ဥပဒေအထက်က ရွှေသံလွင် (သို့) ဥပဒေထက်က ခရိုနီ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင်
ဥပဒေအထက်တွင် မည်သူမှမရှိစေရဟူသော ဆောင်ပုဒ်အား ခရိုနီများကြောင့် ပြန်လည်ဆန်းစစ်ရန် လိုအပ်နေပြီး
ပြည်သူများမှ မေးခွန်းထုတ် နေကြသည်။
ပွင့်လင်းမြင်သာမှုမရှိသော အစိုးရနှင့်အကြားချုပ်ဆိုထားသောစာချုပ်အရ အခွန်ရှောင်ခွင့်
၃နှစ်ရရှိထားခြင်း၊ အကျိုးအမြတ်ကို နိုင်ငံတော်မှ ၄ရာခိုင်နှုန်းသာရရှိပြီး ပြည်သူ့အတွက်
SKY NETဆိုသော ရွှေသံလွင်မီဒီယာမှ ၉၆ရာခိုင်နှုန်းရရှိထားခြင်းနှင့် ရွှေသံလွင်မီဒီယာသည် မြန်မာအသံဝန်းတွင် ၂၀၄၃အထိ လုပ်ပိုင်ခွင့်ရရှိထားခြင်းသည်
ဥပဒေနှင့် ညီညွတ်မှုရှိမရှိ ပြန်လည်ဆန်းစစ်ရန်နှင့် ဒီမိုကရေစီနည်းလမ်းကျသော ပွင့်လင်းမြင်သာမှုနှင့်
ပြည်သူများက သဘောတူထောက်ခံထားသော ပြည်သူ့ကိုယ်စားလှယ်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်
ပြည်သူ့အပေါ် လေးစားမှုရှိရန် ပြည်သူများက လိုလားလျက်ရှိသည်။
“ပြည်သူက မသိဘဲ နိုင်ငံတော်အကျိုးအမြတ်နည်းစေတဲ့ စာချုပ်တွေ ချုပ်ဆိုနေတာတွေဟာ
အစိုးရရဲ့ ပြည်သူ့အပေါ် လေးစားမှုလား၊ ဒီမိုကရေစီလား၊ ခရိုနီတွေကို သမ္မတကြီး ဦးသိန်းစိန်နဲ့
အစိုးရအဖွဲ့က ကြောက်နေရလို့ ခရိုနီတွေရဲ့ လွမ်းမိုးမှုတွေကို ခံနေရလို့လားဆိုတာ ကျွန်တော်တို့
ပြည်သူတွေကြားမှာ မေးခွန်းထုတ်စရာတွေပါ။ ပြည်သူ့အတွက် SKY NETဆိုပြီး ပြည်သူတွေနဲ့
နိုင်ငံတော်အပေါ်ကို ဂုတ်သွေးစုပ် အမြတ်ထုတ်နေတဲ့ တရုတ်လူမျိုးရဲ့ မီဒီယာရဲ့ လုပ်ရပ်ကို
ပြည်သူတွေအနေနဲ့ သတိထားသင့်ပါပြီ၊ နိုင်ငံတော်ပိုင်ဆိုတဲ့ ပြည်သူပိုင်တွေကို အကျိုးအမြတ်နည်းနည်းနဲ့
လက်ခံဆောင်ရွက်နေတဲ့ အစိုးရရဲ့ လုပ်ရပ်ကို ပြည်သူတွေ နှစ်သက်သဘောကျမှုမရှိပါဘူး၊ ပြည်သူတွေ
လက်မခံတဲ့ စာချုပ်တွေချုပ်ဆိုနေတဲ့ အစိုးရကို ပြည်သူတွေက မလိုလားပါဘူး၊ နောင်ရွေးကောက်ပွဲမှာ
ဒါမျိုးအစိုးရမဖြစ်ဖို့ ပြည်သူတွေ မဲပေးရာမှာ ထည့်စဉ်းစားရမှာပါ”ဟု အသက် ၃၀အရွယ် ဦးမျိုးသူရက
ဆိုသည်။
ရွေသံလွင်မီဒီယာသည် ပြည်သူများအပေါ် ဂုတ်သွေးစုပ် အမြတ်ထုတ်သည့် ပွင့်လင်းမြင်သာမှုမရှိသော
တစ်ဖက်သတ်ဆန်သည့် စာချုပ်ကို ချုပ်ဆိုမှုများအပြင် ပြည်သူထဲမှ ပြည်သူများဖြစ်သော Sky
Netတွင် မိသားစု ၀မ်းရေးအတွက် အလုပ်လုပ်နေသူများကိုလည်း စာချုပ်ချုပ်လျှင် ရထူးတိုး
လစာတိုးခံစားခွင့်ရှိမည်၊ ၃လပြည့်လျှင် စာချုပ်ချုပ်ပြီးပါက လစာတိုးမည်ဟု လှည့်စား၍
တစ်ဖက်သတ်ဆန်လွန်သော ၃နှစ်စာချုပ်ချုပ်ဆို၍ အကျဉ်းထောင်သဖွယ် မလိုအပ်သော တင်းကျပ်သည့်
စည်းမျဉ်းများ၊ ဥပဒေကို ဆန့်ကျင်သော (၀ါ) ဥပဒေနှင့်မညီသော ၀န်ထမ်း၏ တနေ့တာရရှိသည့်
လစာထက်ဝက်ကျော်သာမက တရက်တာလစာ၏ ၄ဆနှင့် ၅ဆကျော်ထိ ဖြတ်တောက်မှုများ၊ ၀န်ထမ်းအချင်းချင်း
အလုပ်ချိန်အတွင်း စကားပြောလျှင်လည်း ၃ထောင်အထိ ဖြတ်တောက်ခြင်းမျိုးရှိကြောင်း၊ ရုံးတက်ချိန်တွင်
ဂိတ်ဝတွင် ၀န်ထမ်းများ၏ ခန္ဓာကိုယ်နှင့် အိတ်များကို ရှာဖွေမှုများ၊ လုံခြုံရေးဝန်ထမ်းများ၏
အကျဉ်းသားသဖွယ် ရိုင်းပျစွာ ဆက်ဆံခံရခြင်းများ၊ အချိန်ပို လုပ်အားခများ မပေးဘဲ ထမင်းကျွေး
ပြန်လိုက်ပို့ခြင်းဖြင့် လုပ်အားကို မတရားဖြတ်တောက်ခြင်းနှင့် လုပ်အားခေါင်းပုံဖြတ်ခြင်းများ၊
မတရားလုပ်အားပေးခိုင်းစေမှုများစသော အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်ချိုးဖောက်မှုများစွာကို
ကျူးလွန်ခြင်းမျိုးများရှိကြောင်း Sky Net၀န်ထမ်းအသိုင်းအ၀ိုင်းမှ အတွင်းသတင်းများအရ
သိရှိရသည်။
တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဦးကိုနီ၏ အဆိုအရ အလုပ်သမားဥပဒေအရ နိုင်ငံတော်၏
အလုပ်ပိတ်ရက်များတွင် အလုပ်ဆင်းရလျှင် တစ်ရက်လုပ်ခ၏ ၂ဆကို ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ပေးသည့်တိုင်အောင်
ဝန်ထမ်း၏ဆန္ဒ ပါရမည်ဖြစ်ကြောင်း၊ ၀န်ထမ်းတွင် အပြစ်ရှိလျှင်လည်း အရေးယူရာတွင် ရာထူးတိုး
လစာတိုး ဆိုင်းငံခြင်း၊ တစ်ရက်လုပ်အားခ၏ တစ်ဝက်ထက်မပိုသော ဒဏ်ကြေးကောက်ခံမှုမျိုးကိုသာ
ဆောင်ရွက်နိုင်ပြီး တစ်ရက်လုပ်အားခထက် ပိုသော ဒဏ်ကြေးကောက်ခံမှု လစာဖြတ်တောက်မှုကို
မဆောင်ရွက်နိုင်ကြောင်း၊ ပဋိဥာဏ်စာချုပ် ချုပ်ဆိုရာတွင်လည်း လိမ်ညာ၍ မက်လုံးပေးပြီး
ချုပ်ဆိုခြင်းမျိုးမဟုတ်ဘဲ ၀န်ထမ်း၏ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်နှင့် တစ်ဖက်သတ်မဆန်ဘဲ
မျှတသော စာချုပ်မျိုးသည်သာ အထမြောက်ကြောင်းနှင့် ထိုသို့မဟုတ်လျှင် ပဋိဥာဏ်စာချုပ်သည်
အလိုအလျောက်ပျက်ပြယ်ကြောင်းသိရှိရသည်။
ဝန်ထမ်းများအား အလုပ်မခန့်ခင် အင်တာဗျူးတွင် ၃လအစမ်းခန့်ကာလပြည့်မြောက်လျှင်
အတည်ပြု ခန့်ထားခြင်းခံရပါက လစာတိုးမည်ဖြစ်ပြီး ၃နှစ်စာချုပ် ချုပ်ဆိုလျှင် ရာထူးတိုး
လစာတိုး ခံစားခွင့်ရှိမည်ဟု ပြောကြားခဲ့သော်လည်း Sky Netမှ အမည်မဖော်လိုသူ ၀န်ထမ်းတစ်ဦးက
“အင်တာဗျူးတုန်းကတော့ အစမ်းခန့်ကာလ၃လပြည့်ရင် လစာတိုးပေးမယ်၊ ပြီးရင်စာချုပ်ချုပ်ရမယ်၊
စာချုပ်ချုပ်တဲ့သူတွေသာ ရာထူးတိုး လစာတိုးခံစားခွင့် ရှိတယ်လို့ပြောခဲ့ပေမယ့် အခု ၃လပြည့်လို့
စာချုပ်ချုပ်ပြီးတာ ၆လပြည့်တော့မယ်၊ ဘာလစာမှမတိုးဘူး၊ လစာသာမတိုးတာ ဖြတ်တာတွေတော့ တိုးတယ်၊
ကြားမိတာ ဘယ်Channelကလည်းတော့ မသိဘူး၊ တည်းဖြတ်ဝန်ထမ်းတစ်ယောက် ဖိုင်ပျောက်လို့ဆိုပြီး
လစာ ၅သောင်းနီးပါး ဖြတ်ခံရတယ်ကြားတယ်၊ အရေးယူတာယူပါ၊ ဒါပေမယ့် နည်းလမ်းကျကျ တရားသဖြင့်
အရေးယူ၊ ၀န်ထမ်းတွေက အကျဉ်းသားတွေလိုပဲ၊ မတရားဖိနှိပ်ခံနေရတယ်။ သူတို့ အလှူလုပ်တယ်
အလျှူလုပ်တယ်ဆိုပြီး ပိတ်ရက်မှာ ၀န်ထမ်းတွေကို ဆန္ဒမပါဘဲ အတင်းအကြပ် မတရားလုပ်အားပေး
ခိုင်းစေတာတို့ဟာ အရင်တုန်းက ရပ်ကွက်က လုပ်သလိုပဲ၊ နောက်ပြီး ပိတ်ရက်တွေဆင်းရရင် တစ်ရက်ပဲပေးနားတယ်၊
လစာနှစ်ဆမပြောနဲ့ OTတစ်ပြားမှတောင်မရဘူး၊ စကေးနဲ့ကျွေးတဲ့ ထမင်းတော့ မ၀မလင်စားရပါတယ်။”
Sky Net၏ အကျဉ်းထောင်သဖွယ် မေယုအိမ်ရာဝန်းအတွင်း ၀န်ထမ်းများ နေ့စဉ် ခံစားနေရမှုကို
ပွင့်လင်းစွာ ပြောပြခဲ့သည်။
မြန်မာပြည်ဖွား တရုတ်လူမျိုးခရိုနီပိုင် ရွှေသံလွင်မီဒီယာ (Sky Netနှင့်
Shwe FM)နှင့် ခရိုနီများသည် ငွေများငွေနိုင်ဆိုသလို ဥပဒေအထက်တွင် ငွေဖြင့်ပုံအောပြီး
ပြည်သူလူထုအပေါ် မတရား ဂုတ်သွေးစုပ်ချယ်လှယ်နေမှုကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထုမှာ
များစွာ ဖိနှိပ်ခံ၊ ဆင်းရဲဒုက္ခရောက်နေရခြင်းဖြစ်ကြောင်း၊ ယင်းမှာ တရားဥပေဒစိုးမိုးမှုအပါအ၀င်
အစိုးရ၏ မှန်ကန်သော ပြုပြင်ပြောင်းလဲမှု ဒီမိုကရေစီကျမှုကို ဖော်ညွှန်းပြသနေခြင်းလည်းဖြစ်သည်ဟု
နိုင်ငံရေး လေ့လာသူများနှင့် အင်တာဗျူးလုပ်ခဲ့သည့် နိုင်ငံခြားသားအချို့က ဆိုသည်။
မကြာသေးမီ လအတွင်းကလည်း
Sky Netကားဖြင့် တိုက်မှုကြောင့် လူ၂ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတွင်
Sky Netမှ ယာဉ်မောင်းမှာ ၂ပတ်သာ အချုပ်ကျခဲ့ပြီး Sky Netမှ အာမခံလုပ်ပေးကာ ယခုအခါတွင်
အမှုရင်ဆိုင်နေရသော်လည်း ပြင်ပတွင် နေထိုင်နေရရုံသာမက အမှုမပြီးခင်အထိ လိုင်စင်သိမ်းဆည်းခံရမှုကြောင့်
လိုင်စင်မရှိဘဲ Sky Netတွင်ပင် ဆက်လက် ကားမောင်နေပြီး ထိုသို့မောင်းနှင်နေစဉ် ထပ်မံ၍
ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့သေးကြောင်း ယင်းယာဉ်တိုက်မှုမှာတော့ တရားရုံးအထိမရောက်ဘဲ
ရဲနှင့် တဖက်လူတို့အား လျော်ကြေးပေး ပြီးဆုံးခဲ့ကြောင်း ယင်းမှာ တရားဥပဒေစိုးမိုးရေးနှင့်
ခရိုနီတို့၏ အုပ်ချုပ်ရေး တရားရေးတို့အပေါ် လွှမ်းမိုနေမှု ရှိမရှိ ဖော်ညွှန်းပြသရာရောက်နေသည်။
ထိုသို့သော ရွှေသံလွင်မီဒီယာ၏
ဥပဒေမဲ့လုပ်ရပ်များနှင့် တစ်ဖက်သတ်ဆန်လွန်သော ပြည်သူ့ဆန္ဒမလေးစားဘဲ ပွင့်လင်းမြင်သာမှုမရှိသော
စာချုပ်များအပေါ် ပြန်လည်ဆန်းစစ်ခြင်း၊ အရေးယူဆောင်ရွက်မှုများ မရှိသော်လည်း သတင်းရယူနေစဉ်
အမှု၃မှုဖြင့် တရားစွဲကာ သေးသောအမှု ပပျောက်စေခြင်းမရှိဘဲ အမျိုးသမီးတစ်ဦးအား အမြင့်ဆုံးသော
ထောင်ဒဏ်၃လချမှတ်ခံမှုသည်တော့ ရှိခဲ့ခြင်းမှာ ခရိုနီမဟုတ်သော မီဒီယာများနှင့် ပြည်သူလူထု၏
ရင်တွင် အစိုးရ၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ မေတ္တာကို ရင်နာစွာဖြင့် မှတ်ကျောက်တွင်ခဲ့သည်။
ပြည်သူ့ကျိန်စာကို မကြောက်ရွံ့သော သူတို့အပေါ်ကိုလည်း နားလည်ရခက်စွာဖြင့်
သတင်းဇာနည်မီဒီယာ (ပြည်သူ့အသံ သတင်းအမှန်)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်