မြန်မာ့ လေကြောင်း မှာ သုံးဖို့  ဘိုးရင်း လေယာဉ် ဆယ်စီး ကို ဒေါ်လာ တစ်ဘီလျှံ နီး ပါ နဲ့  ၀ယ်
အာရှ တိုက် ရဲ့ အကြီးဆုံး လေကြောင်း ပြ ပွဲ ဖြစ် တဲ့ စင်္ကာ ပူ လေကြောင်း ပြပွဲ
Singapore Airshow ကို သွား တဲ့ ကိုယ်စားလှယ် တွေ ဟာ မြန်မာ့ လေကြောင်း
လိုင်း အတွက် အမေရိကန် နိုင်ငံ လေယာဉ် ကုမ္ပဏီ ဖြစ် တဲ့ ဘိုးရင်း လေကြောင်း
လိုင်း က ထုတ် လုပ် တဲ့ 737 လေယာဉ် ခြောက် စီး နဲ့  မထုတ် လုပ် ရသေး တဲ့
နောက်ဆုံး မျိုးဆက် Boeing Max ကို ငှား ရမ်း အသုံး ပြု ဖို့  အင်္ဂါ နေ့  က စာ
ချုပ် ချုပ် ဆို ခဲ့ တယ် လို့  ပို့  ဆောင် ရေး ၀န်ကြီး ဦးဥာဏ် ထွန်း အောင် ရဲ့ ပြော
ကြား မှု ကို ကိုကား ပြီး AFP သတင်း မှာ ဖော် ပြ ထား ပါတယ်။
ဘိုးရင်း လေယာဉ် ဆယ်စီး အတွက် အမေရိကန် ဒေါ်လာ သန်း ၉၆၀ ကျော် ပေး
ချေ ရ မှာ ဖြစ် ပါတယ်။
မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံ အမတ် ကြီး ဒရက်(ခ) မစ်ချဲလ် က လည်း
” ဆယ်စု နှစ် ပေါင်း များ စွာ အတွင်း အမေရိကန် နဲ့  မြန်မာ ကြား အကြီးမားဆုံး
ရောင်း ၀ယ် မှု ကြီး ” လို့  ပြောပါတယ်။
မြန်မာ နိုင်ငံ မှာ အစော ဦးဆုံး လာရောက် အခြေစိုက် တဲ့ အမေရိကန် GE ကု
မ္ပဏီ ရဲ့ GE Capital Aviation Services (GECAS)  ဆို ဆဲ့ GE လေကြောင်း
ဆိုင်ရာ ငွေပေးချေမှု များ ၀န်ဆောင် မှု က နေ မြန်မာ့  လေကြောင်း က ၀ယ်
ယူ လိုက် တာ ဖြစ် ပါတယ်။
၇၃၇ အမျိုးအစား လေယာဉ် တွေ က လည်း အသစ် တွေ ဖြစ် ပြီး ၊ အခု မှ ဘိုရင်း
Boeing 737 Max လေးစီး ကို လည်း မြန်မာ အစိုးရ က မှာ ယူထား ပါတယ်။
ဒီလေယာဉ် တွေ ကို အမေရိကန် က နေ မြန်မာ နိုင်ငံ ကို ၂၀၁၅ ခုနှစ် ဇွန်လ က နေ
၂၀၂၀ ခုနှစ် ထိ အသုတ် လိုက် လွှဲ ပြောင်း ပို့  ဆောင် မှာ ဖြစ် တယ် လို့  အရောင်း
အ၀ယ် ဖြစ် ခဲ့ တဲ့ ဘိုးရင်း က ပြော ပါတယ်။
ဘိုးရင်း ၇၃၇ လေယာဉ် တွေ ကို အမေရိကန် လေကြောင်း လိုင်း တွေ ဖြစ် တဲ့ ယူနိုက်
တက် ၊Southwest Airlines  နဲ့  American Airlines တို့  က အသုံး ပြု ပါတယ်။
ဝန်ကြီး ဦးဥာဏ် ထွန်း က ဒီလေယာဉ် တွေ ကို အသုံး ပြု ပြီး တောင်ကိုရီးယား နဲ့  ဂျပန်
၁၉၄၈ ခုနှစ် မှာ စတင် တည် ထောင် ခဲ့ တဲ့ မြန်မာ လေကြောင်း လိုင်း ဟာ ဟောင်းနွမ်း
နေပြီ ဖြစ်တဲ့ ဖော်ကာ နဲ့  စက်နှလုံး တပ် လေယာဉ် တွေ ကို ပဲ အသုံး ပြု ဆဲ ဖြစ် ပါတယ်။
Boeing 737 – 700 လေယာဉ် တစ်စီး ဟာ အမေရိကန် ဒေါ်လာ ၇၉ သန်းတန် ကြေးရှိ
ပြီး Max က တော ဒေါ်လာ သန်း ၁၁၀ တန် ကြေး ရှိ ပါတယ်။
စင်္ကာ ပူ လေကြောင်း ပြပွဲ တွင် ကာကွယ်ရေး နှင့် စစ်ဘက် ဆိုင်ရာ သုံး လေယာဉ် များ ပါ
ပြသ ထား ခြင်း ကြောင့် မြန်မာ့ စစ်တပ် မှ ဒုကာကွယ်ရေး ဦစီး ချူပ် ဒုတိယ ဗိုလ်ချုပ်ကြီး
စိုးဝင်း လည်း စင်္ကာ ပူ သို့  ရောက်ရှိ နေသည်။
အမေရိကန် နိုင်ငံ ကာလီဖိုးနီးယား ပြည်နယ် ရှိ FNG သတင်းဌာန မှ ဤ သတင်း ကို ရေး
သား တည်း ဖြတ်သည်။
http://freedomnewsgroup.com/2014/02/12/mm-buy-boeing/
0 မှတ်ချက်များ: