တံခါးပိတ် စီးပွားရေး စနစ် နှင့် စစ်အာဏာရှင် အစိုးရ အုပ်ချုပ် ခဲ့ စဉ် က မြန်မာ တို့  သည့် နိုင်ငံ တကာ ကစားကွင်း အတွင်း သို့  ပါဝင် ဆင်နွှဲ ရန် အခွင့် မသာ သောကြောင့် နိုင်ငံ တွင်း နှင့် မြန်မာ ပြည်သူများ အတွက် သာ ၎င်း တို့  ၏ အစွမ်း အစ ကို ပြ ခဲ့ ရသည်။ ထို့  အတွက် ကြောင့် ဘောလုံး စကား နှင့် ပြောရ လျှင် အိမ် ကွင်း တွင်း သာ လူ စွာများ ဖြစ် ကြ ပြီး အဝေး ကွင်း တွင် မျက် နှာ ပန်း မလှ တနည်းအားဖြင့် ဆိုသော် ပွဲ မတိုး ဖြစ်ခဲ့ ကြရသည်။
အဓိက အားဖြင့် မျိုးဆက် သစ် လှိုင်း တို့  ၏ တွေး ခေါ် ရှု မြင်ပုံ ၊ ရည်မှန်းချက် အယူအဆ နှင့် သဘောထား စိတ်ကူး များ သည် ခောတ်ဟောင်း က မြန်မာ တို့  နှင့် လုံးဝ ပင် ဆန့် ကျင် ဘက် အနေအထားဖြစ်နေကြသည်။
နိုင်ငံတွင်း ဉ် လူစွာ လုပ် နိုင်ခဲ့ သော သူများ မှ တစ်ချိန် က မော်ကြည့် ခံ ဘ၀ မှ အိမ်နိမ့် စံ အဖြစ် သို့ တဖြည်းဖြည်း ရောက်ရှိ သွား ပြီ ဖြစ်သည်။
“ကမ္ဘာ့ စင်မြင့် ထက် မဟုတ် သည့် တိုင်အောင် နိုင်ငံ တကာ အဆင့် တွင် ပါဝင် နိုင်ခြင်း မရှိ ပါ က မှတ်ကျောက် တင် ခံရသည့် အရည် အသွေး မဟုတ်သေး ဟု” ဂျာဗား ကွန်ပျုတာ ပရိုဂရမ် မာ တစ်ဦး ဖြစ်သူ ကို ကျော်သူရဦး က FNG ကို ပြောသည်။
နောက်တွင် ပို၍ ပွင့်လင်း မှု များ ဖြစ်လာသည့် အခါ မိမိ နှင့် အပြိုင် ကစား ရမည့် သူများ သည် အဘက်ဘက် က အရည် အသွေး ထက် မြက် နေသည့် နိုင်ငံ တကာ အတွေ့ အကြုံ ရှိ များ ဖြစ်ကြ ရာ အစစ အရာရာ ပြင်ဆင် ထား ဖို့  အရေး ကြီး သည်။
မြန်မာ နှင့် လုံးဝခြား နား သည့် နိုင်ငံ တကာ ကစား ကွင်း တွင် အောင်မြင် မှု အတွက် ရိုးသားမှု မရှိစွာ အားထုတ်သည့် အလေ့အထ များ ဖြစ်သည့် ၊ လာဘ် သပ် ပကာ ထိုးခြင်း ၊ ရင်းနှီး မှု ရယူခြင်း တို့  မရှိရာ ထိုယဉ်ကျေးမှု အမြစ် တွယ် နေသည့် မြန်မာ များ အတွက် အတော် ပင် ခက် ခဲ အုံး မည် ဟု ဆို ၍ ရ နိုင်သော် လည်းတဖြည်းဖြည်း ချင်း တိုးတက် ပြောင်းလဲ မှု က နိုင်ငံ တကာ တွင် ထင် ပေါ် စေလိမ့်မည်။
တရုတ် ၊ အိန္ဒိယ ကို မဆိုထားဘိ မြန်မာ နှင့် အိမ်နီးချင်း နိုင်ငံ ဖြစ်သည့် ထိုင်း နိုင်ငံ ပင် လျှင် နိုင်ငံ တကာကစား ကွင်း တွင် ၀င်ရောက် နေသည် မှာ ဆယ် စု နှစ် နှစ် ခု နီး ပါ ပင် ဖြစ်သည်။
မြန်မာ တို့  အတွက် နိုင်ငံ တကာ သို့  ထိုးဖောက် ရန် မှာ အနု ပညာ နယ်ပယ် သာမက ထုတ်ကုန် ပစ္စည်းများလျှပ်စစ် နှင့် စက်မှု ၊ ဆေးဝါးများ စသည့် ထုတ် ကုန် များ အထိ နိုင်ငံ တကာ တွင် ထိုးဖောက် နိုင် ဖို့  ရည်မှန်းချက် ထား နိုင်ရပေမည်။
ယခင် က လို ပြည်တွင်း ဈေးကွက် မှာ ပင် လူ စွာ လုပ်သည့် ခောတ် ကတော့ ကုန်သွား ပေပြီ။
http://freedomnewsgroup.com/2012/10/11/miss-nankhinzyar/#jp-carousel-29424
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်