အမြန်လမ်းခရီး သတိရှိပါ

ရန်ကုန် မန္တလေး အမြန်လမ်း တွင် ကျွန်တော်၏ ညီလေးများ လက်တွေ့ ကြုံ ခဲ့ရသော ကြောက်စရာ အဖြစ်အပျက် ဖြစ်ပါသည်။

28. 1.2014 ည ပိုင်း တွင် (12နာရီခန့်)
ရန်ကုန်မှ နေပြည်တော်သို့အသွား မိုင်တိုင် ၉၆ အနီးတွင် လမ်းမကြီးပေါ် ၌ ကွန်ကရစ်တုံးများ ကန့်လန့်ဖြတ် ခင်းထားပါသည်။ ရုတ်တရက် အရှိန်ဖြင့်
မောင်းလာသည်ဖြစ်၍ ဘရိတ် အုပ်မရပဲ ဘီးဖြင့် တိုက်မိက ကားဘီးကွဲ ၍ ကားမှောက်လိမ့်သွားမှာ စိုးသည့်အတွက် အလည်တည့်တည့်မှပဲ ဖြတ်နင်းလိုက်ပါသည်။

ကားမှာ ကွန်ကရစ်တုံး ဖြင့်မလွတ်ပဲ ကားအောက်ပိုင်းအင်္ဂျင် ကန်ပွင့် သွား
ရာ အရှိန်ထိန်း၍ ထိုးရပ်လိုက်ပါသည်။ ထို အချိန်တွင်လမ်းဘေးမှ အဆင်သင့်
ဒုတ်များနှင့်လူများ အဆင်သင့် စောင့် နေသည်ကို မြင်လိုက်ရာ ဒါဟာ လုယက်ဖို့ လုပ်ကြံထားတာကို သိလိုက်ရပါသည်။

ကားကမှောက်မသွားသဖြင့် ၄င်းလူများက အခြေအနေကို အကဲခတ်နေပါသည် ယောက်ကျားလေးများဖြစ်၍ ချက်ချင်းမကပ်နိုင်ခင် လမ်းမပေါ်ရှိ ကားများအားအကူအညီတောင်းရန် တားလိုက်ရာ အမျိုးသား ၅ ယောက်ပါသော ကားတစ်စီးမှ ရပ်တန့်သဖြင့် ရှင်းပြရာ အခြားကားများပါရပ်သဖြင့် ထိုလူများထွက်ခွါသွားကြပါသည်။ ကားအား၁၁၅ မိုင်ဝပ်ရှော့မှ လာဆွဲစဉ် အခြားကားတစ်စီးလဲ ထိုသို့ ပင်ဖြစ်သည်ဟု သိရပါသည်။

၁၁၅ မိုင်မှပြောပြသည်မှာ လုယက်သူများမှာ ယခင်က မိုင်တိုင် ၁၀၁ တွင် လုယက်နေရာမှ နေရာပြောင်း၍ လှုပ်ရှားနေမှန်းသိရပါသည်။ခရီးသွား
ပြည်သူများသတိထားသွားလာရန် အသိပေးခြင်းဖြစ်ပါသည်။
တာဝန်ရှိသူများလဲ ကူညီဆောင်ရွက်ရန် မေတ္တာ ရပ်ခံအပ်ပါသည်။
U Myat Nyein

CM2
www.facebook.com/CarMarketInMyanmar

0 မှတ်ချက်များ: