လက်ထောက်သံအမတ်ကြီး ဦးတင်မောင်နိုင် အာဏာလုစစ်ကောင်စီအတွက် ကိုယ်စားမပြုပေးနိုင်

ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်အဖြစ် တရားမ၀င်သော အာဏာလုစစ်ကောင်စီအား ကိုယ်စားပြုပေးရမည့် ရာထူးတာ၀န်ကိုစွန်လွှတ်လိုက်ပြီး ကြေညာခဲ့ကြောင်း သိရသည်။

ယနေ့တွင် မြန်မာပြည်သူများမှ ရွေးကောက်တင်မြှောက်ထားသည့် သမ္မတကြီး ဦးဝင်မြင့်ဦးဆောင်သော တရားဝင်ပြည်ထောင်စုအစိုးရမှ ခန့်အပ်တာဝန်ပေးထားသည့် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ခန့်အပ်တာဝန်ပေးထားသည့် ရာထူးတာဝန်အား အာဏာလုစစ်တပ်မှ လက်ထောက်သံအမတ်ကြီး ဦးတင်မောင်နိုင်နဲ့ အစားထိုးရန် ကုလသမဂ္ဂအား တရားဝင်အကြောင်းကြားခဲ့သည်။

ထို့ကြောင့် ဦးတင်မောင်နိုင်မှ အာဏာသိမ်းစစ်တပ်၏ တရားမဝင်သောစစ်ကောင်စီအား ကိုယ်စားပြုရမည့် ရာထူးတာဝန်အား စွန့်လွှတ်လိုက်ခြင်းဖြစ်ပြီး ဦးတင်မောင်နိုင်မှ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား တောင်းပန်ခဲ့ကြောင်း သိရသည်။

လက်ရှိမှာ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံအား တရားဝင်ကိုယ်စားပြုသူ ပြည်ထောင်စုအစိုးရကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းသာ တရားဝင်ရာထူးနေရာအား ဆက်ခံသွားရန်ရှိနေသည်။

 

0 မှတ်ချက်များ: