City Mart ပိုင်ရှင်နှင့်ဆက်နွှယ်မှုရှိ သော Premium Food Service Products ကုမ္ပဏီမှတွေ့ရှိထားသည့် သောင်းနှင့်ချီရှိသော ၀ိုင်၊ အရက်အများစုမှာ တရားဝင်တင်သွင်းခွင့် အထောက်အထားပြသနိုင်ခြင်းမရှိ၍ ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အရေးယူမှုကို ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်ခဲ့ကြောင်း တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့Mobile Team မှ သိရသည်။
လက်ရှိဖြစ်စဉ်ကို ဦးဆောင်စစ်ဆေးနေသည့် ဦးဝင်းလွင်က " ကျွန်တော်တို့ဘက်က သတ်မှတ်ချိန်တွေ ရွှေ့ပေးထားတယ်။ ဒါပေမဲ့ ၀ိုင်၊ အရက်နဲ့ပတ်သက်လို့ တရားဝင်အထောက်အထား တစ်စုံတစ်ခုကိုမှ တင်ပြနိုင်ခဲ့ခြင်းမရှိလို့ တရားမ၀င်ကုန်သွယ်မှုမှာ ပါဝင်တဲ့ ပို့ကုန်၊ သွင်းကုန်နဲ့ အရေးယူဆောင် ရွက်သွားမှာဖြစ်ပါတယ် " ဟု ပြောကြားသည်။
သာကေတစက်မှုဇုန်ရှိ Premium Food Service Products ကုမ္ပဏီမှ လုပ်ကိုင်နေသော ဂိုဒေါင်ကို ဒီဇင်ဘာ ၄ ရက်က ၀င်ရောက်စစ်ဆေးရာ ၀ိုင်ပုလင်း၊ အရက်နှင့် အေးခဲအသားများကို တွေ့ရှိခဲ့ပြီး ကုမ္ပဏီမှ အေးခဲအသားများနှင့် ပတ်သက်သော တင်သွင်းခွင့်အထောက်အထားများကို ပြသနိုင်ခဲ့ပြီး ၀ိုင်၊ အရက်နှင့် ပတ်သက်၍ တရားဝင်အထောက်အထား အများစုကိုမူ သတ်မှတ်ချိန်သုံးခုအထိပေးခဲ့သော်လည်း ဒီဇင်ဘာ ၁၃ ရက်ထိပြသနိုင်ခြင်းမရှိ၍ တရားမ၀င်ကြောင်းပေါ်လွင်ခဲ့ကာ အရေးယူမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်ရောက်စစ်ဆေးသည့် ရက်မှစ၍ သုံးရက်အတွင်း အထောက်အထားများမပြသနိုင်သဖြင့် ဒီဇင်ဘာ ၈ ရက်၌ Premium Food Service Products ကုမ္ပဏီမှဒါရိုက်တာ၊ လက်ရှိ City Mart Holding ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့် ထံ အကြောင်းကြားခဲ့ပြီး ၎င်းင်းမှ တစ်ပတ်ခန့်အချိန်စောင့်ဆိုင်းရန် မေတ္တာရပ်ခံစာဖြင့်ပြန်လည် အကြောင်းကြားမှုကို ပြုလုပ်ခဲ့ကြောင်း Mobile Team မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သို့သော်Mobile Team ဗဟိုကော်မတီမှ ရန်ကုန်တိုင်း အတွင်းစစ်ဆေးခဲ့သည့် အခြားစက်ရုံများနည်းတူ ကန့်သတ်ရက်ရှစ်ရက် အထိပေးခဲ့ကြောင်း၊ ယင်းကန့်သတ်ရက် ရှစ်ရက်အပြင် သက်ဆိုင်ရာ ကုမ္ပဏီမှ ၀ိုင်၊ အရက်များ၏ သက်သေခံအထောက်အထားများ ရှာဖွေသည့်ရက်အပါအ၀င် စုစုပေါင်း ၁၀ ရက်အထိရှိခဲ့ကြောင်း သိရသည်။
သတ်မှတ်ထားသည့်အချိန်ရောက်ရှိခဲ့သော်လည်း လာရောက်တင်ပြနိုင်ခြင်းမရှိခဲ့သဖြင့် Premium Food Sevice Products ကုမ္ပဏီကို သွင်းကုန်ပို့ကုန်ဥပဒေပုဒ်မဖြင့် အရေးယူမှုပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဥပဒေအရ တရားမ၀င်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် အရက်၊ ဘီယာများကိုလည်း သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်အတွင်း City Mart ပိုင်ရှင်နှင့် ဆက်နွှယ်မှုရှိသော Premium Food Ser-vice Products ကုမ္ပဏီမှာ Mobile Team မှဖမ်းဆီးထားသည့် ၀ိုင်၊ အရက်များနှင့်ပတ်သက်ပြီး ACE Group of Company ၏ ၀ိုင် တင်သွင်းမှု လိုင်စင်ဖြင့် တင်ပြလျှောက်ထားမှုများ ရှိခဲ့သော်လည်း ACE Group of Company မှ ၎င်းင်းတို့နှင့်သက်ဆိုင်ခြင်းမရှိကြောင်း၊ မိမိတို့၏အမည်ကို အလွဲသုံးစားပြုလုပ်ခြင်းဖြစ်ကြောင်း လာရောက်ကန့်ကွက်ခဲ့မှုများ လည်းရှိခဲ့သည်။
စစ်ဆေးမှုတွင် တွေ့ရှိထားသော ၀ိုင်း၊ ပုလင်းအရေအတွက်နှင့် အေးခဲအသားများမှာ Mobile Team မှ ၀င်ရောက်ရှာဖွေစစ်ဆေးသည့် ကာလတစ်လျှောက်တွင် အများဆုံးဖြစ်ပြီး ၀ိုင်ပုလင်းများမှာ တန်ဖိုးကြီး အမှတ်တံဆိပ်များဖြစ်ကာ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ သြစတြေးလျ၊ တောင်အာဖရိက နိုင်ငံထုတ်များကာ လက်ရှိတွင် အဆိုပါဂိုဒေါင်အားစစ်ဆေးမှုပြီးစီးခဲ့ပြီးဖြစ်ကာ နိုင်ငံ ခြားဖြစ်ဝိုင်ပုလင်း ၈၇၀၀၀ ကျော်နှင့် အရက်ပုလင်း ၁၃၀၀ ရှိကာ ကာလတန်ကြေး အနေဖြင့် ကျပ် ၆၅၀၀ ဖြင့် တွက်ချက်ခဲ့ပါက သိန်းပေါင်း ၆၀၀၀ ခန့်ရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်များ၏ နောက်ဆက်တွဲအခြေအနေတွင်လည်း City Mart Holding လက်အောက်ရှိ City Mart/Ocean/ City Express ဆိုင်များတွင် အရက်၊ ဘီယာ၊ ၀ိုင်ရောင်းချမှုများကို ယာယီရပ်ဆိုင်းလိုက်ကြောင်း City Mart Holding ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာဒေါ်ဝင်းဝင်းတင့်က ဒီဇင်ဘာ ၆ ရက် က ပြည်တွင်းမီဒီယာအချို့အား ပြောကြားထားကြောင်း သိရသည်။
စီးတီးမတ် အရောင်းဆိုင်များတွင် တစ်ရက်လျှင် အရက်၊ ဘီယာ၊ ၀ိုင်နှင့်စီးကရက် လျှင် ကျပ်သိန်း ၃၀ ခန့်ရောင်းချပေးနေရသည်ဟုဆိုထားပြီး ရန်ကုန်နှင့်မန္တလေးမြို့များတွင် စီးတီးမတ်အရောင်းဆိုင် ၂၀၊ Ocean Super Center ၊ City Mart Holding ဆိုင်ခွဲပေါင်း ငါးဆိုင်နှင့် City Express ဆိုင် ခွဲပေါင်း ၂၆ ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။
တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသို့ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်ပါ ရက်စွဲဖြင့် သာကေတမြို့နယ်၊ မြမာလာလမ်းရှိ ဂိုဒေါင်ခြံတစ်ခု၌ တရားမ၀င်ကုန်ပစ္စည်းများ သိုလှောင်၊ ဖြန့် ဖြူးရောင်းချနေကြောင်း သတင်းပေးပို့တိုင်ကြားလာသည့်အတွက် စုံစမ်းစစ်ဆေးမှုများကိုပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက်တွင် တိုင်ကြားချက်မှာပေါ်လွင်သဖြင့် ဒီဇင်ဘာ ၄ ရက် တွင် ၀င်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
Mobile Team အဖွဲ့မှ လက်ရှိစစ်ဆေးနေသောဂိုဒေါင်မှာ သုံးလအတွင်း ငါးခုမြောက်တိုင်ကြားချက်ဖြစ်ပြီး လက်ရှိတွင် အရေးယူခဲ့ရပြီး Mobile Team ၏ အမှုဖွင့်ချက်တွင် ဒေါ်ဝင်းဝင်းတင့်၏ မောင်ဖြစ်သူ ဦးဖြိုးမင်းကျော်ကို အရေးယူနိုင်ရန် တင်ပြထားကြောင်း သိရသည်။
ပို့ကုန်-သွင်းကုန်ဥပဒေပုဒ်မ ၈ ၏ ပြစ်မှုပြစ်ဒဏ်အရ မည်သူမဆို ပုဒ်မ ၅ သို့မဟုတ် ပုဒ်မ ၆ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေဒဏ်နှစ်ရပ်လုံးဖြစ် စေချမှတ်ခံရမည်။
Eleven Media Group
City Mart နှင့်ဆက်နွှယ်မှုရှိသော Premium Food Service Products ကုမ္ပဏီအား ၀ိုင်၊ အရက်တို့ကို တရားမ၀င်တင်သွင်းခဲ့သည့်အတွက် ပို့ကုန် သွင်းကုန် ဥပဒေဖြင့် အမှုဖွင့်အရေးယူ
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်