ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် သရက်တပင်ကျေးရွာ တွင်
ရွာအတွင်းရှိ ခုံးတံတားပြုပြင်ရန်၊ အုတ်ဖုတ်ရန်အတွက် ကျေးရွာအုပ်ချုပ်
ရေးမှူးဦးမြင့်စိုး ဦးဆောင်၍ ရွာသူရွာသား များဝိုင်းဝန်းပြီး
ကျောင်းကြီးရွာနှင့် သရက် တပင်သွားသော လမ်းဘေးရှိ ဦးမြင့်စိုးပိုင်
ခြံမြေအတွင်း ဖေဖော်ဝါရီ ၁၅ရက်မှစတင် တူးရာ ၁၉ရက် ညနေ ၃ နာရီတွင် နဂါး
လိုလိုနယား လိုလိုအကောင်၏ ကိုယ်ထည် ပိုင်းကို စတင်တွေ့ခဲ့သည်။
ဆက်လက်၍ တူးရာတွင် ဘုရား ပုလ္လင်ထောင့်ပိုင်း ပေါ်လာသဖြင့် သက်ဆိုင် ရာဌာနများသို့ အကြောင်းကြားခြင်း၊ သံဃာ တော်များ ပင့်ဖိတ်ပြီးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဆွမ်းလှူဒါန်းခြင်း၊ ကောင်းမှုကုသိုလ်များအတွက် ရေစက်ချ အမျှပေးဝေခြင်းများ ဆောင်ရွက်ကြသည်။
မတ် ၂၈ ရက်တွင် ပြည်မြို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မျိုးကျော်၊ ရှေးဟောင်းသုတေသနသင်တန်းကျောင်း ဦးစီးအရာရှိ ဦးထွန်းထွန်းအေး၊ နည်းပြ ဦးမာန်သစ်ငြိမ်းတို့ လာရောက် ကြည့်ရှု စစ်ဆေးခဲ့ရာ ယင်းစေတီမှာ ၁၉ရာစု ကိုလိုနီ ခေတ်ကဖြစ်ပြီး နှစ်ပေါင်း၂ဝဝ ကျော် ရှိပြီဖြစ်ကြောင်းနှင့် ကိုးတောင်ပြည့်စေတီ ဖြစ်သည်ဟု ပြောပြသည်။
ယင်းနေ့တွင် ငွေဖြင့်သွန်းလုပ် ပူဇော် ထားသော ဥာဏ်တော် သုံးလက်မခန့် ဘုရား နှစ်ဆူ၊ လုံးပတ်နှစ်လက်မ ပတ်လည် အမြင့် နှစ်လက်မခွဲ ကြေးခေါင်းလောင်း တစ်ခု၊ သစ်မြစ် လက်ဝါးပုံသဏ္ဌာန် တစ်ခု နှင့် ဥက္ကာခဲ ဆန်ဆန် အဖြူရောင်အခဲများတွေ့ ရှိ၍ဘုရားဖူးများ၊ လေ့လာလိုသူများ ဖူးတွေ့ နိုင်ရန်ထားရှိသည်။
ဆက်လက် တူးဖော်ကြရာ စေတီပလ္လင် ပတ်လည်တွင် အရှေ့၊ အနောက်၊ တောင်၊ မြောက် အပေါက်လေးခုပါသော နဂါးရှစ် ကောင်ပတ်အုတ်ရိုးနှင့် အရုပ်များတွေ့ရ သည်။ အရှေ့ပေါက် ဘယ်ညာတွင် နတ်ရုပ် နှစ်ရုပ်၊ အနောက်နှင့်တောင်၊ မြောက် အပေါက်တို့တွင် နဂါးဦးခေါင်းများ တွေ့ရ သည်။
နဂါးအုတ်ရိုးက မြေအောက် လေးပေ မြင့်ပြီး အုတ် ၁၆ လွှာဖြင့် ကာရံထားသည်။ အရှေ့တောင်ထောင့် မနုဿီဟ၊ အနောက် တောင်ထောင့်တွင် မနုဿီဟ၊ အနောက် မြောက် ထောင့်၌ နတ်ဘီလူးရုပ်တုနှင့် အရှေ့မြောက်ထောင့်တွင် ရင်ဘတ်လက် ယှက် နတ်ရုပ်တို့ဖြင့် အသီးသီးဝန်းရံထား သည်ကို တွေ့ရသည်။
နဂါး အရှည်ပေ ၂ဝ စီရှိပြီး ကျောပြင် အကျယ် ၃ ပေ ၃ လက်မ၊ မျက်နှာစာ တစ်ခုစီတွင် ၄၃ ပေ ရှည်၍ ဝင်ပေါက်များ သည် သုံးပေအကျယ်ရှိသည်။ အလယ် ပလ္လင်နှင့် နဂါးအုတ်နံရံ အကွာအဝေး ၁၃ ပေ ခြောက်လက်မ၊ ပလ္လင်၏ထောင့်လေး ထောင့်တွင် ခြင်္သေ့တစ်ကောင်စီရှိသည်။ လေ့လာရင်း ဘုရားဖူးလာလိုပါက နတ် တလင်းမြို့မှ အနောက်ဘက် နှစ်မိုင်ခန့်ကွာ ကျောင်းကြီးရွာနှင့် သရက်တပင်ရွာသွားသော လမ်းဘေးတွင်ရှိ၍ နတ်တလင်းမြို့ရောက် လျှင် မည်သူ့ကိုမဆို မေးမြန်းနိုင်ပြီး ဆိုင် ကယ်၊ သုံးဘီးကယ်ရီများဖြင့် လာရောက် နိုင်ကြောင်း တင်ပြအပ်ပါသည်။
တင်မြင့်-နတ်တလင်း
Myanmaalinn
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်