မြန်မာ စစ်တပ် ဒါမှ မဟုတ် အခြား လက်နက် တပ် ဖွဲ့  တစ်ခုခု လို့  ယူဆလို့ ရတဲ့ အဖွဲ့  အစည်း က လှို့ ဝှက် အကူ တပ် စုဆောင်း နည်း တစ်မျိုး ကို ကျင့်သုံး နေတယ် လို့  အမည် မဖော် လို တဲ့ ဒီ အဖြစ် ကို ကြုံခဲ့ တဲ့ သူ တစ်ဦးက FNG ကို ပြော ပါတယ်။
ကျွန်တော် တောင်ဒဂုံ အိမ်ကို အပြန် မှာ ဖြစ်တာ ၊ နဲနဲ လည်း မှောင် နေ ပြီလမ်း ထဲ ကို အ၀င် မှာ လူ ၃ ယောက် က လိုက် လာ ပြီး ခင်ဗျား ကို မေးစရာရှိတယ် ဆို ပြီး ခေါ် သွားတာ ၊ ဒိုင်နာ ကား လို မျိုး ကား တစ်စီးပေါ် ရောက် တော့ စောင် အုပ် လိုက် တယ်။ တစ်နာရီ လောက် မောင်း ပြီးတော့ ဘယ်နား မှန်း မသိရတဲ့ နေရာ မှာ ကား ရပ် တယ်။ ပြီး တော့အချုပ် ခန်း လို မျိုး ထဲ ပို့  လိုက် တာ ပဲ ၊ ကျွန်တော့် လို တခြား သူ တွေလည်း ရောက် လာ တယ် ၊ သူ တွေ မျက် နှာ ကို မမြင် ရ ဘူး ၊ သူ တို့ က ခေါ် မေး တဲ့ အခါ မှာ ခေါင်း စွပ် စွပ် ထား တယ်။ ကျွန်တော် ကို မေးတော့ ကျွန်တော့ ရဲ့  အလုပ် နဲ့  ဦး လေး တစ်ယောက် က တပ် ထဲ မှာ အရာ ရှိလို့  ပြောတာ နဲ့  ၃ ရက် လောက် အကြာ မှာ ပြန် လွှတ်ပေး လိုက်တာ။ ကားနဲ့  ပြန် တင် ပြီး ခေါ် တဲ့ အခါ မှာ ဒီ အကြောင်း တွေ အား လုံး မေ့လိုက် လို့  ပြောတယ်။ ဟုတ် .. ခေါ် လာ တဲ့ နေရာ ကို ပြန် ချ ပေး တာတစ်လမ်း လုံး စောင် အုပ် ထား တယ်။ အပြန် မှ နှစ် နာ ရီ လောက်မောင်း တယ် အိမ် နဲ့  နီး လား ဝေး လား တော့ မသိဘူး ဟု ကိုယ် တွေ့ ကြုံ ရ သူ တစ်ဦး က FNG ကို ပြော ပါတယ်။
မအူပင် ၊ ကျုံမငေး နဲ့  မကွေး တိုင်း က မြို့ တစ်ချို့  မှာ လည်း အလားတူအဖြစ် အပျက် တွေ မျိုး ကြုံ ရ ပါတယ်။ ဒီတစ်ခါ မှာ တော့ ပေါ် တာဆွဲသူ ဟာ စစ် တပ် က လား ဘယ် အဖွဲ့  က လည်း ဆို တာ မသိ ရဘူးလို့  ဆို ပါတယ်။ ကိုယ် တွေ့  ကြုံ ခဲ့ ရ သူ တစ်ဦး က တော့ မှောင်မည်းနေတဲ့ အခန်း ထဲ မှာ ထားတယ်။ ထမင်း ပန်း ကန် ကို လာ ချ ပေး တဲ့လူကို တောင် မမြင် ရ ဘူး လို့  ပြောပါတယ်။
http://freedomnewsgroup.com/2013/05/16/secret-recruit/

0 မှတ်ချက်များ:
မှတ်ချက်ပြုရန်