မုံရွာခရိုင် လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းနယ်မြေရှိ ဖွင့်လှစ်ထားသည့် သပိတ်စခန်းများ အားလုံးကို ယနေ့ည ၁၂ နာရီ
နောက်ဆုံးထား ဖယ်ရှားပေးရန် နှင့် ဖယ်ရှားခြင်းမပြုပါက ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများနှင့် အညီ
အဆင့်ဆင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက
သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း ယနေ့ည ၈ နာရီတွင် မြန်မာ့ ရုပ်မြင်သံကြားက သတင်း ထုတ်လွှင့်သွားသည်။
လက်ပံတောင်းတောင်
ကြေးနီးစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်၊ ဒေသခံတို့၏ လူနေမှုဘ၀၊
နိုင်ငံအကျိုးစီးပွားတို့ ရေတို ရေရှည် ထိခိုက်မှု အကျိုးရှိခြင်းနှင့်
ပတ်သက်၍ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းစစ်ဆေးမည်ဖြစ်ပြီး ယင်းသို့
စစ်ဆေးနိုင်ရန်အတွက် စီမံကိန်းပုံမှန်လည်ပတ်နေရန်လိုအပ်ခြင်းကြောင့် သပိတ်စခန်းများဖွင့်လှစ်ထားပါက စစ်ဆေးခြင်း
မပြုနိုင်သောကြောင့် သပိတ်စခန်းများ
ဖယ်ရှားပေးရန် သတိပေးရခြင်းဖြစ်ကြောင်းနှင့်
သပိတ်စခန်းများ
ဖွင့်လှစ်ထားသဖြင့် ကြေးနီစီမံကိန်းကို ယခုလ ၁၈ ရက်နေ့ကတည်းက
မလည်ပတ်နိုင်ကြောင်းနှင့် စုံစမ်းစစ်ဆေးရေး ပြုလုပ်နိုင်ရန် သပိတ်စခန်းများ
ဖယ်ရှားဖို့ လိုအပ်ခြင်းဖြစ်သည်ဟု လည်း မြန်မာ့ရုပ်မြင်သံကြား သတင်းကြေညာ
ချက်တွင်ကြေညာသွားခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း နှင့်
ပတ်သက်၍ ယမန်နေ့က ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့ကြသည့် တက်ကြွလှုပ်ရှားသူ
အနည်းဆုံး ၆ ဦးကို နိုင်ငံတော် အသရေဖျက်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့်
အမှုဖွင့်လှစ်ကာ ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်သို့
ယနေ့ပို့ဆောင်လိုက်ကြောင်း ယင်းလှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့်
အမျိုးသမီးကွန်ရက်ဝင်တစ်ဦးက ပြောသည်။
သတင်းထောက်ကေ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ယနေ့ ည ၁၂နာရီ နောက်ဆုံးထား မဖယ်ရှားလျှင် အရေးယူတော့မည်
Subscribe to:
Post Comments (Atom)
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်