အမှိုက် မသိမ်းရ

နာရေးကူညီမှုအသင်းက   ရန်ကုန်မြို့လယ်မှာ အမှိုက်ကောက်ရေးအတွက် စီစဉ်ခဲ့ပါတယ်။
သို့သော်လည်း အာဏာပိုင်တို့ဘက်က တားမြစ်တဲ့အတွက် အစီအစဉ် ပျက်သွားပါပြီ။
ဒီအကြောင်း  ဦးကျော်သူရဲ့ Facebook မှာ ရေးသားထားတာတွေထဲက  ကောက်နုတ်ဖော်ပြရရင် ...

စနေနေ့ ညနေ (၃းဝဝ) နာရီအချိန်တွင်လည်း ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ လူသွားလူလာ ရုံးတက်/ရုံးဆင်း ထူထပ်များပြားလှသော မဟာဗန္ဓုလပန်းခြံ တစ်လျှောက် လူမှုရေးသမားများ၊ ဂီတပညာရှင်များ၊ စာပေနှင့် စာနယ်ဇင်းပညာရှင်များနှင့် လက်တွဲကာ အင်တိုက် အားတိုက်သန့်ရှင်းမှုအား  ပြုလုပ်ကြမည်ဖြစ်တော့သည်။

ယခုတစ်ကြိမ်တွင် ဂီတပညာရှင်များ၊ စာပေပညာရှင်များ ပါဝင်လာရခြင်းမှာ ပြည်သူပြည်သားများအား အသိပညာပေးမှုတွင်ထိရောက်သည့် လက်နက်ဖြစ်သော အနုပညာ စွမ်းအားများကို တာဝန်သိသိ၊ တာဝန်ရှိရှိနှင့် တာဝန်ယူကြကာ အများပြည်သူအတွက် ပေးဆပ်ကြမှုတစ်ခုပင် ဖြစ်သည်။

ကျွန်တော်တို့၏ အနာဂတ်ကာလအတွက် စိတ်ကူးအိမ်မက်များသည် မြို့နယ်တစ်ခုချင်း၊ ရပ်ကွက်တစ်ခု ချင်း၊ မြို့တစ်မြို့နှင့်တစ်မြို့ချင်း၊ ပြည်နယ်နှင့်တိုင်း တစ်ခုချင်း၊ သန့်ရှင်းစိုပြေလှပမှုများကို အပြိုင်အဆိုင်အနိုင် လုပ် ဆောင်ကြမည်ဆိုပါက နိုင်ငံတော်တာဝန်ရှိသူတစ်ဦး ပြောကြားခဲ့သလို “(၄) လအတွင်း စင်္ကာပူနိုင်ငံကဲ့သို့ ဖြစ်စေ ရမယ်” ဟူသောစကားမှာ မှန်ကောင်းမှန်ပေလိမ့်မည်။

သို့သော် ယနေ့ ၁၈.၅.၂ဝ၁၃ စနေနေ့ နံနက် (၉းဝဝ) နာရီခန့်အချိန်တွင် ကျွန်တော့်ထံသို့ တယ်လီဖုန်း ဝင်လာသည်။

“ဦးကျော်သူတို့ အမှိုက်ကောက်မည့်အစီအစဉ်အား ရပ်ဆိုင်းပေးပါရန်” ဟူ၍ ရန်ကုန်မြို့ စည်ပင် သာယာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန အရာရှိကြီးတစ်ဦးက ဆက်သွယ်ပြောကြားလာခဲ့သည်။

စည်ပင်လူကြီး ဘာကြောင့် တားမြစ်တယ်ဆိုတာ ခုချိန်ထိ မသိရသေးပါ။

ဘယ်နိုင်ငံပဲဖြစ်ဖြစ် စည်ပင်သာယာအဖွဲ့တွေမှာ အားနည်းချက်တွေ ရှိမှာပါ။

ဦးကျော်သူတို့ရဲ့ အစီအစဉ်ကို တားမြစ်တဲ့အတွက် ရန်ကုန်မြို့တော်စည်ပင်ရဲ့ အားနည်းချက် ပိုပြီး ပေါ်လွင်သွားပါတယ်။

http://blog.irrawaddy.org/2013/05/blog-post_3091.html

0 မှတ်ချက်များ: