ပြည်ပထွက်ခွာကြမည့်သူများအပေါ် အစိုးရအဖွဲ့၏ ဖြေလျှော့မှုတစ်ခုဖြစ်သည့် နိုင်ငံခြား ထွက်ခွာခွင့်ပုံစံ (က) (D-Form)
ပြုလုပ်ရခြင်းကို ဧပြီလတွင်ပယ်ဖျက်မည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီပြောကြားချက်အရ သိရသည်။
''တိုင်းရင်းသား လုပ်သားပြည်သူတွေ အလုပ်ရှုပ်သက်သာသွား တာပေါ့ဗျာ။ မဟုတ်ရင်
ပြည်ပသွားတိုင်း (D-Form) ကိုလုပ်နေရ တယ်။ အခုတော့ဒါတွေလုပ်စရာ
မလိုတော့ဘူး။အစိုးရသစ်ရဲ့မူဝါဒ ဖြစ်တဲ့
People Centre ကို ဝိုင်း အကောင်အထည် ဖော်သွားကြမှာပါ''ဟု ဝန်ကြီးဌာန တာဝန်ရှိသူက လည်းပြောသည်။
ယခုပယ်ဖျက်လိုက်သည်မှာ အစိုးရစရိတ်ဖြင့်ပြည်ပထွက်ခွာသူမှလွဲ၍
မည်သည့် ခရီးသည်မဆို မှတ်ပုံတင်အရာရှိထံ စာဖြင့် ပုံစံ(က)(D-Form)
ကိုရယူ၍ ပြည်ပသို့ထွက်ခွာရမည်ဟု ၁၉၄၈ ခု နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က
ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြားသားများ မှတ်ပုံတင်နည်းဥပဒေပုဒ်မ ၁၅/၆ ကို
ပယ်ဖျက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဧပြီလတွင်
(D-Form) စနစ်ပယ်ဖျက်ရာ တွင် မြန်မာပြည် ရောက်နိုင်ငံခြားသားများပါ
ပြည်ပသို့ ပြန်လည်ထွက်ခွာပါက (D-Form) ရယူစရာလိုတော့မည် မဟုတ်ဟု သိရသည်။ယခင်ကရောက်ရှိသည့် ကာလတစ်လအတွင်းမှလွဲလျှင် တစ်လကျော်ပါက (D-Form) ကို ရယူပြီးမှသာ ပြန်လည်ထွက်ခွာခွင့်ပြုခဲ့ သည်။
ပုံစံ(က) (D-Form) ပြုလုပ်ရာ တွင် အစိုးရဘဏ်သို့ ငွေကျပ် ၂ဝဝ
သာထွက်ခွာသူက ပေးသွင်းရသော်လည်း ပြင်ပတွင် အွန်လိုင်းဝန်ဆောင်မှုကြောင့်
ဆောင်ရွက်ပေးသူကို ငွေကျပ် ၁ဝဝဝ၊ ၁၅ဝဝ အထိ ပြည်ပထွက်ခွာမည့်သူက
ပေးဆောင်ခဲ့ရသည်။နိုင်ငံခြားသားများ မှတ်ပုံတင် နည်းဥပဒေပုဒ်မ ၁၅/၆မှာ ၁၉၄၉
ဇန်နဝါရီလ ၄ ရက်နေ့တွင် စတင် အသက်ဝင်ခဲ့ပြီးပြည်ပသို့ ပုံစံ(က) (D-Form)
ရယူ၍ထွက်ခွာသည့် စနစ်ကို ၁၉၅၈ခုနှစ်ဇန်နဝါရီ ၁ ရက် နေ့တွင် စတင်ကျင့်သုံးခဲ့သည်။
မိုးစက်
ပြည်ပထွက်ခွာခွင့် D-Form စနစ် ဧပြီတွင် ဖျက်ပြီ
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်