ရန်ကုန်မြို့၊ အလုံမြို့နယ်၊ ဓားပြမှု သံသယရှိသူများကို နာရီဝက်အတွင်းဖမ်းမိ

အလုံမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဓားပြတိုက်မှုနှင့် ပတ်သက်သော သံသယရှိသူများကို ရဲများက မိနစ် ၃ဝ ခန့် အတွင်း၌ ဖမ်းဆီး ရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထိုနေ့ ဇူလိုင် ၁ ရက်က ဓားပြတိုက်ခံရသည့် နေအိမ်တွင် ၁၄ နှစ်အရွယ် မိန်းက လေးငယ်နှင့် အသက် ၄၈ နှစ်အရွယ် အိမ်ဖ်ာအမျိုးသမီးကြီးတို့သာ ရှိနေခဲ့ပြီး ကျန် အိမ်သားများမှာ သီရိမင်္ဂလာဈေးရှိ ၎င်းတို့ပိုင် ကွမ်းယာ ဆိုင်တွင် ရောက်ရှိနေခဲ့ကြောင်း တရားလိုများက ရဲကို ထွက်ဆိုထားသည်။

ဓားပြများသည် ည ၁၁ နာရီ ၃ဝ ခန့် တွင် ဝင်ရောက် အကြမ်းဖက်ခဲ့ခြင်းဖြစ်ပြီး မတိုက်မီ အိမ်ပေါ်သို့ လူငါးဦး တက်လာပြီး အိမ်ရှင်၏ ဆွေမျိုးသားချင်းတစ်ဦးကို ရှိမရှိ မေးမြန်းခဲ့ကြောင်း၊ ထိုအချိန်တွင် အိမ်၌ အိမ်သား လေးဦး ရှိနေခဲ့သော်လည်း မကြာမီ အိမ် သားနှစ်ဦး အပြင်သို့ကိစ္စရှိသဖြင့် ထွက်သွားခဲ့ကြောင်း၊ ထိုအချိန်တွင် ကနဦးအိမ်ကို လာမေးသည့် လူငါးဦးအနက်မှ နှစ်ဦးက ပြန် ရောက်လာပြီး တံခါးခေါက်သဖြင့် ဖွင့်ပေးရာ အိမ်အတွင်းသို့ အတင်းဝင်ရောက်ပြီး မီးများ ပိတ်ပစ်ခဲ့သည်ဟု ရဲစခန်း၌ တရားလိုများက ထွက်ဆိုကြသည်။

မီးများပိတ်ပြီးသည်နှင့် ဓားပြများက အိမ်ရှင်၏ သမီးဖြစ်သူ ကလေးငယ်ကို ''နင့် အမေ မဲဖိုးထုတ်ထားတဲ့ သိန်း ၃ဝ ထုတ်ပေး'' ဟု ခြိမ်းခြောက်တောင်းဆိုရာ ကလေးငယ်က မရှိတော့ကြောင်း ပြန်ပြောသဖြင့် ကလေးနှင့် အိမ်ဖော် အမျိုးသမီးကြီး ဒေါ်အေးမွန်တို့ ကို ဓားဖြင့်ထောက်ပြီး အိပ်ခန်းရှိ ဗီရိုထဲမှ လက်ဝတ်ရတနာများ ထုတ်ခိုင်းပြီး လုယူထွက်ပြေးသွားခဲ့သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။ လုယူသွားသည့် ပစ္စည်းများ၏ တန်ဖိုးမှာ စုစုပေါင်း တန်ဖိုး ကျပ် ၁၈ သိန်းကျော်ရှိသည်ဟုလည်း ရဲများက မှတ်တမ်းတင်ထားသည်။

ထို့ပြင် ဒေါ်အေးမွန်သည်လည်း ဓားပြများ၏ တိုက်ခိုက်မှုကြောင့် နောက်ကျောတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရ ရှိခဲ့ပြီး အပေါ် သွားနှစ်ချောင်းလည်း ကျိုးသွားခဲ့ရသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင် ကုသထားရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အိမ်ရှင် မငယ် က အလုံရဲစခန်းသို့ တိုင်တန်းလိုက်ရာ ရဲများ က အမှုအမှတ် (ပ) ၁၄၄/၁၃
ဖြင့် အမှုဖွင့် ခဲ့ပြီး ချက်ချင်း ဓားပြများကို လိုက်လံစုံစမ်းခဲ့ ရာ မိနစ် ၃ဝ ခန့်အကြာတွင် ယင်းကိစ္စကို ကျူးလွန်သူ အဖြစ် သံသယရှိသူများကို ဖမ်း မိခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှု/ကူဌာနစုမှ ဒုရဲမှူး အောင်မြတ်စိုးနှင့် ရဲများက သံသယ ရှိသူများကို ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် သံသယရှိသူများကို ဘုရင့်နောင်ပွဲရုံဝင်း ရိုး ကြီးပတ်လမ်းပေါ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဓားပြမှု ကျူးလွန်သူအဖြစ် ရဲများက သံသယရှိသဖြင့် ဖမ်းဆီးထားသူများမှာ အသက် ၂၃ နှစ်အရွယ် ကိုနိုင်ရဲအောင် (ခ) ကိုဖိုးထောင်၊ အသက် ၂ဝ အရွယ် ကိုစိုင်းညီညီအောင် (ခ) ကိုသားပေါက်၊ အသက် ၁၈ နှစ်အရွယ် ကိုဇော်မင်းထွေး (ခ) ကိုထွေးတို့ဖြစ်ကြပြီး ကျန် သံသယရှိသူများကိုလည်း ရဲများက ဆက်လက်ဖမ်းဆီးရန် စုံစမ်းနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ထားသည်။

Posted From Mizzima

0 မှတ်ချက်များ: