မြန်မာလူမျိုးသင်္ဘောသားနှစ်ဦးပါဝင်သည့် ကုန်တင်သင်္ဘောတစ်စီး ယနေ့နံနက်ပိုင်းက မီးသင့်လောင်ကျွမ်းခဲ့သည်။
ကမ္ဘောဒီးယားအလံလွှင့်ထူထားသည့် အဆိုပါ ကုန်တင်သင်္ဘောဝယ် သင်္ဘောသား(၉)ဦးပါဝင်သည့်အနက် (၇)ဦးမှာ တရုပ်လူမျိုးများဖြစ်ပြီး ကျန်(၂)ဦးမှာ မြန်မာလူမျိုးများဖြစ်ကြသည်။
အဆိုပါသင်္ဘောသည် ဂျပန်နိုင်ငံ အနောက်တောင်ဖက် ကီတာကျူးရှုးကမ်းခြေအနီးတွင်မီးလောင်ခဲ့သဖြင့် မီးသတ်သင်္ဘောများဖြင့် မီးကိုငြိမ်းသတ်ခဲ့ရသဖြင့် မီးလောင်ပြီးမကြာမီတွင်ပင် မီးငြိမ်းသွားခဲ့ရာ ထိခိုက်ဒဏ်ရာရသူမရှိကြောင်းသိရသည်။ ပျက်စီးဆုံးရှုံးမှုကိုမူ တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးချေ။
ယင်းကုန်တင်သင်္ဘောသည် သံတိုသံစ တန်ချိန် ၉၈၀ မျှကိုသယ်ဆောင်လာပြီး၊ ဂျပန်အရှေ့ဖက်ကမ်းခြေ ချီဘားဆိပ်ကမ်းမှထွက်ခွာလာကာ တရုတ်နိုင်ငံ နင်ဘိုဆိပ်ကမ်းဆီသို့ဦးတည်ထွက်ခွာလာခြင်းဖြစ်ကြောင်းသိရသည်။
002
photo: AFP
ref: Bernama
Popular Myanmar News Journal' Facebook

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်