ဆိုတေး အား ဆုံးပါးသွားသော ဇနီးမတိုင်ခင် ၄င်း၏ဇနီးဆိုသူ မချိုချိုက ဆေးကုသပေးမည်

ကားအက်ဆီဒင့်ဖြစ်မှုကြောင့်မန္တလေးဆေးရုံတွင်ဆေးကုသမှုခံယူနေရသောတေးသံရှင်ဆိုတေး၏အခြေအနေမှာမသက်သာပါကထိုင်းနိုင်ငံရှိဆေးရုံ၌ဆေးကုသမှုခံယူနိုင်ရေးအတွက် ဆုံးပါးသွားသော မချောချော မတိုင်ခင်ပတ်သတ်ခဲ့သော ၄င်း၏ဇနီးဆိုသူ မချိုချို(ခ) Cream ကတာဝန်ယူကုသပေးသွားမည်ဖြစ်ကြောင်း ပြောပါတယ်။

ဆိုတေးအားထိုင်းနိုင်ငံတွင်ဆေးကုသမှုခံယူရန်အတွက်၎င်း၏ဇနီးဆိုသူမှတာဝန်ယူပေးမည်ဟုဆို
Thura Tun

ကားအက်ဆီဒင့်ဖြစ်မှုကြောင့် မန္တလေးဆေးရုံတွင် ဆေးကုသမှုခံယူနေရသော တေးသံရှင်ဆိုတေး၏အခြေအနေမှာ မသက်သာပါက ထိုင်းနိုင်ငံရှိဆေးရုံ၌ ဆေးကုသမှုခံယူနိုင်ရေးအတွက် ၄င်း၏ဇနီးဆိုသူ မချိုချို(ခ) Cream က တာဝန်ယူကုသပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

၎င်းနှင့် ဆိုတေး(ခ) အောင်သက်ပိုင်တို.မှာ မြ၀တီမြို.တွင်တွေ.ဆုံချစ်ကြိုက်ကာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို.တွင် အတူပေါင်းသင်းနေထိုင်ခဲ.ခြင်းဖြစ်ပြီး ဇွန်လအတွင်းက ဆိုတေးမှ ၄င်း၏ဇနီးဆိုသူအား ၄င်း၏မိသားစုဝင်များနှင့်တွေ.ဆုံပေးခဲ.ကြောင်း၊ ထိုနောက် ဇူလိုင်လ(၄)ရက်နေ.တွင် ၄င်းတို.နှစ်ဦးသည် ထိုင်းနိုင်ငံ၊ဘန်ကောက်ရှိ ၄င်းဇနီးဟုဆိုသောအမျိုးသမီးနှင့်အတူ သွားရောက်နေထိုင်
ခဲ.ကြကြောင်း ၊

ထို.နောက်ဆိုတေးသည် မြန်မာနိုင်ငံ၌ ၄င်းလက်ခံထားသောရှိုးပွဲရှိသည်ဟုဆိုကာ ၄င်းမှ ဘန်ကောက်မှရန်ကုန်သို.လေယာဉ်ဖြင့်လည်းကောင်း၊ ၄င်း၏အမျိုးသမီးဖြစ်သူကမဲဆောက်မှ ရန်ကုန်သို.လည်းကောင်း ဇူလိုင်(၁၀)ရက်နေ.တွင်ရောက်ရှိခဲ.ကြကြောင်း၊ ၄င်းနောက်ဆိုတေးမှ ၄င်း၏အမျိုးသမီးဖြစ်သူအား ရန်ကုန်ရှိဟိုတယ်တစ်ခုတွင်ခေတ္တထားခဲ.ကာ ပုဂံမြို.တွင်ရှိုးပွဲရှိသည်ဟုဆိုကာ ဇူလိုင်လ(၁၄)ရက်နေ.တွင် တောင်သာမြို.သို ရန်ကုန်-မန္တလေးအမြန်လမ်းမှသွားရောက်စဉ် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ.ခြင်းဖြစ်ကြောင်း ၄င်း၏အမျိုးသမီးဖြစ်သူဟုဆိုသူ မချိုချို(ခ) Cream ကပြောသည်။

ကျွန်မသူကားမှောက်တယ်လို.သတင်းကြားကြားချင်း မန္တလေးဆေးရုံကိုလိုက်သွားပေမဲ. သူမိသားစုတွေက ကျွန်မကိုသူနဲ.တွေ.ခွင့်မပေးခဲ.တဲ.အပြင် ကျွန်မတို.နှစ်ယောက်ရဲ.ကိစ္စကို ဘယ်သူမှမသိအောင်နေပေးဖို. သူ.အစ်ကိုကပြောခဲ.တယ်။ နောက်ထပ်သိရတာက သူနဲ.အတူပါသွားပြီးဆုံးသွားတဲ.မိန်းကလေးက အရင်ကျွန်မနဲ.စတွေ.စဉ်တုန်းကပါလာခဲ.ပေမဲ. သူကို.မေးကြည့်တော့သူက သူနဲ.ဘာမှမပတ်သတ်ဘူးလို.ပြောခဲ.ပြီး ကျွန်မကိုချစ်ရေးဆိုခဲ.လို. သူ.အချစ်ကိုလက်ခံခဲ.ပြီး အတူပေါင်းသင်းနေထိုင်ခဲ.တာ။ နောက်ပြီးဒီ ကိစ္စကိုသူမိသားစုတွေလည်းသိတယ်။ အခုသတင်းတွေထွက်တော့ သေဆုံးသွားတဲ.မိန်းကလေးကသူ.ဇနီးဆိုပြီးသတင်းတွေထွက်နေတာနဲ. ကျွန်မအပေါ်သူမိသားစုကဆက်ဆံတာမကြိုက်လို. အခုလိုပြောရတာပါ။ ဟု ၄င်းကဆိုသည်။

ထို.အပြင် မန္တလေးဆေးရုံသို.ဆိုတေး၏အခြေအနေအားကြည့်ရန်သွားရောက်စဉ် ၄င်း၏အကိုဖြစ်သူကိုဇာနည်ဆိုသူမှဆိုတေးနှင့် ပတ်သတ်သောကိစ္စများအား အခြားမည်သူကိုမှမပြောရန် ပြောဆိုခဲ.သည်ဟုသူမကထပ်မံပြောသည်။

ကျွန်မအနေနဲ. ဆိုတေးကိုတကယ်ချစ်ခဲ.တာပါ။ သူဘာသာကျွန်မအပေါ်ဘယ်လိုပဲလိမ်လိမ် ကျွန်မအနေနဲ.သူ.အပေါ်မှာစိတ်မဆိုးမိသလို အရမ်းလည်းသနားမိတယ်။ သူ.အပေါ်ထားတဲ.အချစ်တွေလည်း ပျောက်သွားမှာမဟုတ်ပါဘူး။ အခုမန္တလေးဆေး၇ုံမှာ သူ.အခြေအနေမကောင်းရင်ဘန်ကောက်ကဆေးရုံမှာ သူရောဂါလုံးဝပျောက်ကင်းသွားတဲ.အထိ ဆေးကုပေးသွားဖို.အထိ စီစဉ်ထားတယ် ဟု၎င်းက ထပ်လောင်းပြောသည်။

အဆိုပါသတင်းနှင့်ပတ်သတ်၍ တေးသံရှင်ဆိုတေး၏ ဇနီးဖြစ်သူဟုဆိုသော မချိုချို(ခ)Cream ၏ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်းဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ၄င်းအားဆက်သွယ်မေးမြန်းနိုင်ကြပါသည်။ အထက်ပါသတင်းတွင်ဖော်ပြထားသော ဓာတ်ပုံများမှာလည်း ကာယကံရှင်၏သဘောတူခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ကြောင်း ထပ်လောင်းအသိပေးအပ်ပါသည်။

http://www.yeyintnge.com/2013/07/blog-post_17.html#.UeZJPXyaooF

1 မှတ်ချက်များ:

Anonymous said...

It's very straightforward to find out any topic on net as compared to textbooks, as I found this paragraph at this web page.


Feel free to visit my page ... how to win your girlfriend back (http://en.wikipedia.org/wiki/List_of_Self-help_books)