း ဖြစ်သည်။
နာဖစ် သည် ယခု နှစ်ဆန်း ပိုင်းက ကျောင်းသား ဗီဇာ ဖြင့် အမေရိကန် နိုင်ငံ သို့  ရောက် ရှိ လာခြင်း ဖြစ် ပြီး ဇူလိုင် လ တွင် နိုင်ငံ တကာ အကြမ်း ဖက် ကွန်ယက် အဖွဲ့  ဖြစ်သည့် အယ်(လ)ကာယီးဒါး နှင့် အဆက်အသွယ် ရရှိ ပြီးနောက် ထို အဖွဲ့  ၏ လမ်းညွှန် မှု ဖြင့် ဗဟို ဘဏ် အဆောက် အဦ ကို ဖောက် ခွဲရန် ကြံစည်ခဲ့ ခြင်းဖြစ်သည်။
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်