တက္ကသိုလ်ဝင်တန်းအောင်စာရင်း ဇွန်လ ၉ ရက်နေ့တွင်ထုတ်ပြန်နိုင်

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဇွန်လ ၉ ရက်နေ့တွင်ထုတ်ပြန်နိုင်မည်ဟု ပညာရေးအသိုင်းအဝိုင်းမှ သိရှိရသည်။

အောင်စာရင်းထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန ကို မေးမြန်းခဲ့ရာ ဒုတိယဝန်ကြီး ဦးအေးကြူက" ဆရာတို့တောင်ရက်အတိအကျမသိသေးပါဘူး ဇွန်လဆန်း စနေ၊တနင်္ဂနွေ တစ်ရက်ရက်မှာထွက်မှာတော့သေချာတယ်"ဟုပြောကြားခဲ့သည်။

တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသော ကျောင်းသား၊ ကျောင်းသူများ ၏ အောင်စာရင်းကို ဇွန်လ ဒုတိယအပတ်တွင် ထုတ်ပြန်နိုင်ကြောင်း မကွေး တိုင်းဒေသကြီး နတ်မောက် ဒုတိယမြို့နယ်ညွှန်ကြားရေးမှုးက ''အောင်စာရင်းက ဇွန် ဒုတိယပတ် ၉ ရက်နေ့လို့ပြောသံကြားပါတယ်။ ဇွန် ၂ ရက်နေ့မှာပြည်နယ်နဲ့တိုင်း ညွှန်ကြားရေးမှုး ဆီမှာအောင်စာရင်းသွားယူပြီး ကိုယ်ရုံးမှာမထားဘဲ ရဲစခန်း ဒါမှမဟုတ် လုံခြုံတဲ့နေရာမှာ ထားရမှာပါ။

အခုထိတော့ထုတ်ပြန်ထားတာ အတိအကျမရှိသေးပါဘူး''ဟုပြောကြားခဲ့သည်။အောင်စာရင်းထွက်ရှိမည့်ရက်ကို တရာဝင်ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ဇွန်လ ၉ရက်နေ့တွင် ထွက်ရှိလာနိုင်
ကြောင်း၊ အနောက်ပိုင်းခရိုင် ပညာရေးမှုးရုံးမှ ဒုတိယညွှန်ကြားရေးမှုး ဦးအုန်းသွင် က ပြောကြားခဲ့သည်။ ၂၀၁၂-၂၀၁၃ တက္ကသိုလ်ဝင်တန်းတွင်မြန်မာတစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်း ၃၀ ကျော်ရှိခဲ့ရာ မွန်ပြည်နယ်သည် အောင်ချက်အကောင်းဆုံးဖြစ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာများမှသတင်းရရှိသည်။

Posted From Skynet News

http://burma.irrawaddy.org/archives/41531

0 မှတ်ချက်များ: