ပျောက်ဆုံးလေယာဉ်၏ 1st. Officer အတူ လေယာဉ်မှုးခန်းအတွင်း ၂၀၁၁ ခုနှစ်တွင် လိုက်ပါခရီးသွားဖူးကြောင်း အမျိုးသမီးတစ်ဦး ပြောကြား

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် MH-370 ကိုမောင်းနှင်တဲ့ 1st. officer ဖြစ်သူဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဆယ်ကျော်သက်အမျိုးသမီးနှစ်ဦးကို လေယာဉ်မောင်းခန်းထဲ စီးနင်းလိုက်ပါဖို့ ဖိတ်ခေါ်ခဲ့ဖူးကြောင်း ကာယကံရှင် အမျိုးသမီးညဖစ်သူက ပြောဆိုပါတယ်။

Honti Ross လို့ အမည်ရတဲ့ အမျိုးသမီးဟာ ၄င်းသည် ယခုပျောက်ဆုံးနေသော မလေးရှားလေယာဉ်၏ 1st. officer ဖြစ်သူ Fariq Ab Hamid နဲ့  Facebook Friends ဖြစ်ကြောင်း Australian Channel 9 ရဲ့  “ A Current Affair “ TV အစီအစဉ်မှာ ပြောကြားသွားပါတယ်။

၂၀၁၁ ခုနှစ်တုန်းနဲ့ Roos နဲ့ သူမရဲ့ သူငယ်ချင်းဟာ လေယာဉ်စောင့်ဆိုင်းနေချိန် Hamid နဲ့  အခြားပိုင့်လော့တစ်ဦး ရောက်ရှိလာပြီး လေယာဉ်မှူးအခန်းထဲလိုက်၍ ခရီးသွားမလားလို့ ဖိတ်ခေါ်ခဲ့ကြောင်း Roos နှင့် သူငယ်ချင်းမှ သဘောတူခဲ့ပြီး ၄င်းတို့ မောင်းနှင်မည့်လေယာဉ်တွင် ခုံစီစဉ်ခိုင်းခဲ့ကြောင်းနှင့် လေယာဉ်မှူးအခန်းတွင် လိုက်ပါခဲ့ဖူးကြောင်း။ လိုက်ပါစဉ်အချိန်က ၄င်းတို့ နှင့် တွဲရိုက်ထားသည့် ပုံများလဲ ရှိကြောင်း…..

ယခု ပျောက်ဆုံးလေယာဉ်သတင်းကြားရစဉ် 1st. officer Hamid မှာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက ဖူးခက်မှ ကွာလာလမ်ပူခရီးစဉ်တွင် ၄င်းတို့ အား လေယာဉ်မှူးအခန်းတွင် လိုက်ပါရာ ဖိတ်ခေါ်ခဲ့ဖူးသူဖြစ်ကြောင်း သတိရ၍ “ A Current Affair “ အစီအစဉ်သို့  Facebook မှတဆင့် E-Mail ပို့ ပေးလာကြောင်း ….
ထိုအချိန်က အမျိုးသမီးနှစ်ယောက်မှာ တောင်အာဖရိကတွင်နေထိုင်ပြီး ကမ္ဘာလှည့် ခရီးသွားနေခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

အသက် ၂၇ နှစ်ရှိ Hamid သည် မလေးရှားအဲတွင် 2007 ခုနှစ်တွင် အလုပ်ဝင်၍ နာရီပေါင်း ၂၇၆၃ ပျံသန်းအတွေ့ အကြုံရှိကြောင်း မလေးရှားအဲလေကြာင်း ဝက်ဆိုက်ဖော်ပြချက်အရ သိရသည်။

မလေးရှားအဲလိုင်းအနေဖြင့် ထိုသတင်းကို ကြားမိ၍ လွန်စွာမှ ထိတ်လန့် မိကြောင်းနှင့် ယခုလေယာဉ်ပျောက်ဆုံးမှုသည် ထိုခဲ့သို့ လေယာဉ်မှူးအခန်းအတွင်း ခရီးသည် သည်ဆောင်သွားခြင်းရှိမရှိ စိုးရိမ်မိကြောင်း….

သို့ သော်လည်း သတင်းဓါတ်ပုံများနှင့် ဗီဒိယိုကို သေချာစိစစ်မည်ဖြစ်ကြောင်း ၄င်းတို့  မလေးရှားအဲ ဝက်ဆိုက်တွင် ရေးသားထားသည်။

http://edition.cnn.com/2014/03/11/world/asia/malaysia-airlines-cockpit-companions/index.html?hpt=hp_t1

1 မှတ်ချက်များ:

Anonymous said...

Today, I went to the beach front with my children.
I found a sea shell and gave it to my 4 year old daughter
and said "You can hear the ocean if you put this to your ear." She placed the shell to her
ear and screamed. There was a hermit crab inside and it pinched her ear.
She never wants to go back! LoL I know this is entirely
off topic but I had to tell someone!
My webpage : www.chinasouthern.es