Person of the Year အဖြစ် အမေရိကန်သမ္မတ ဘားရက်အိုဘားမားကို ရွေးချယ်

ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်း၏ ၂၀၁၂ ခုနှစ်အတွက် Person of the Year အဖြစ် အမေရိကန်သမ္မတ ဘားရက်အိုဘားမားကို ရွေးချယ်ကြောင်း တိုင်းမ်မဂ္ဂဇင်းက ဒီဇင်ဘာ ၁၉ ရက်တွင် ကြေညာသည်။

အမျိုးသမီးများပညာသင်ကြားရေးအတွက် ပြောဆိုခဲ့၍ တာလီဘန်တို့၏ သေနတ်ဖြင့် ပစ်ခြင်းခံခဲ့ရသော မာလာလာ၊ Apple Inc. ၏ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်၊ အီဂျစ်သမ္မတ မိုဟာမက် မော်စီ၊ အီတလီ ရူပဗေဒပညာရှင် ဖာဘီအိုလာ ဂီရာနော့တီတို့ကို ကျော်ဖြတ်ပြီး အိုဘားမားက တိုင်းမ်မဂ္ဂဇင်း၏ ၂၀၁၂ ခုနှစ်အတွက် Person of the Year အဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် တိုင်းမ်မဂ္ဂဇင်း၏ Person of the Year လျာထားစာရင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲ ပါဝင်ခဲ့သော်လည်း နောက်ဆုံးငါးဦးစာရင် မ၀င်ခဲ့ပေ။

7Day News Journal

0 မှတ်ချက်များ: