မလေးရှားသတင်း (၆.၂.၂၀၁၄)
မနေ့ ၅.၂.၂၀၁၄ ရက်နေ့ thestar သတင်းဌာနမှ မလေးရှားလဝက ညွှန်ကြားရေးမှူးချုပ် Immigration director-general Datuk Alias Ahmad ၏ ပြောကြားချက်အား မလေးရှား အစိုးရ၏ ကြော်ငြာချက် တစ်ခု အနေဖြင့် သတင်းစာများတွင် ဖော်ပြသွားခဲ့သည် ။
သတင်းပါရေးသားချက်များအရ ..
OPS 6P Bersepadu တွင်ဖမ်းဆီးရမိသော မြန်မာတရားမဝင်နိုင်ငံသားများကို ပြည်နှင်ဒဏ်ပေးရန်အတွက် မြန်မာအစိုးရက နိုင်ငံသားမဟုတ်ကြောင်းငြင်းပယ်သောကြောင့် ခက်ခဲနေကြောင်း ။
လဝက ညွှန်ကြားရေးမှုချုပ် ဒါတွတ် အလိယတ်အာမက် (ယခင်အော်ပရာစီများအကြောင်းကို တရားဝင်ကြော်ငြာသူ) မှ ကွာလာလမ်ပူရှိ မြန်မာသံရုံးမှ အဆိုပါ အဖမ်းခံရသူများကို တရားဝင် ခရီးသွားအထောက်အထား ထုတ်ပေးရန် ငြင်းဆိုခဲ့ကြောင်း ။
" ကျွန်တော်တို့အနေနဲ့ သူတို့အစိုးရက သူ့နိုင်ငံသား ဖြစ်ကြောင်း မသတ်မှတ်နိုင်သေဘူးလို့ပြောနေတော့ ဘယ်လိုပြန်ပို့ရမလဲ " လို့ ဒါတွတ်အလီယတ်က ပြောဆိုသွားခဲ့ပါတယ် ။
ထို့အတူ ဒါတွတ်အလီယတ်မှ
"သူတို့မြန်မာစကားပြောတယ် ၊ ဒါပေမယ့် သူတို့အစိုးရက မြန်မာနိုင်ငံသားမဟုတ်တဲ့အတွက် ခရီးသွားအထောက်အထား မထုတ်ပေးဘူးလို့ငြင်းထားတယ် ၊ ဆိုတော့ ကျွန်တော်တို့ နိုင်ငံထဲက ဒီလူတွေကို ဘယ်လို မလေးရှားထဲက တွန်းထုတ်ရမလဲ "
အဆိုပါတာဝန်အား သက်ဆိုင်ရာ လက်လွဲပြောင်းမည့် ဌာနတာဝန်ခံ အလိုယ မာမက်ထံ လွဲအပြီး ထုတ်ဖော်ပြောကြားသွားခဲ့သည် ။
သို့ကြောင့် လဝက ညွှန်ကြားရေးမှူးချုပ် အလီယတ်မှ တဆင့် အဆိုပါ ကိစ္စကို ပူးပေါင်း ကူညီရန် ပြည်တွင်းကူးသန်း ၊ ပူးပေါင်း ဆောင်ရွက်ရေးဌာန အထွေထွေ အတွင်းရေးမှူး Aloyah ထံလွှဲပြောင်းထားပြီး လဝက သို့ အဆိုပါ တာဝန်ခံရောက်ရှိဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည် ။
အဆိုပါ ဌာန နှစ်ခုလုံး ထိုကိစ္စကို ယနေ့စတင်ပြီဖြစ်ကြောင်းသိရသည် ။
Alias မှထပ်မံပြီး မြန်မာနိုင်ငံသား ဆိုသူ ၅၀၀ ကျော် မလေးရှား ထိမ်းသိမ်းရေးစခန်းများတွင် ယနေ့ရှိနေကြောင်း ထိုသူများအတွက် Wisma Putra (အုပ်ချုပ်ရေးဌာန)သို့ ဖြေရှင်းပေးရန် တောင်းဆိုထားကြောင်း...
ကို သတင်းဌာနများမှ ကြော်ငြာသွားခဲ့သည် ။
အဆိုပါကိစ္စအတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ရှိ မြန်မာသံရုံးမှ တရားဝင် ဖြေရှင်းရန် ဆောင်ရွက်လျှက်ရှိပြီး မည်သို့ဖြေရှင်းမည်ကို မလေးရှားရောက် မြန်မာများ စောင့်ကြည့်ရန် လိုကြောင်း သုံးသပ်သည် ။
အဆိုပါ သတင်းအရ မြန်မာတိုင်းရင်းသားများကြား စိုးရိမ်စိတ်များ ဝင်လျှက်ရှိပြီး မြန်မာနိုင်ငံသို့ ပြန်မရောက်မည်ကို စိုးရိမ်ကြောင်း သိရသည် ။
သို့သော် မြန်မာအစိုးရအနေဖြင့် မည်သည့် တိုင်းရင်းသား ဖြစ်စေ မြန်မာနိုင်ငံမှ တာဝန်ယူမည်ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံသား ဖြစ်မဖြစ်ဆိုသည်ကို တိတိကျကျ စစ်ဆေးမည်ဖြစ်ကြောင်း ဖုန်းဆက်မေးမြန်းချက်အရ သိရသည် ။
ယခင် သံအမတ်ကြီး လက်ထက်တွင် အဆိုပါ ကန့်များထဲမှ အဖမ်းခံရသူများကို ထုတ်ရန် ကိုယ်စားလှယ်များ ခန့်အပ်ပြီး ဝန်ဆောင်ခ ၆၅၀ ယူကာ ကထရိုက်စနစ်ဖြင့် ထုတ်ပေးခဲ့ကြောင်းသိရသည် ။
ယခု အခါ သံအမတ်ကြီး ဦးတင်လတ် မရှိတော့ပဲ နောက်ရောက်လာမည့် သံအမတ်ကြီး ကြားကာလတွင် သံရုံး ဆောင်ရွက်ချက်များ နှေးကွေးနေမည်ဖြစ်ကြောင်း ယူဆသည် ။
မည်သို့ဆိုစေ ကျွန်တော်တို့ မီဒီယာတစ်ခုအနေဖြင့် အရှိ ၊ အသိ အတိုင်း တိကျစွာ ဖြင့် မလေးရှားရောက် နိုင်ငံသားများ ကို အသိပေးမည် ။
ဆက်လက်ပြီး ထူးခြားသတင်းများ၊ ကြော်ငြာချက်များ ၊ အသိပေးချက်များရှိပါက တင်ဆက်ပေးသွားမည် ။
မလေးရှားရောက် မြန်မာများ facebook
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်