မြန်မာနိုင်ငံ သား ရှမ်းပြည်နယ် ဇာတိ နော်ခမ်း အား ယနေ့  နေ လည် ၃နာရီ က တရုတ် အစိုးရ က ကွပ် မျက် လိုက် ပြီ ဖြစ်သည်။ ပုံ တွင် နော်ခမ်း အား ဆေးထိုး ကွပ်မျက် ခြင်း မပြု ခင် အလို မိနစ် အနည်း ငယ် တွင် နောက်ဆုံး တွေ့ ရခြင်း ဖြစ်သည်။
အသက် ၄၄ နှစ် အရွယ် ရှိ နော်ခမ်း နှင့် အတူ ထိုင်း နိုင်ငံ သား ဆာခမ်း၊ လာအို နိုင်ငံသား များ ဖြစ်သူ ယိလိုင် နှင့် ဇာဆိက တို့  ကို လည်း ကွပ် မျက်ခဲ့သည်။ နော် ခမ်း အား သေဒဏ် ပေး ကွပ် မျက် သည် ကို တရုတ် အစိုးရပိုင် CCTV မှ တစ်ဆင့် ထုတ် လွှင့် ပြသခဲ့သည်။
နောက်ခမ်း အား ယမန်နေ့  က တရုတ် အစိုးရ ရုပ်သံ မှ ထုတ် လွှင့်ပြသရာ တွင် သူ့  မိခင် နှင့် ကလေး များ ကို သတိရသည် ဟု ပြောကြား ခဲ့သည်။ နော်ခမ်း ကို သေဒဏ် ပေး ရာ မှာ တရုတ် အစိုးရ လူ့  အခွင့် အရေး ချိုးဖောက် မြန်မာ ပြည်သူ များ ကို လည်း မထေမဲ့မြင် လုပ်ပြရာ ရောက်
နော်ခမ်း နှင့် လေးဦး အား ကွပ်မျက် ခြင်း မပြု မှီ လူမြင်ကွင်း ဉ် စီတန်း လမ်းလျှောက် ပြီး ရုပ်သံ မှ တိုက်ရိုက် ထုတ် လွှင့် ပြခြင်းသည် လူ့  အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်သည် ဟု တရုတ် ပြည်သူ များ နှင့် လူ့  အခွင့် အရေး လှုပ်ရှားသူ များ က ဝေဖန် ထောက်ပြကြသည်။
တရုတ် နိုင်ငံ ၏ သေဒဏ် ပေး များ တွင် နော်ခမ် ကို သေဒဏ် ပေး မှု အားတရုတ် အစိုးရ က ထူးထူးခြား ခြား တိုက်ရိုက် ထုတ် လွှင့် ပြသခြင်းဖြစ်သည်။

0 မှတ်ချက်များ:
မှတ်ချက်ပြုရန်