Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

ချပ်သင်းဆေးရုံကိစ္စ Live လွှင့်ခဲ့သည့် ကျူရှင်ဆရာများ ပြန်လည်တောင်းပန်

 ချပ်သင်းတိုက်နယ်ဆေး ရုံတွင် ဆေးမလုံလောက်မှုနှင့် ပတ်သက်ပြီး ဆေးရုံတာဝန်ရှိသူ များကို ပုတ်ခတ်ပြောဆိုကာ ဖေ့စ်ဘွတ်ခ်၌ တိုက်ရိုက်လွှင့်ခဲ့ သည့် ကျူရှင်ဆရာသုံးဦးက သုံး ရက်အကြာတွင် ပြန်လည်တောင်း ပန်ခဲ့သည်။

သြဂုတ် ၁၄ ရက်က ချပ် သင်းတိုက်နယ်ဆေးရုံရှိ ဆရာဝန် ကြီးနှင့် ဆေးရုံဝန်ထမ်းများကို မြို့ နယ်ရဲတပ်ဖွဲ့၊ ရပ်မိရပ်ဖများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ရှေ့ မှောက်တွင် တရားဝင် တောင်း ပန်ခဲ့သည်။

‘‘ကျွန်တော့်အနေနဲ့တော့ အခုဖြစ်ခဲ့တဲ့ပြဿနာအတွက် ကျေအေးပေးပါတယ်။ ကျွန် တော့်ကြောင့် လူတစ်ဦးတစ် ယောက်ကိုမှ နစ်နာစေလိုတဲ့စိတ် မရှိပါဘူး။ ထမင်းအိုးကွဲတာလည်း မလိုချင်ပါဘူး။ ကျန်တဲ့ ဝန်ထမ်း တွေအနေနဲ့လည်း ကျေအေးပေး ဖို့ ပြောကြားလိုပါတယ်’’ဟု ချပ် သင်းတိုက်နယ်ဆေးရုံ တာဝန်ခံ ဆရာဝန်ကြီးဒေါက်တာကျော်မျိုး ဇော်က ပြောကြားသည်။

ယခုကဲ့သို့ ပြုမူရခြင်းသည် ချပ်သင်းတိုက်နယ်ဆေးရုံ ဆေး ဝါးလုံလောက်စွာရရှိစေရန်နှင့် ဆေးရုံဝန်ထမ်းများ တာဝန်ချိန် အတွင်း ပြည်သူလူထုကို ကျန်းမာ ရေးစောင့်ရှောက်မှု အပြည့်အဝ ပေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကျူရှင်ဆရာတစ်ဦးက ပြော ကြားသည်။

‘‘ဆရာဝန်ကြီးနဲ့ ဆေးရုံ ဝန်ထမ်းတွေ ဂုဏ်သိက္ခာကျခဲ့ရ တယ်။ မရည်ရွယ်ဘဲနဲ့ အခုလိုဖြစ် ခဲ့တာပါ။ ဒါကြောင့် တောင်းပန် ပါတယ်’’ဟုဆိုကာ အားလုံး၏ ကိုယ်စား ကျူရှင်ဆရာကိုနေသူရ က ပြန်လည်တောင်းပန်ခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက Mr Nay ဘော်ဒါဆောင်မှ ကလေး ငယ်အချို့ နေမကောင်းဖြစ်၍ ချပ်သင်းတိုက်နယ်ဆေးရုံသို့ လာ ရောက်ကုသသော်လည်း ဆေးရုံ ရှိ သူနာပြုများက ဆေးဝါးကုသ ပေးမှုမရှိဘဲ ပြင်ပဆေးခန်းတွင် သာ ပြသစေသည်ဟူသောအချက် များကြောင့် အဆိုပါဘော်ဒါ ဆောင်မှ ကျောင်းဆရာဟူသော လူငယ်အချို့က သြဂုတ် ၁၁ ရက် တွင် ဆေးရုံဆရာဝန်ကြီးနှင့် တွေ့ ဆုံမေးမြန်းပြီး ငြင်းခုံပြောဆိုမှု များကို လူမှုကွန်ရက်တွင် တိုက် ရိုက်လွှင့်ခဲ့သည်။

ကျူရှင်ဆရာများ၏ အပြု အမူနှင့် အပြောအဆိုများသည် အပြုသဘောမျိုး မသက်ရောက် ဘဲ ဆေးရုံရှိ ဝန်ထမ်းများ ထိခိုက် စေသည်ဆိုကာ လူထုနှင့် ဆရာဝန်အသိုင်းအဝိုင်းက ဝေဖန် သည်။

7 Day Daily

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး လှူဒါန်းငွေစာရင်းအားလုံး ၎င်းထံတွင်မရှိဟု ဦးစံလင်း ငြင်းဆို

 ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန် အလှူရှင်များ လှူဒါန်းထားသော ငွေသည် ကျပ်သိန်း ၅၀ ခန့်သာ ကျန်ရှိတော့ပြီး လှူဒါန်းငွေစာရင်းအားလုံး ၎င်း ထံတွင် မရှိကြောင်း ဦးစံလင်းက ပြောကြားသည်။

လွန်ခဲ့သည့်သုံးနှစ်က မအောင်မြင်ခဲ့သည့် ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှုကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

၂၀၁၄ က ဓမ္မစေတီခေါင်း လောင်း ဆယ်ယူမည်ဆိုသည့်အ တွက်ကြောင့် ကုမ္ပဏီလုပ်ငန်းရှင် များနှင့် စေတနာရှင်တစ်ဦးချင်းအလိုက် လှူဒါန်းသည့် ငွေပမာဏသည် ကျပ်သိန်း ၁,၅၀၀ ကျော်ရှိကြောင်း ထိုစဉ်က သတင်းထုတ်ပြန်ခဲ့သည်။

ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူခြင်း လုပ်ငန်းအတွက် ပုဇွန်တောင်မြို့နယ်၌ ရုံးခန်းဖွင့် လှစ်၍ အလှူငွေလက်ခံခဲ့စဉ်က အလှူရှင် ၁၁၄ ဦးက ကျပ်သိန်း တစ်ရာကျော်လှူဒါန်းခဲ့ပြီး အလှူ ရှင် ၅၁ ဦးက ကျပ်သိန်း ၆၀ ခန့် ပြန်လည်ထုတ်ယူခဲ့သဖြင့် နောက်ဆုံးတွင် ကျပ်သိန်း ၅၀ ခန့်သာကျန်ရှိတော့ကြောင်း ၎င်းကပြောသည်။

‘‘လူဦးရေ သန်း ၅၀ ကျော်မှာ လှူဒါန်းတာ သိန်းတစ်ရာကျော်ပဲ ရှိတာပါ။ လူတွေက ဒီထက်မက ဘူး ထင်နေကြတာ’’ဟု ကျပ်သိန်းထောင်နှင့်ချီ၍ အလှူငွေရရှိခဲ့သည်ဆိုသည့် သတင်းများအပေါ် ၎င်းက ငြင်းဆိုသည်။

 သို့သော် ခေါင်းလောင်း ဆယ်ယူသည့် လုပ်ငန်းစဉ် ရပ် ဆိုင်းခဲ့သော်လည်း အဆိုပါ လှူဒါန်းငွေများနှင့်ပတ်သက်၍ ယခုအချိန်ထိ စာရင်းရှင်းလင်းနိုင်ခဲ့ခြင်း မရှိသေးဘဲ ထပ်မံဆယ်ယူခွင့်ပြုရန် ဦးစံလင်းက သမ္မတရုံးသို့ မတ်လက ပြန်လည်လျှောက် ထားခဲ့သည်။

အဆိုပါခေါင်းလောင်းဆယ် ယူမှု လုပ်ငန်းကို တစ်ကျော့ပြန် လုပ်ကိုင်ရန် ကြိုးစားနေသည့် ဦးစံလင်းက ၎င်းထံတွင် ကျန်ရှိနေ သည့် ငွေပမာဏနှင့်ပတ်သက်၍ စာရင်း ရှင်းလင်းနိုင်သော်လည်း အလှူရှင်ကြီးများ လှူဒါန်းထား သည့် ငွေကြေးနှင့် ဘဏ်တွင်း အပ်နှံထားသည်ဆိုသော ငွေကြေးများနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားလိုခြင်း မရှိကြောင်း ဆို သည်။

‘‘ကျွန်တော့်ဆီမှာရှိတဲ့ ငွေ စာရင်းတွေကို အကုန်ရှင်းနိုင်တယ်။ ဘဏ်အကောင့်ကလှူတဲ့ ငွေစာရင်းကတော့ ကျွန်တော်မသိဘူး။ ဘယ်လောက်ရတယ်၊ ဘယ်လောက် ထုတ်ထားတယ်ဆိုတာ ကျွန်တော်မသိရဘူး။ ဒါက ဦးဝင်းမြင့် (ခေါင်းလောင်းဆယ်ယူမှုလုပ်ငန်းတွင် ပူးပေါင်းပါဝင်ခဲ့သူ) ပဲသိမှာ။ အဲဒီစာရင်းကို ကျွန်တော့်ကိုလည်း သူ မရှင်းခဲ့ဘူး’’ဟု ဦးစံလင်းက ပြောသည်။

၎င်းအား တောက်လျှောက် ကူညီထောက်ပံ့နေသည့် အလှူ ရှင် ၁၀ ဦးက ငွေကြေးအမြောက် အမြား လှူဒါန်းမှုများ ရှိသော် လည်း ယင်းအလှူရှင်များ၏ တောင်းဆိုချက်အရ ၎င်းတို့လှူ ဒါန်းခဲ့သည့် အချက်အလက်များ ကို ထုတ်ဖော်ကြေညာရန်မရှိဟု လည်း ၎င်းက ဆက်လက်ပြော ကြားသည်။

 သို့သော် ခေါင်းလောင်း ဆယ်ယူခြင်း လုပ်ငန်းအတွက် အများပြည်သူ လှူဒါန်းသည့် ငွေ ကျပ်သိန်းတစ်ရာကျော်နှင့် လုပ် ငန်းရှင်ကြီးများက လှူဒါန်းသည့် ငွေကျပ် ၁,၅၈၃ သိန်းကျော်ရှိခဲ့ပြီး သိန်းတစ်ထောင်ကျော်ကို ခေါင်းလောင်းဆယ်ယူရန် သုံးခဲ့ကြောင်း ယင်းခေါင်းလောင်း ဆယ်ယူရာတွင် ပါဝင်ခဲ့သည့် ရွှေအုန်းပင်စားသောက်ဆိုင်ပိုင်ရှင် ဦးဝင်းမြင့်က ၂၀၁၄ စက်တင်ဘာ ၂၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယင်းလှူဒါန်းငွေများထဲမှ ပိုသည့် ကျပ်သိန်း ၅၀၀ ကျော်ကို ကမ္ဘောဇဘဏ်တွင် အပ်နှံထားကြောင်း ထိုစဉ်က ရှင်းလင်းပြောကြားခဲ့သည်။ သို့သော် ယင်းလှူဒါန်းငွေနှင့် ပိုလျှံငွေများနှင့် ပတ်သက်၍ မသိရှိကြောင်း ဦးစံလင်း ကဆိုသည်။

အဆိုပါငွေကြေးစာရင်းများ နှင့်ပတ်သက်၍ ဦးဝင်းမြင့်ထံသို့ ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုး စားသော်လည်း ဆက်သွယ်၍ မ ရရှိသေးပေ။

ဦးစံလင်းကမူ ၎င်းသုံးစွဲခဲ့ သည့် ငွေပမာဏနှင့် လက်ကျန် ငွေများနှင့်ပတ်သက်၍ စာရင်းအသေအချာပြုစုထားပြီး သမ္မတ ထံသို့ ခေါင်းလောင်းဆယ်ယူခွင့် ထပ်မံတင်ပြထားသည့် စာတွင် ထည့်သွင်းထားသည်ဟုဆိုသည်။

 ၎င်းက ဓမ္မစေတီခေါင်း လောင်းကို သြဂုတ် ၂၀ ရက်တွင် ဆယ်ယူခွင့်ရရှိရန် မတ်လက တည်းက သမ္မတရုံးထံ ခွင့်ပြုချက် တောင်းခံထားသည်ဟုဆိုသည်။

သို့သော် ယခုအချိန်ထိ အ ကြောင်းပြန်ကြားခြင်း မရှိသေး သောကြောင့် တန်ဆောင်မုန်းလ တွင် ဆယ်ယူခွင့်ရရှိအောင် ထပ် မံတင်ပြမည်ဟုဆိုသည်။

ဦးစံလင်းက ဓမ္မစေတီခေါင်း လောင်း ဆယ်ယူခွင့်တင်ပြထား သည်ဆိုသော်လည်း ထိုသို့ စာတင်ထားသည်ကို မသိရှိကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။

ထို့အပြင် အလှူရှင်များ လှူဒါန်းခဲ့သည့် ငွေကြေးများနှင့်ပတ်သက်၍ ငွေစာရင်းရှင်းလင်းခြင်း မပြုလုပ်သောကြောင့် ခေါင်း လောင်းဆယ်ယူရေး တစ်ကျော့ပြန်စီစဉ်လာခြင်းအပေါ် ဝေဖန်မှုများစွာရှိနေသည်။

‘‘အများပြည်သူ ငွေကြေး တွေ ပါနေတာကြောင့် စိတ်ကူး ယဉ်ဆန်ဆန် လုပ်တာမျိုးက လက်မခံသင့်ဘူး။ သူတို့ ဘာ ကြောင့် ငွေစာရင်းမရှင်းနိုင်ရတာ လဲ။ အစိုးရကလည်း ဒါကို ကြပ် မတ်စိစစ်သင့်တယ်။ ကိုယ့်ပိုက် ဆံနဲ့ ကိုယ်လုပ်တာဆို တစ်မျိုး ပေါ့’’ဟု ဓမ္မစေတီခေါင်းလောင်း ဆယ်ယူခြင်းလုပ်ငန်းကို စောင့် ကြည့်ခဲ့သည့် အုပ်ချုပ်ရေးအရာရှိ ဟောင်း ဦးသိန်းထွန်းက ပြော ကြားသည်။

ဦးစံလင်းသည် ၂၀၁၄ သြ ဂုတ် ၈ ရက်က ဓမ္မစေတီခေါင်း လောင်း ဆယ်ယူရန် ကြိုးပမ်းပြီး နှစ်ပတ်ကျော်အကြာတွင် ရှာဖွေ မှု ရပ်ဆိုင်းခဲ့သည်။

ထိုစဉ်က ခေါင်းလောင်းရှာ ဖွေသည့် နှစ်ပတ်ကျော်တွင် ရှာ တွေ့ပြီဟု ဦးစံလင်းက ထုတ်ဖော် ပြောကြားခဲ့သော်လည်း အမှန်တ ကယ် တွေ့ရှိခဲ့သည်မှာ သင်္ဘော ပျက်ဟု ယူဆရသည့် သံထည် သာဖြစ်ကြောင်း ဓမ္မစေတီခေါင်း လောင်း ရှာဖွေရေး၌ ပါဝင်ခဲ့သူများက ပြန်လည်ရှင်းလင်းခဲ့ သည်။

7 Day Daily

ရိုက်တာသတင်းကို အရေးယူပေးရန် ရန်ကုန်ဝန်ကြီးချုပ် တိုင်ကြား

တရုတ်က တင်သွင်းတဲ့ YBS ဘတ်စ်ကားတွေနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့ ရေးသားချက်တွေထဲမှာ မမှန်ကန်တဲ့ အချက်အလက်တွေ ပါဝင်နေတာကြောင့် အရေးယူပေးဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်ကြားထားတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ ဒုဥက္ကဋ္ဌ ဦးအောင်လှထွန်းက ဒီဗွီဘီကို ပြောပါတယ်။


ရိုက်တာသတင်းမှာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေသလို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အကြီးအကဲလည်းဖြစ် နိုင်ငံရဲ့လက်ရှိအာဏာရပါတီရဲ့ လူကြီးတယောက်လည်းဖြစ်တဲ့ ဝန်ကြီးချုပ်ကိုလည်း ထိခိုက်စေကြောင်း  တိုင်ကြားထားတဲ့ အချက်တွေထဲမှာ ထည့်သွင်းထားတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက်လည်း အဟန့်အတားဖြစ်စေတဲ့ အရေးအသားတွေပါနေတဲ့ အကြောင်းဖော်ပြထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့  ရန်ကုန်ဝန်ကြီးချုပ်ရဲ့ တိုင်ကြားချက်ကို ဖြေရှင်းပေးဖို့အတွက် မြန်မာ သတင်းမီဒီယာကောင်စီက တာဝန်ရှိသူတွေ အစည်းအဝေး ပြုလုပ်နေပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို တိုင်ကြားတဲ့ အမှုပေါင်း ၃၀၀ ကျော်ရှိနေပြီး  တိုင်ကြားမှုတွေကို ဖြေရှင်းပေးခဲ့လို့ ပြေလည်သွားတဲ့ကိစ္စတွေက ရာခိုင်နှုန်းအားဖြင့် ၉၀ ကျော်ရှိပါ တယ်။

ဒီဗွီဘီ


ဒဂုံမြို့သစ် ၄ မြို့နယ်အတွင်း ဆိုင်ကယ်များဖမ်းဆီးမည့်အပေါ် ပြန်လည်ဆိုင်းငံ့

ရန်ကုန်မြို့တွင်း ဆိုင်ကယ်ဖြင့်သွားလာနေသည့် တာဝန်ကျဝန်ထမ်းတဦး / ဧရာဝတီ

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် ဒဂုံ (အရှေ့) မြို့နယ် ၄ မြို့နယ်တွင် မောင်းနင်သွားလာနေသည့် ဆိုင်ကယ်များကို လာမည့် ဇူလိုင် ၁ ရက်ကစတင်ပြီး ဖမ်းဆီးမည်ဆိုသည့်အပေါ် ပြန်လည်ဆိုင်းငံ့လိုက်ကြောင်း သိရသည်။

တောင်ဒဂုံအမှတ် (၁) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “ ဒဂုံမြို့သစ် ၄ မြို့နယ်မှာ သူတို့စီစဉ် ဆောင်ရွက်မယ့်ကိစ္စတွေကို ဆိုင်းငံ့လိုက်ပါတယ်ဆိုပြီး ခုနကလေးတင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက လှမ်းပြီးအကြောင်းလို့ သိရပါတယ်။ ဆိုင်းငံ့လိုက်ပြီဆိုတာက စီးနင်းစေဖို့ဆိုလိုတာ မဟုတ်ပါဘူး။ အိမ်ထဲအထိ ဝင်ဖမ်းမယ်တို့ ရုံးကိုလာပြီး ဆိုင်ကယ်စာရင်းလာပေးရမယ် စသဖြင့်အဲဒါမျိုးတွေကို ဆိုင်းငံ့လိုက်တာပါ” ဟု ဧရာဝတီကို ပြောသည်။

မိမိတို့ပိုင်ဆိုင်ကယ်များကို ရပ်ကွက်ရုံးသို့ အချိန်မီစာရင်းလာမပေးပါက တည်ဆဲဥပဒေအရ အရေးယူခြင်း၊ အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးခြင်းများ ပြုလုပ်မည်ဟု ဇွန် ၂၆ ရက် ညပိုင်းက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက တောင်ဒဂုံရှိ ရပ်ကွက်တချို့အတွင်းသို့ အသံချဲ့စက်ဖြင့် လိုက်လံအော်၍ အသိပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ သတိပေးချက် ထွက်ပေါ်လာပြီးနောက် ရပ်ကွက်နေပြည်သူများက အပြင်းအထန် ကန့်ကွက်ခဲ့ကြရာမှ ယခုကဲ့သို့ ဆိုင်းငံ့လိုက်ခြင်းဖြစ်ကြောင်း ဦးညီညီက ပြောသည်။

တောင်ဒဂုံမြို့နယ်ထဲရှိ သွားလာရေး ခက်ခဲသည့်နေရာများတွင် YBS ယာဉ်လိုင်းများ ပြေးဆွဲခြင်းမရှိသဖြင့် ဆိုင်ကယ်ကိုသာ အားကိုးသွားလာနေရကြောင်းနှင့် ဒေသခံတချို့မှာ ဝမ်းရေးအတွက် ဆိုင်ကယ်ကယ်ရီ ပြေးဆွဲနေကြသဖြင့် စနစ်တကျ ဆိုင်ကယ်စီးနင်းခွင့်လိုင်စင် ချပေးနိုင်မည်ဆိုပါက မကြာခဏဖြစ်ပွားနေသည့် ဆိုင်ကယ်ဖြင့် လုယက်ရမ်းကားမှုများကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဦးညီညီက ဆက်ပြောသည်။

တောင်ဒဂုံမြို့နယ်အတွင်းရှိ ဆိုင်ကယ်ကယ်ရီသမားများနှင့် ရပ်ကွက်နေပြည်သူတချို့က သက်ဆိုင်ရာတားမြစ်ချက်အပေါ် လာမည့် ဇွန် ၃၀ ရက်တွင် ချီတက်ဆန္ဒပြရန် စီစဉ်ထားသော်လည်း အုပ်ချုပ်ရေးပိုင်းမှ ဆိုင်းငံ့လိုက်သည့်အတွက် အခြေအနေကို စောင့်ကြည့်သွားမည်ဟု တောင်ဒဂုံ (၇၀) ရပ်ကွက်နေ ဦးနေလင်းက ပြောသည်။

ဦးနေလင်းက“ ကျနော်တို့မြို့နယ်မှာ အများစုက လိုင်စင်မရှိဘူး။ ရှိတဲ့ဆိုင်ကယ်လည်း ရှိတာပေါ့။ အများစု လိုချင်တာက အာဏာရှင်စနစ်နဲ့ ပိတ်လိုက်တယ် ဆိုတာမျိုး မလိုချင်ဘူး။ တရားဝင် လိုင်စင်လေးချပေး။ ဦးထုပ်နဲ့ စည်းကမ်းတကျ စီးမယ်။ မြို့နယ်အကန့်အသတ်တွေ ဘာတွေလည်းသတ်မှတ်ထား။ အဲဒါမှမဟုတ်ရင် ဖမ်းဆီးထောင်ချ။ အဲလိုမျိုးဆို ကျေ နပ်တယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နမိတ်အတွင်း မော်တော်ဆိုင်ကယ်စီးနင်းခွင့် ပြန်လည်ခွင့်ပြုရန် ဆက်စပ်ဌာနများနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ၂၀၁၆ အောက်တိုဘာ ၆ တွင် ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ပြောဆိုထားသည်။

ဧရာဝတီ

ကျုးကျော်တွေထဲက ဖယ်ရှားခံလှည်းကူးကျုး

လှည်းကူးမြို့နယ်ထဲက ကျောက်အိုင်ဆိုတဲ့ မြေနီလမ်းလေးထဲကိုဝင်လိုက်တာနဲ့ အိမ်သုံးပစ္စည်းတွေတင်ဆောင်ပြီး ပြောင်းရွေ့သွားလာနေတဲ့ ထရပ်ကားကြီး၊ ငယ်တွေကို မြင်တွေ့ရမှာပါ။ ကားငှားဖို့မတတ်နိုင်သူ တချို့ကတော့ တစ်နိုင်တစ်ပိုင် ပစ္စည်းလေးတွေကိုသယ်ဆောင်နေကြပြီး တချို့ကတော့ ဆိုင်ကယ်ကို အားကိုးအားထားပြုနေရတာပါ။

ဒီလမ်းလေးနဲ့ဆက်စပ်နေတဲ့ ရွာ ၅ ရွာရှိပြီး ပြီးခဲ့တဲ့ ဇွန်၁၂ရက်နေ့ မနက်ပိုင်းကပဲ ရွာတစ်ချို့ကို အစိုးရက ကျူးကျော်ဆိုပြီး စတင်ဖယ်ရှားလိုက်တာဖြစ်ပါတယ်။ လုံခြုံရေးအနေနဲ့ ရဲ (၂၀၀) ဝန်းကျင်နဲ့ စုဆောင်းခေါ်ယူထားတဲ့ လူတွေနဲ့ အိမ်တော်တော်များများကို တုတ်၊ဓား စတာတွေနဲ့ ဖျက်စီးခဲ့ကြပြီး တချို့အိမ်တွေကိုတော့ ကိုယ်တိုင်ဖျက်သိမ်းခိုင်းထားတာ ဖြစ်ပါတယ်။

ဖျက်သိမ်းခံရတဲ့ အိမ်တွေထဲမှာ လပိုင်းလောက်သာနေထိုင်တဲ့ သက်တမ်းရှိတဲ့သူတွေလည်း ပါဝင်နေပါတယ်။ တချို့ကတော့ ဒီမှာနေထိုင်လာတာ အနှစ်နှစ်ဆယ်လောက် ကြာခဲ့ပါပြီ။ ဒီထဲကမှ မွန်းတည့်နေကို အန်တုရင်း ပြောင်းရွေ့ဖို့ပြင်ဆင်နေတဲ့ အသက်၆၄နှစ်အရွယ် စိုက်ကွင်းအလုပ်သမားဟောင်းကြီး ဦးစံရင် ကတော့ ဖျက်ဆီးခံထားရတဲ့ ပစ္စည်းပုံထဲက သူရဲ့ပစ္စည်းတွေကို ရှင်းလင်းနေပါတယ်။

"အဘတို့ ဒီမှာနေတာဆိုရင် ၉၃ လောက်ကတော့ရှိပြီ။ ရွာက ထွက်ကတည်းက အဲ့တုန်းက တောပြုန်းကြီး အဘတို့ရောက်ခါစကဆိုရင် တောတွေကို ထင်းခြမ်းလေးတွေခွဲပြီးတော့ လက်စည်းထင်းလေးတွေလုပ်ရောင်းရတယ်။ တစ်စည်းမှ ပြား(၅၀) ပဲရတယ်။ အဲဒီလိုတွေ လုပ်ကိုင်စားလာခဲ့တာ အဲဒီကနေပြီးတော့ ခြုံတွေခုတ် ငုတ်တွေဖော်ပြီးတော့မှ ဒီစိုက်ခင်းပေါ်လာတယ်။ စိုက်ကွင်းမှူးတွေနဲ့လက်တွဲပြီးတော့ စိုက်ကွင်းထဲမှာပဲ။ လုပ်ကိုင်စားနေတဲ့သူတွေ အဘရဲ့ စိုက်ကွင်းမှူးဆိုရင် အောင်ငွေတိုး။ သူက အခု မော်လမြိုင်ပြောင်းသွားပြီ။ အဘရှေ့က သူက စိုက်ကွင်းမှူး။ အဘက သူ့နောက်က လယ်ဦးစီး။ သူကိုင်တဲ့ကွင်းကို အဘကိုင်ရတာ အဘလုပ်ရတာ"လို့ စိုက်ကွင်းအလုပ်သမားဟောင်းကြီး ဦးစံရင်က ပြောပါတယ်။


သူ (၂၄) နှစ်လောက် နေထိုင်လာတဲ့မြေဟာ အစိုးရပိုင်မြေဖြစ်နေတာကြောင့် ကျူးကျော်လို့သတ်မှတ်ခံရတာမှန်ပေမယ့် ဒီနေရာမှာစိုက်ပျိုးရေးပြုလုပ်တုန်းကတော့ စိုက်ကွင်းအလုပ်သမားတစ်ဦးအဖြစ် နေထိုင်နေတာပါ။ အရင်က ဦးစံရင်လုပ်ကိုင်ခဲ့တဲ့ လယ်ကွင်းထဲမှာပဲ ပြီးခဲ့တဲ့လတွေတည်းကတည်းကစပြီး လူတစ်ချို့လာပြီးကြည့်ရှု့တာနဲ့ အိမ်လာဆောက်တာတွေ ရှိတာကို တွေ့ရတယ်လို့ဆိုပါတယ်။

"အခုဒီကျူးတွေဆိုတာ အဝေးကလာပြီးတော့ကျူးကြတာလား၊ နေစရာမရှိလို့လာကျူးတာလား၊ ရှိရဲ့သားနဲ့လာကျူးတာလား၊ စီးပွားရေးလုပ်စားကြတာလားတော့ အဘတို့မသိဘူး အဘတို့ကတော့တကယ် ရိုးရိုးသားသားနဲ့စိုက်ကွင်းအလုပ်သမားဟောင်းတွေပဲ" လို့ ပြောပါတယ်။

စီးပွားဖြစ်ကျုးကျော်သူတွေကို ဥပဒေအရအရေးယူသွားမယ်လို့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်း က ဧပြီလ ၅ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အခုဖျက်ဆီးခံရတဲ့ လှည်းကူးမြို့နယ်က ကျုးကျော်အိမ်တွေထဲမှာတော့ စိုက်ကွင်းအလုပ်သမားဟောင်း ဦးစံရင်လိုမျိုး နှစ်ပေါင်းများစွာနေထိုင်လာတဲ့သူတွေလည်း ပါဝင်နေပါတယ်။ မြို့ပြနှင့်အိုးအိမ်ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးဦးယုခိုင်ကတော့ နိုင်ငံတော်ပိုင်မြေဖြစ်တာကြောင့် နှစ်ဘယ်လောက်ကြာကြာ တရားဝင်နေထိုင်ခွင့်မရှိပဲ ကျူးအဖြစ်သာ သတ်မှတ်တယ်လို့ ဆိုပါတယ်။

"နဂိုကတည်းက ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားချက်မှာပါပြီးသား ဒါဟာစီးပွားဖြစ်ကျူးတာဖြစ်လို့ ဘာခံစားခွင့်မှ မပေးဘူး"

ဒီ ၁၄၅၉.၇ ဧကထဲမှာရှိတဲ့ အိမ်ခြေမှန်သမျှကို စီးပွားဖြစ်ကျုးအဖြစ် သတ်မှတ်ထားပြီး စမတ်ကတ်လို ခံစားခွင့်မပေးဘူးလို့ ဆိုပါတယ်။ စမတ်ကတ်ဆိုတာဟာ အမှန်တကယ်နေထိုင်ရန်နေရာအခက်အခဲရှိသူတွေကို မှတ်ပုံတင်လို ထုတ်ပေးပြီး အစိုးရက နေရာတစ်ခုခုစီစဉ်ပေးသွားမယ့် အရာဖြစ်ပါတယ်။

ဒါနဲ့ပတ်သတ်ပြီး လှည်းကူးမှာ ကျုးကျော်လို့သတ်မှတ်ဖယ်ရှားခံထားရတဲ့ ဦးစံရင်ကတော့ အစိုးရအနေနဲ့ တစ်ခုခု လုပ်ဆောင်ပေးစေချင်နေပါတယ်။

"စိုက်ကွင်းရဲ့အလုပ်သမား၊ မွေးထားတဲ့လူတွေလိုဖြစ်နေတာ ဒါပေမယ့် ဒီနေ့လာပြီး စိုက်ကွင်းမှူးတွေက မတ်တပ်ရပ်မပေးဘူး နိုင်ငံကလုပ်တာဆိုတော့ သူတို့ကလည်းဝင်လုပ်ပေးလို့မရဘူးဆိုတာ အဘတို့သိပါတယ် ။ ဒါပေမယ့် နိုင်ငံကခေါင်းဆောင်တွေအကြီးအကဲတွေက အဘတို့ကို ငှဲ့ညှာမှ ခံစားခွင့်လေးရမှာပေါ့ကွာ ။ မပေးတော့လည်းဒီတိုင်းပဲ အမိမဲ့အဖမဲ့သားသမီးတွေလို ဖြစ်တာပေါ့ကွာ"လို့ ဆိုပါတယ်။

လက်ရှိမှာ လှည်းကူးမြို့နယ်က ဖယ်ရှားလိုက်တဲ့နေရာတွေမှာ စီမံကိန်းအတွက် ဂေါ်ကားကြီးနှစ်စီးနဲ့ မြေပြင်ရှင်းလင်းရေးလုပ်ဆောင်နေပါပြီ။ ဖယ်ရှားတဲ့လုပ်ငန်းစဉ်ကလည်း ၅၀ရာခိုင်းနှုန်းပြီးနေပြီလို့ အိုးအိမ်မှ ညွှန်ကြားရေးမှူးဦးယုခိုင်က ဆိုပါတယ်။ ဖယ်ရှားလိုက်တဲ့နေရာတွေကို နိုင်ငံတော်စီမံကိန်းတစ်ခုဖော်ဆောင်ဖို့အတွက် အသုံးပြုမှာဖြစ်ပါတယ်။ အဲဒီစီမံကိန်းမှာတော့ စားသောက်ဆိုင်ခန်း၊လူနေအိမ်ရာတွေနဲ့ ဆေးရုံတွေပါဝင်မှာပါ။

မဇ္စျိမ

အပြည်ပြည်ဆိုင်ရာ အိမ်အကူလုပ်သားများနေ့ အကြို အခမ်းအနားကျင်းပ

အပြည်ပြည်ဆိုင်ရာ အိမ်အကူအလုပ်သမားများနေ့ (အကြို) ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံမှ အိမ်အကူအလုပ်သမားများပြည်ပသို့ရွှေပြောင်းသွားလာ လုပ်ကိုင်ခြင်းအပေါ် တားမြစ်ပိတ်ပင်ထားမှုအား ရုပ်သိမ်းသင့်ပါသလား ခေါင်းစဉ်ဖြင့် Debate ဆွေးနွေးပွဲတစ်ခုကို ဇွန်လ ၁၅ရက်နေ့က တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့ပါသည်။



စင်္ကာပူနိုင်ငံကို တရားဝင်အိမ်အကူအလုပ်သမားများ သွားရောက်မှုကို ပိတ်ပင်ထားသည့်အတွက် တရားမ၀င်လမ်းတွေက သွားပြီး အလုပ်လုပ်နေသည့် အလုပ်သမားတွေဟာ ဥပဒေရဲ့ ကာကွယ်ပေးမှုကို မခံစားရဘူးဟု Future Light Center မှတာဝန်ခံ ဒေါ်ထက်ထက်အောင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ အိမ်အကူအလုပ်သမားများသည် အခြားအလုပ်သမားများနှင့် တန်းတူဖြစ်ကြောင်းကို အစိုးရမှ အသိအမှတ်ပြုလာစေဖို့နှင့် အိမ်အကူလုပ်ငန်းအား အလုပ်အကိုင်တစ်ခုအဖြစ် တန်ဖိုးထားစေဖို့ရည်ရွယ်ပြီး ဒီဆွေးနွေးပွဲကိုပြုလုပ်ရခြင်းဖြစ်သည်ဟု လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှာ တစ်နေ့လျှင် အနည်းဆုံး ပြည်ပထွက်ပြီးအလုပ်လုပ်နေတဲ့သူဦးရေအယောက် ၃၀မှ ၄၀ အထိတွေ့မြင်နေရသည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည်၂၀၁၄ခုနှစ်ကစတင်ပြီး စင်္ကာပူနိုင်ငံသို့ အိမ်အကူအလုပ်သမားသွားရောက်ချင်းကို တားမြစ်ခဲ့ပါသည်။

Mizzima

မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်မှု မကြာမီ ပြန်လည် စတင်နိုင်ဖွယ်ရှိ

မလေးရှား၏ အမှတ်အသား Petronas အမြွှာမျှော်စင် / Reuter

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်မှု ယာယီ ပိတ်ထားခြင်းကို မကြာမီ ပြန်လည်ခွင့်ပြု ပေးနိုင်ဖွယ် ရှိကြောင်း သိရသည်။

မလေးရှားနိုင်ငံ၏ လက်ရှိအခြေအနေများအား စုံစမ်းမှုများ ပြုလုပ်နေပြီး အခြေအနေကောင်းမွန်ပါက အမြန်ဆုံး ပြန်လည် ခွင့်ပြုပေးနိုင်ရန် အစိုးရကလည်း ဆောင်ရွက်နေသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် က ဧရာဝတီ ကို ပြောသည်။

၎င်းက “မလေးရှားမှာ ရှိတဲ့ မြန်မာသံအမတ်ကြီးက ပြောင်းသွားတဲ့အတွက် အသစ် ရောက်လာတဲ့ သံအမတ်ကို အဲဒီက အခြေအနေတွေကို မေးထားတယ်၊ သူ့ဆီက တင်ပြတဲ့ အခြေအနေတွေကောင်းရင်တော့ ပြန်ပို့မယ်၊ အရင် သံအမတ် ကတော့ အခြေအနေကောင်းနေပြီလို့ ပြောထားတာရှိတယ်” ဟု ဆိုသည်။

ထို့အတူ ဗဟိုအစိုးရကလည်း မလေးရှားသို့ အလုပ်သမားစေလွှတ်ရေးကိစ္စကို အလေးထား စီစဉ်ဆောင်ရွက်နေကြောင်း၊ အလုပ်သမား စေလွှတ်မှု ခေတ္တပိတ်ထားခြင်းသည် အလုပ်သမားများ၏ လုံခြုံရေးအတွက် ဆောင်ရွက်ထားခြင်းသာ ဖြစ် ကြောင်း ဦးမျိုးအောင် က ပြောသည်။

မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) အဖွဲ့ကလည်း အလုပ်သမား စေလွှတ်ရေး ကိစ္စအား အမြန်ဆုံး ဆောင်ရွက်ပေးရန် မြန်မာအစိုးရထံ တင်ပြတောင်းဆိုထားကြောင်း၊ အလုပ်ခေါ်စာရထားသူ လူဦးရေ တသောင်းဝန်ကျင် အထိ ရှိနေပြီ ဖြစ်ကြောင်း MOEAF အထွေအထွေ အတွင်း ရေးမှူး ဦးကျော်ထင်ကျော် က ဧရာဝတီ ကို ပြောသည်။

၎င်းက “ခေါ်စာကျထားတဲ့ လူတွေအရမ်းများနေပြီ၊ အဲဒါကြောင့် အမြန်ဆုံး ခွင့်ပြုပေးဖို့ တင်ပြထားတယ်၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေကတော့ ဒီလထဲမှာ ပြန်ပြီးတော့ ခွင့်ပြုပေးမယ်လို့ နေပြည်တော်မှာ သတင်းထောက်တွေကို ပြောသွား တယ်” ဟု ဆိုသည်။

Calling Visa သက်တမ်းသည် ၄ လ သာရှိကြောင်း၊ ၄ လ ပြည့်ပြီးသွားပါက တကြိမ်သာ သက်တမ်းတိုးပိုင်ခွင့်ရှိ၍ ထို သက်တမ်း မကုန်ဆုံးမီ သွားခွင့်ပြုပေးရန် အရေးကြီးကြောင်း၊ မလေးရှားနိုင်ငံ၏ အခြေအနေသည်လည်း တည်ငြိမ်နေပြီ ဖြစ်ကြောင်း အလုပ်သမား အဖွဲ့ချုပ် က ပြောသည်။

မလေးရှားနိုင်ငံ၌ ယခုနှစ်အတွင်း ရွေးကောက်ပွဲရှိနေသည့်အတွက် မလေးရှား၏ အခြေအနေအား ခန့်မှန်းရခက်ကြောင်း၊ သို့သော် လက်ရှိအခြေအနေသည် တည်ငြိမ်နေကြောင်း၊ အလုပ်သမားခေါ်ယူမှုများရှိနေ၍ ဆန္ဒရှိသူများကို လာခွင့် ပေးသင့်ကြောင်း ကပုန်း ၇ ရက်သားသမီး နာရေး ကူညီမှု အသင်း ဥက္ကဌ ဦးဆန်းဝင်း က ဧရာဝတီ ကို ပြောသည်။

ဦးဆန်းဝင်း က “မလေးရှား အစိုးရဘက်ကလည်းပဲ မြန်မာအလုပ်သမားတွေ ပြန်ဝင်လာဖို့အတွက် စောင့်ဆိုင်းနေတာ တွေ့ ရတယ်၊ နောက်တခုက မြန်မာအစိုးရ အနေနဲ့ အလုပ်သမားတွေကို စေလွှတ်မယ်ဆိုရင်လည်းပဲ စေလွှတ်တဲ့ အေဂျင်စီတွေ ကို သေချာ စိစစ်ပြီးမှ လွှတ်သင့်တယ်၊ တဆင့်ခံ အေဂျင်စီတွေနဲ့လာတာမျိုး မဖြစ်ရအောင် ဆောင်ရွက်ပေးဖို့ လိုတယ်၊ အလုပ် လုပ်ခွင့် ပါမစ် ရှိ၊ မရှိ ဆိုတာမျိုးတွေကို သေချာ စစ်ဆေးပြီးမှ စေလွှတ်သင့်ပါတယ်” ဟု ပြောသည်။

အလုပ်သမားများအား မလေးရှားနိုင်ငံသို့ စေလွှတ်ခဲ့သော်လည်း၊ အလုပ်လုပ်ခွင့် ပါမစ် မရရှိ၍ Over stay ဖြစ်သွားသူ အ များ အပြား ရှိကြောင်း၊ ထို့အတူ အလုပ်သမားစေလွှတ်မည့် အေဂျင်စီများ အနေဖြင့် မိမိတို့ အလုပ်သမား၏ လုံခြုံရေးအ တွက် အာမခံချက် ပေးရန် လိုအပ်ကြောင်း မလေးရောက် မြန်မာတချို့ က ပြောသည်။

မလေးရှားနိုင်ငံ၌ တရားဝင် မြန်မာ အလုပ်သမား ၂ သိန်း ဝန်းကျင်ရှိကြောင်း အလုပ်သမား ဦးစီးဌာန က ပြောဆိုထား သည်။ ထို့အတူ တရားမဝင် ဦးရေသည်လည်း သိန်းချီ၍ ရှိကြောင်း မလေးရှားရှိ အလုပ်သမားအရေး ဆောင်ရွက်နေသူ များက ပြောသည်။

မလေးရှားနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ၊ ပဋိပက္ခများကြောင့် မြန်မာအလုပ်သမားစေလွှတ်မှုကို မြန်မာအစိုးရက ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ ယာယီ ပိတ်ထားခဲ့သည်။

ထိုသို့ပိတ်ထားသည့် အတွက် အလုပ်သမားအေဂျင်စီများ အတွက် သာမက သွားရောက် အလုပ် လုပ်ကိုင်မည့်သူများအ တွက်လည်း နစ်နာ ဆုံးရှုံးမှုများရှိကြောင်း အလုပ်သမား အေဂျင်စီများက ပြောဆိုကြသည်။

မြန်မာနိုင်ငံမှ ပြည်ပ နိုင်ငံများသို့ အလုပ်သမားစေလွှတ်နေသည့် အေဂျင်စီပေါင်း ၂၆၀ ဝန်းကျင် ရှိသည့် အနက် မလေးရှား နိုင်ငံသို့ ပို့ဆောင်ပေးနေသည့် အေဂျင်စီ ၁၀၀ ဝန်းကျင် ရှိကြောင်း အလုပ်သမား ဝန်ကြီးဌာန က ပြောဆိုထားသည်။ မြန် မာ အလုပ်သမား စေလွှတ်မှုသည် ထိုင်းနိုင်ငံနှင့်မလေးရှား နိုင်ငံတို့ဖြစ်သည်။

ဧရာဝတီ

သတင်းလွတ်လပ်ခွင့် လှုပ်ရှားမှု အရှိန်အဟုန်မြှင့်လျက်ရှိပြီး ဆန္ဒပြတောင်းဆိုမှုများလည်း နိုင်ငံတ၀န်း ပြုလုပ်လျက်ရှိ

 သတင်းမီဒီယာများအပေါ် ၆၆ ဃဖြင့် တရားစွဲဆို အရေးယူထောင်ချမှုများအပေါ် ကန့်ကွက်သည့် သတင်းလွတ်လပ်ခွင့် လက်ပတ်ဖြူ လှုပ်ရှားမှုသည် ၅ ရက်နေ့မြောက်နေ့တွင် ဆက်လက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး သတင်းလွတ်လပ်ခွင့် ရရှိရေး ဆန္ဒပြမှုများလည်း နိုင်ငံတ၀န်း ပေါ်ပေါက်လျက် ရှိနေသည်။


ရန်ကုန်မြို့တွင် မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီက ဦးဆောင်ပြီး သတင်းဌာနများသို့ သွားရောက်၍ လက်ပတ်ဖြူ လှုပ်ရှားမှုအကြောင်း ရှင်းပြခြင်း၊ အခမ်းအနားပွဲများတွင် လက်ပတ်ဖြူ လှုပ်ရှားမှု အကြောင်း ရှင်းလင်း ပြောဆိုခြင်းများ လုပ်ဆောင်နေပါသည်။



ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင်မူ သတင်းသမားများ စုပေါင်းပြီး သတင်းလွတ်လပ်ခွင့် ဆန္ဒပြတောင်းဆိုမှုများပြုလုပ်ခဲ့သည်။



ပဲခူးတိုင်းတွင်လည်း သတင်းသမားများ စုပေါင်း၍ သတင်းလွတ်လပ်ခွင့်အတွက် ဆုတောင်းဆန္ဒပြပြုခဲ့ကြသည်။


ပြည်မြို့တွင်လည်း သတင်းသမားများ စုပေါင်း၍ သတင်းလွတ်လပ်ခွင့်အတွက် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

ကရင်ပြည်နယ်တွင် မဘသ အမည်ဆက်သုံးရန် ဆုံးဖြတ်

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) အမည်ကို ဆက်လက် အသုံးမပြုရန် ညွန်ကြားထားသော်လည်း ကရင်ပြည်နယ်အတွင်း ဆက်လက်သုံးစွဲသွားမည်ဟု ဇွန်လ ၁၁ ရက်နေ့က ဘားအံမြို့၊ မဲဘောင်ကျောင်းတိုက်တွင် ပြုလုပ်သည့် အသိပေးရှင်းလင်းပွဲတွင် ပြည်နယ် မဘသအဖွဲ့ဝင်ဆရာတော်များက ဆုံးဖြတ်လိုက်ကြောင်း အဆိုပါ အဖွဲ့ဝင် ဆရာတော်တပါးက မိန့်ကြားသည်။

ဘားအံမြို့၊ မဲဘောင်ကျောင်းတိုက်တွင် ပြုလုပ်သည့် အသိပေးရှင်းလင်းပွဲ / ဒေါက်တာသောပါက

ကရင်ပြည်နယ်မဘသအဖွဲ့ဝင် ဆရာတော်တပါးက “ဒါက မဟနကို အတိုက်အခံလုပ်တဲ့သဘောမဟုတ်ပါ ဘူး၊ ဥပဒေပိုင်းအရ လေ့လာသုံးသပ်ပြီးမှ ငြိစွန်းမှု မရှိလို့ မဘသ အမည်ကို ဆက်သုံးဖို့ အားလုံးက ဆုံးဖြတ်ခဲ့ တာပါ”ဟု မိန့်သည်။

နိုင်ငံတော်သံဃမဟာနာယက (မဟန)၏ သံ/စည်း၊ သံ/လုပ်ထုံးလုပ်နည်းတို့နှင့် ဆန့်ကျင်ငြိစွန်းခြင်း မရှိ သည့်အပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတို့နှင့်လည်း ညီညွတ်နေခြင်းကြောင့် မဘသ အမည်ကိုသာ ဆက်လက်သုံးစွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းနေ့တွင် ကြေညာချက်လည်းထုတ်ပြန်ခဲ့သည်။

အဆိုပါ အသိပေးရှင်းလင်းပွဲသို့ ဗုဒ္ဒ ဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို)မှ ဆရာတော်များလည်း တက်ရောက်ခဲ့ပြီး ကရင်ပြည်နယ် မဘသအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်စရာမရှိကြောင်း မိန့်ကြားသည်။

ဗုဒ္ဒ ဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို) ဦးဆောင်ဆရာတော် ဒေါက်တာသောပါက က “ဗဟိုက ဖောင်ဒေး ရှင်း အမည်နဲ့သွားဖို့ ဆုံးဖြတ်ထားပေးမယ့် အားလုံးဒီလိုပဲ လိုက်လုပ်ရမယ်လို့ မသတ်မှတ်ထားပါဘူး၊ အခု လည်း သူတို့ရဲ့သဘောအတိုင်း ဆုံးဖြတ်တာကို ဘာမှပြောစရာမရှိပါဘူး” ဟု မိန့်သည်။

ကရင်ပြည်နယ် မဘသအဖွဲ့အနေဖြင့် ဗုဒ္ဒ ဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို)၏ သြဝါဒလမ်းညွှန်ချက်ကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပြီး ဓမ္မဝံသာနုရက္ခိအဖွဲ့နှင့် အခြားသော ပရဟိတအဖွဲ့များ၊ အမျိုးသားရေး အင်အားစုအားလုံးတို့နှင့် မိတ်ဖက်အဖြစ် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

မဘသအဖွဲ့အနေဖြင့် တရားမဝင် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်ဟုဆိုကာ တနိုင်ငံလုံးရှိ မဘသ ဆိုင်းဘုတ်များကို ဇူလိုင် ၁၅ ရက်နေ့နောက်ဆုံးထား ဖြုတ်ချရန်၊ မဘသ အမည်ကို ဆက်လက်သုံးစွဲခြင်း မပြုရန် မဟန က မေလ ၂၃ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပြီး မဘသ ဥက္ကဋ္ဌ ဆရာတော် ကိုယ်တိုင် ဆုံးဖြတ်ချက်ကို လိုက်နာရန် ခံဝန်လက်မှတ်ရေးထိုးခဲ့သည်။

မဟန ၏ ဆုံးဖြတ်အပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိပါကလည်း ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃအဖွဲ့အစည်း ဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့်အရေးယူရန်နှင့် လူပုဂ္ဂိုလ်ဖြစ်ပါက သက်ဆိုင်ရာတည်ဆဲဥပဒေ များဖြင့် ပြည်ထဲ ရေးဝန်ကြီးဌာနက အမြန်ဆုံးအရေးယူရန်လည်း ညွန်ကြားထားသည်။

မဟန ဆုံးဖြတ်ချက်အပေါ် ခံဝန်ရေးထိုးပြီးနောက် မဘသ(ဗဟို) အနေဖြင့် အဖွဲ့အမည်ကို ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေရှင်း အမည်ဖြင့် ပြောင်းလဲဆောင်ရွက်သွားရန် မေလ ၂၈ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

ဧရာဝတီ

လှည်းကူးကျူးကျော်များကို လျော်ကြေးပေးမည်မဟုတ်ဟု အိုးအိမ်ဌာနအရာရှိပြော

လှည်းကူးမြို့နယ်က ဖယ်ရှားခံရတဲ့ ကျူးကျော်တွေကို နေရာအစား၊ ဝယ်ထားတဲ့ အိမ်တန်ဖိုးတွေ ပြန်ပေးဖို့ အစီစဉ်မရှိဘူးလို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးယုခိုင်က ပြောပါတယ်။


ရန်ကုန်-မန္တလေး အမြန်လမ်း ၃ မိုင်နဲ့ ၅ မိုင်ကြားက ကျုးကျော်တွေကို ဒီနေ့ ဇွန် ၁၂ ရက်မနက်က ကစပြီး ဖယ်ရှားနေတာပါ။

ညွန်ကြားရေးမှူး ဦးယုခိုင်က “နေရာအစား၊ နေအိမ်ဝယ်ထားတဲ့ ကုန်ကျစရိတ် ဘာမှပြန်ပေးဖို့ မရှိပါဘူး။ လွန်ခဲ့တဲ့ ၆ လလောက်ထဲက ဒီနေရာမှာ ကျနော် ခေါ်တွေ့ပြီး ပြောထားတယ်။ ဖယ်ပေးဖို့။ အခုလည်း စာတွေ ကြိုပို့ထားသလို ဒီမနက်လည်း ၆ နာရီကတည်းက ပြင်ဆင်ထားတာ ၉ နာရီထိ သူတို့ကို စောင့်ပေးပါတယ်။ ရွှေ့ချင်ရင် ရွှေ့လို့ရအောင်။ အဲဒီအတွက် ဘာမှ ပြန်ပေးဖို့မရှိပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကျုးကျော်တွေဟာ ဒီနေရာ မြေကွက်တွေကို ပေအလိုက် အနည်းဆုံး ကျပ် ၃ သိန်းကနေ ကျပ် ၁၀ ကျော်ထိ ပေးဝယ်ထားရတာ ဖြစ်ပါတယ်။

ဖယ်ရှားခံရတဲ့ ကျုးကျော်တွေဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကောက်ယူတဲ့ ကျူးကျော်စာရင်းမှာလည်း မပါဝင်ပါဘူး။

ဒီဗွီဘီ

တပ်မတော်ပို့ဆောင်ရေးလေယာဉ် y-8 ပျက်ကျမှုမှ ရုပ်အလောင်း ၇၆ လောင်း တွေ့ရှိပြီ

တနင်္သာရီ တိုင်းဒေသကြီး လောင်းလုံမြို့အနီး ပျက်ကျသွားသည့် တပ်မတော် ပို့ဆောင်ရေးလေယာဉ် Y-8 မှ ပျောက်ဆုံးနေသူ ၁၀၀ ကျော်အနက် ယနေ့ မနက်ပိုင်းအထိ အလောင်း ၇၆ လောင်းကို ရှာဖွေ တွေ့ရှိထားပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သိရသည်။

ပြန်လည်ရှာတွေ့သည့် ရုပ်အလောင်းအချို့ကိုသဂြိုလ်စဉ်

လေယာဉ် ပျက်ကျခဲ့သည့် ဇွန်လ ၇ ရက်နေ့မှ ဇွန်လ ၁၂ နေ့ မနက်ပိုင်းအထိ တပ်မတော် ရေယာဉ်များ၊ ငါးဖမ်းစက်လှေများ စသည့် ရှာဖွေရေးအဖွဲ့များဖြင့် ဆက်တိုက်ရှာဖွေရာမှ ပျောက်ဆုံးနေသည့် အလောင်း ၇၆ လောင်းကို ရှာဖွေတွေ့ရှိထားရာ ရုပ်၊ အမည် ခွဲခြားထားနိုင်သည့် အလောင်း ၆၀ ကျော်ကို မီးသဂြိုလ်ပြီး ဖြစ်သည်။

အဆိုပါ လေယာဉ်ပေါ်တွင် လိုက်ပါခဲ့ကြသူများမှာ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်၊ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်နှင့် မြိတ်လေတပ် စခန်းဌာနချုပ် တို့မှ အရာရှိနှင့် စစ်သည် ဦးရေ ၃၅ ဦး၊ တပ်မတော်မိသားစုဝင် အဖြစ် လူကြီး ၅၈ ဦးနှင့် ကလေး ၁၅ ဦး ဖြစ်ကြောင်း သိရသည်။ အများစုမှာ နေရပ်ပြန်ရန်ခွင့်၊ အိမ်ထောင်သည်ခွင့်၊ ဆေးရုံပြောင်းခွင့် စသည့် အကြောင်းများဖြင့် ရန်ကုန်ဘက်သို့ ခရီးထွက်ခဲ့ကြခြင်း ဖြစ်သည်။

“ပျက်ကျတဲ့လေယာဉ်ကို အဓိက ရှာတဲ့နေရာကတော့ ရေဒါနဲ့ နောက်ဆုံး အဆက်အသွယ်ရခဲ့တဲ့နေရာပေါ့။ အဲဒီကနေ ရှာနေတာပါ။ အခုက ပင်လယ်ပြင်မှာ လေက အနောက်တောင်မုတ်သုံလေတိုက်နေတာဆိုတော့ မြောက်ဘက်အရွေ့ပေါ့။ အဲဒီလိုမျိုး ရှာနေပါတယ်။ ရှာတာကတော့ တပ်မတော် (ရေ)၊ တပ်မတော်လေတပ်နဲ့ ဒေသခံ ငါးဖမ်းစက်လှေတွေကပါ ကူညီနေကြတာပါ” ဟု တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။

လေယာဉ် မတော်တဆ ဖြစ်ပွားချိန်အတွင်း ရေဒါမှတ်တမ်းများကို ပြန်လည် စိစစ်ကြည့်ရာ အမြင့်ပေ ၁၈၀၀၀ တွင် ရှိနေသည့် လေယာဉ်သည် ၁နာရီ ၃၁ မိနစ်တွင် အောက်ဘက်သို့ စတင် ကျဆင်းသွားကြောင်း၊ ထို့နောက်တွင် အပေါ်ဘက်သို့ အနည်းငယ် ပြန်တက်လာသော်လည်း အောက်ဘက်သို့ ပြန်လည် ကျဆင်းသွားသည်ဟု ယုံကြည်ရကြောင်း တပ်မတော်ဘက်က တာဝန်ရှိသူများက သုံးသပ်ထားသည်။

ပျက်ကျသွားသည့် y-8 လေယာဉ်ကိုလည်း တပ်မတော်ရေ၊ လေ တို့ ပူးပေါင်း၍ ဆိုနာ စနစ်ဖြင့် ပင်လယ်ပြင်အတွင်း ရှာဖွေမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ယနေ့ ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ပင်လယ်ပြင်အတွင်း လှိုင်းအမြင့် ၂ ဒသမ ၅ မီတာနှင့် လေတိုက်နှုန်း တနာရီလျှင် ၁၅ မိုင်မှ မိုင် ၂၀ ကြားရှိသော်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် နေရာတဝိုက်တွင် လှိုင်းအမြင့် ၁ ဒသမ ၅ မီတာနှင့် လေတိုက်နှုန်း တနာရီလျှင် ၅ မိုင်မှ ၁၀ မိုင်သာရှိ၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများလည်း ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျန်ခဲ့တဲ့ မိသားစုတွေ ရှိပါတယ်။ တချို့ကလည်း မိဘမဲ့သွားတယ်။ သူတို့ရဲ့ ဘဝရပ်တည်ရေးအတွက် ကျနော်တို့ လုပ်သွားရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ချေကတော့ ရာသီဥတု ကြောင့်ဖြစ်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်းတော့ မပြောပါဘူး။ စိစစ်နေပါတယ်။ ရှာမှာပါ။ တွေ့အောင်ကို ရှာမှာပါ။ ကိုယ့်ဧရိယာထဲမှာပဲ ရှိနေတဲ့အတွက် မရရအောင် ရှာပါ့မယ်” ဟု ပြောကြားထားသည်။

ဧရာဝတီ

ဖယ်ရှားခံ ကျူးကျော်နေအိမ်များမှ ပြည်သူအချို့ နေအိမ်ဖျက်ဆီးခံရသည့် နေရာတွင်သာ ရှိနေသေး


လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း သုံးမိုင် တစ်ဖာလုံ အနီးတွင် ဆောက်လုပ်ထားသော ကျူးကျော်တဲအိမ်များကို ယနေ့ (ဇွန်လ ၁၂ ရက်) နံနက် ၉ နာရီမှ စတင်၍ ဖယ်ရှားခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ချိန်ထိ ဖယ်ရှားခံ ကျူးကျော်နေအိမ်များမှ ပြည်သူအချို့ အခြားနေရာသို့ ရွှေ့ပြောင်းခြင်း မရှိသေးဘဲ ဖျက်ဆီးခံရသည့် နေရာတွင်သာ ရှိနေသေးကြောင်း သိရသည်။

ပြည်သူအချို့ကလည်း ၎င်းတို့နေအိမ်ဖယ်ရှင်းလင်း ခံရသည့်အတွက် အိမ်များအာ ဖယ်ရှားရေး ဆောင်ရွက်သော အလုပ်သမားများနှင့် လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များကို အော်ဟစ်ပြောဆိုမူများ ရှိခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ထိ ကျူးကျော်နေအိမ်များ ဖြိုလှဲမူ မရပ်သေးဘဲ ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

Eleven
ဓာတ်ပုံ - ကြည်နိုင်

စတုတ္ထမြောက်နေ့ သတင်းလွတ်လပ်ခွင့် လက်ပတ်ဖြူ လှုပ်ရှားမှုဆောင်ရွက်ခဲ့သော စာရေးဆရာမောင်သော်က ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့် အခမ်းအနား

ဇွန်လ ၁၁ရက်နေ့တွင် ရန်ကုန်မြို့  သံဈေးရှိ Book Plazaတွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက် အားပေးခဲ့သည့် စာရေးဆရာမောင်သော်က ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့် အခမ်းအနားတွင်  သတင်းလွတ်လပ်ခွင့် လက်ပတ်ဖြူ  လှုပ်ရှားမှုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ဦးမင်းကိုနိုင် သတင်းလွတ်လပ်ခွင့် လက်ပတ်ဖြူ လှုပ်ရှားမှုတွင် ပါဝင်နေစဉ်

ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံသတင်းသမားများအကာအကွယ်ပေးရေးအဖွဲ့၏ သတင်းလွတ်လပ်ခွင့် လက်ပတ်ဖြူလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပြီး ၁၀ရက်တာလှုပ်ရှားမည့် သတင်းလွတ်လပ်ခွင့် လက်ပတ်ဖြူလှုပ်ရှားမှု၏ စတုတ္ထမြောက်နေ့လည်း ဖြစ်သည်။

သတင်းလွတ်လပ်ခွင့် လက်ပတ်ဖြူလှုပ်ရှားမှုတွင် ပါဝင်နေသော ဦးမြတ်ခိုင်

ပွဲသို့လာရောက်ကြသော ဦးမင်းကိုနိုင် ဦးအောင်ဒင် ဦးဝင်းငြိမ်း ဦးမြတ်ခိုင်တို့စသော နိုင်ငံရေးသမားများနှင့် စာပေလောကသားများ သတင်းသမားများအား လက်ပတ်ဖြူများပတ်ပြီး လက်ပတ်ဖြူလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြောင်း သိရှိရသည်။

သတင်းလွတ်လပ်ခွင့် လက်ပတ်ဖြူဝတ်ဆင်ပြီး အစီအစဉ်တင်ဆက်နေသော ကဗျာဆရာစောဝေ


ပွဲတွင် အစီစဉ်တင်ဆက်သူအဖြစ် ကဗျာဆရာစောဝေမှ ဆောင်ရွက်ခဲ့ပြီး အစီအစဉ်တင်ဆက်တွင်လည်း လက်ပတ်ဖြူဝတ်ဆင်ထားခဲ့ပြီး လက်ပတ်ဖြူဟောပြောမှုကိုလည်း ထည့်သွင်းခဲ့ကြောင်း သိရသည်။

လက်ပတ်ဖြူများကြားတွင် တွေ့ရသော ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း
အဆိုပါအခမ်းအနားသို့ ရန်ကုန်ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ နိုင်ငံရေးခေါင်းဆောင်များ၊ စာရေးဆရာများနှင့် သတင်းစာဆရာများးတက်ရောက်ခဲ့ကြသည်။

သတင်းထောက်ကေ
(သတင်းဓာတ်ပုံများအား PCMJ မှ ကူယူဖော်ပြထားပါသည်)



ပျက်ကျလေယာဉ်မရရအောင်ရှာမည်ဟု တပ်ချုပ်ပြော

ပျက်ကျခဲ့သော တပ်မတော်သယ်ယူပို့ဆောင်ရေး လေယာဉ်ကို မရရအောင်ရှာမည်  ဟု တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ကတိပေးပြောကြားသည်။

တပ်မတော်သမိုင်းတွင် အဆိုးရွားဆုံးပျက်ကျမှုဟု မှတ်ချက်ပြု

‘‘ရှာမှာ။ ရှာမှာပါ။ မတွေ့လို့ တော့မရဘူး။ တွေ့အောင်ရှာရ မှာပါ။ မရရအောင်ရှာပါ့မယ်’’ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က 7Day သတင်းထောက်၏ မေးမြန်းမှုကို ကတိပေးဖြေကြားသည်။

ပျက်ကျခဲ့သည့် လေယာဉ်တွင် ပါဝင်သူများ၏ ကျန်ရစ်သူမိသားစုများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ဇွန်လ ၁၀ ရက် နေ့လယ်က နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ပြုလုပ်ခဲ့သည်။

ပေးအပ်ပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းသို့ ပြော ကြားခြင်းဖြစ်သည်။

ထို့အပြင် လေယာဉ်ပျက်ကျမှုသည် နိုင်ငံ၏ ဧရိယာတွင်ရှိနေ၍ ရှာတွေ့ရန် နီးစပ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။

သို့သော် မြေပြင်အခြေအနေ တွင် ရာသီဥတုဆိုးရွားနေသဖြင့် လေယာဉ်ရှာဖွေရေးလုပ်ငန်းများ ကို စောင့်ဆိုင်းလုပ်ကိုင်နေရသည်။ လေယာဉ်ပျက်ကျသည်ဟု ယူဆ ရသည့် ယခုရှာဖွေနေသော နေရာ ၏ ရေမျက်နှာပြင်အနက်သည် ၃၅ မီတာ (၁၁၄ ပေကျော်)သာရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

‘‘ဒီကာလ မျိုးတွေမှာပဲ Source တစ်ခုကျွန်တော်တို့ရပါ တယ်။ ကျွန်တော်တို့လေယာဉ် ပျက်ကျတယ်လို့ ယူဆရတဲ့ တစ် ၀ိုက်မှာပဲ နောက်ထပ်အထောက် အထားတွေတွေ့နေရတယ်လို့ သတင်းတစ်ခုရပါတယ်။ ကျွန် တော်ထင်ပါတယ်။ ဒီဟာသာမှန် မယ်ဆိုရင်တော့ လေယာဉ်ပျံကို တွေ့မယ်လို့ ယူဆပါတယ်’’ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။

သို့သော် လေယာဉ်ကို တွေ့ရှိပြီးမှသာ ထပ်မံပြောကြားမည်ဟု တပ်ချုပ်က ဆက်လက်ပြောသည်။

တပ်မတော်၏ သယ်ယူပို့ ဆောင်ရေးလေယာဉ် ယခုကဲ့သို့ပျက်ကျမှုသည် တပ်မတော်၏ သမိုင်းတွင် ပထမဆုံးနှင့် အဆိုး ရွားဆုံးဖြစ်သည်ဟု ကာကွယ် ရေးဦးစီးချုပ်က ထည့်သွင်းပြော ကြားခဲ့သည်။

‘‘တပ်မတော်ရဲ့ သမိုင်းမှာ ဒါ မျိုးမဖြစ်ခဲ့ဖူးပါဘူး’’ဟု တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

လေယာဉ်ပျက်ကျသည်ဆို ပါက ပေါက်ကွဲပစ္စည်းများ၊ လေယာဉ်မောင်းအားနည်းချက်၊ ရာ သီဥတုဆိုးရွားခြင်းနှင့် စက်ပိုင်းဆိုင်ရာချွတ်ယွင်းခြင်း စသည့်အ ချက်များကို ထည့်သွင်းတွက်ချက် ရကြောင်း ၎င်းက ဆက်ပြော သည်။

‘‘ဖြစ်နိုင်ခြေကတော့ ရာသီ ဥတုကြောင့်လို့တော့ ယူဆရပါ တယ်’’ဟု တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ဆိုသည်။

လေယာဉ်ပျက်ကျသည့်အ ချိန် ရေဒါများတွင် တိုင်းတာရရှိ ချက်များအရ အတတ်နိုင်ဆုံးသေ ချာအောင်လုပ်ဆောင်နေကြောင်းနှင့် ယင်းနေ့ကဖြစ်ပေါ်ခဲ့သည့် တိမ်တိုက်၏ ထုထည်ကို တိုင်းတာစစ်ဆေးနေကြောင်း ကာ ကွယ်ရေးဦးစီးချုပ်က ဖြည့်စွက် ပြောကြားသည်။

ယင်းလေယာဉ်ပေါ်တွင် မောင်းနှင်သူ တစ်ဦး တွဲဖက်လေ ယာဉ်မှူး နှစ်ဦးနှင့် စက်မှုလက်မှု အင်ဂျင်နီယာ တစ်ဦး စုစုပေါင်း လေးဦးပါရှိပြီး လေယာဉ်မှူး သုံး ဦးတွင် နှစ်ဦးသည် ယင်းလေယာဉ်ကို နာရီပေါင်း နှစ်ထောင်ကျော် မောင်းနှင်ထားသည့်အတွေ့အ ကြုံရှိသည်ဟု ၎င်းက ပြောသည်။ အင်ဂျင်နီယာအရာရှိတစ်ဦးပါ Y-8 လေယာဉ်ပေါ်တွင် ပါရှိခဲ့ သည်ကိုလည်း ပြောသည်။ Y−8 လေယာဉ်ပျက်ကျမှုတွင် ရာသီ ဥတုကိုထည့်သွင်းစဉ်းစားရန် လို အပ်ကြောင်း CNN သတင်းဌာန ၏ မိုးလေ၀သပညာရှင်က အကြံပြုထားသည်။

ထို့အပြင် Y-8 လေယာဉ် ပျက်ကျမှုဖြစ်စဉ်ကို ဇွန်လ ၇ ရက် မွန်းလွဲ ၃ နာရီခန့်တွင် စတင်သ တင်းရရှိမှု၊ ယင်းလေယာဉ်၌ ပါရှိ သည့်ဆီဖြင့် မောင်းနှင်နိုင်သည့်အ ချိန်ထိ သတင်းစောင့်ဆိုင်းခဲ့ပြီး တစ်ချိန်တည်းတွင် ရှာဖွေကယ် ဆယ်ရေး လုပ်ငန်းများ ပြင်ဆင် လုပ်ဆောင်ခဲ့မှု၊ လေယာဉ်ပျောက် ဆုံးကြောင်း သေချာသည့် အချိန် ကစ၍ သတင်းထုတ်ပြန်မှုအခြေ အနေများကို ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ လေယာဉ်နှင့် ပတ်သက်ကာ ရေဒါများမှ နောက် ဆုံးဖမ်းယူရရှိသည့် အချက်အ လက်များနှင့် အခြားအကြောင်း အရာများဆက်စပ်၍ ဖြစ်နိုင်ခြေ ကိုစဉ်းစားသုံးသပ်ခဲ့မှု၊ ရာသီဥတု အခြေအနေအရ ထိုအချိန်ကဖြစ် စဉ်နေရာတစ်ဝိုက်တွင် လွန်စွာ ကြီးမားသည့် တိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့မှုကို ထည့်သွင်း စဉ်းစား ရန်လိုအပ်ကြောင်း တပ်ချုပ်က ပြောသည်။

ယင်းလေယာဉ်နှင့်ပတ်သက် ၍ ၂၀၁၆ မတ်လတွင် တပ်မတော် သို့ နောက်ဆုံးရောက်ရှိခဲ့မှု၊ ခရီး သည်နှင့်ကုန်စည်ပို့ဆောင်ရေး တွင် များစွာစွမ်းဆောင်နိုင်၍ပြီး ခဲ့သည့်သဘာဝဘေးဒဏ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် သက်သာချောင်ချိရေး ခရီးစဉ် များ ခေါက်ရေများစွာ ပျံသန်းအ သုံးပြုခဲ့မှု၊ တပ်မတော် (လေ) ၌ Safety နှင့်ပတ်သက်၍ စစ်ဆေးမှု အပိုင်းတွင် ၁၀၀ ရာခိုင်နှုန်းသတ် မှတ်လုပ်ဆောင်မှု၊ ၁၀၀ ရာခိုင် နှုန်းသတ်မှတ်သော်လည်း သ ဘောသဘာဝအရ ရာနှုန်းပြည့် မရနိုင်မှု စသည်တို့ကို ၎င်းကရှင်း လင်းသည်။

ကျန်ရစ်သူမိသားစုများ၏ ဘဝရပ်တည်မှုအတွက် အကောင်း ဆုံး လုပ်ဆောင်ပေးမည် ဖြစ် ကြောင်း တပ်ချုပ်ကပြောသည်။

ပျက်ကျလေယာဉ်တွင် ပါ ၀င်သူများ၏ ကျန်ရစ်သူမိသားစု များအတွက် အလှူရှင်အသီးသီး ၏ လှူဒါန်းငွေကျပ်သိန်း ၉,၉၀၀ ကျော် ပေးအပ်ခဲ့သည်။ ဇွန်လ ၇ ရက် မွန်းလွဲက ပျက်ကျခဲ့သော လေယာဉ်ကို တပ်မတော်နှင့် ပြည် သူများက ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်နေရာ ဇွန်လ ၁၀ ရက် နေ့လယ်အထိ ရုပ်အလောင်း ၃၃ လောင်းဆယ်ယူရရှိ ထားသည်။

7 Day

လိပ်ကျွန်းအမှုကွဲလွဲချက်များ မြန်မာဥပဒေအကြံပေးအဖွဲ့ တွေ့ရှိ

ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သေဒဏ်ချခံထားရတဲ့ မြန်မာလူငယ် ၂ ဦး လွတ်မြောက်ရေး မြန်မာအစိုးရက ကူညီဆောင်ရွက်ပေးနေရာမှာ အမှုအတွက် အရေးပါတဲ့ ကွဲလွဲချက်တွေကို မြန်မာနိုင်ငံ ဥပဒေအကြံပေးအဖွဲ့က ထိုင်းရှေ့နေများကောင်စီထံ အပ်နှံလိုက်ပါတယ်။



ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း ဦးဆောင်တဲ့ ဥပဒေနှင့် မှုခင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ကနေပြီး အဓိကအားဖြင့် ဒီအန်အေနဲ့ ပတ်သက်တဲ့ ကွဲလွဲမှုအပေါ် အထူးအလေးထားရေးသားတဲ့ အချက်ပေါင်း ၁၈ ချက်၊ စာမျက်နှာပေါင်း ၇ မျက်နှာပါ တွေ့ရှိချက်တွေကို ထိုင်းရှေ့နေများကောင်စီထံ ဇွန် ၅ ရက်နေ့က ပေးပို့ခဲ့တယ်လို့  ဒီအမှုမှာ ကူညီဆောင်ရွက်နေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီအန်အေနဲ့ ပတ်သက်တာကို အထူးအလေးထား ရေးထားပါတယ်။ ဒီအန်အေမှာ ကွဲလွဲမှုတွေ အများကြီးရှိတယ်လေ။ လူသတ်တရားခံပါလို့ တရားလိုဘက်က စွပ်စွဲတဲ့ ပေါက်တူးဆိုရင် စစ်ဆေးတဲ့အခါမှာ ကလေးတွေရဲ့ ဒီအန်အေ မတွေ့ဘဲနဲ့ တခြားယောက်ျား ၂ ယောက်ရဲ့ ဒီအန်အေတွေ့တယ်။ ဒါပေမယ့် အဲဒီတရားခံ ဘယ်သူဆိုတာကို တရားလိုက ရှာဖွေတွေ့ရှိခြင်း မရှိဘူး။ နောက်တခုက ဟန်နာ (သေဆုံးသူအမျိုးသမီး) ရဲ့တန်ဆာထဲမှာ ဒီအန်အေ ၃ မျိုး တွေ့တယ်လို့ ပြောပါတယ်။ အဲဒါ ဒေါက်တာဖွန်းထစ်ကိုယ်တိုင် ပြောပါတယ်။ ရောထွေး ဒီအန်အေဟာ ဘယ်သူ့ဟာဆိုတာ ခွဲထုတ်ဖို့ သူတို့အတွက် ခဲယဉ်းပါတယ်တဲ့။ ပြီးတော့ တိကျမှန်ကန်တဲ့အဖြေလည်း မရနိုင်ပါဘူးတဲ့။ အဲဒီလို ၃ မျိုးဖြစ်နေပေမယ့် ကျနော်တို့ ကလေး ၂ ယောက်ကိုသာ တရားခံအဖြစ်နဲ့ စွပ်စွဲပြီးတော့ ကျန်တဲ့တယောက်က ဘယ်သူ ဆိုတာကိုလည်း ဆက်လက်ရှာဖွေခြင်း မရှိတဲ့အတွက်ကြောင့် တရားလိုဟာ လွဲမှားတယ်ဆိုတဲ့ အချက်တွေကို တင်ပြထားပါတယ်။”

ထိုင်းရှေ့နေများကောင်စီက အဲဒီတွေ့ရှိချက်တွေကို လက်ခံထားပြီး လိုအပ်ချက်တွေ ထပ်မံပြင်ဆင်ပြီးရင်  ဒီလ ၂၃ ရက်မတိုင်ခင် ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး ဋီကာတရားရုံးချုပ်ကို အယူခံဝင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ကို ကော်ဆမွီခရိုင် အောက်ခြေတရားရုံးက သေဒဏ်ချမှတ်ခဲ့တဲ့အပေါ် ဒုတိယဆင့် အထက်တရားရုံးကို အယူခံတင်ခဲ့ရာမှာ အဲဒီတရားရုံးကပါ ဒီနှစ် မတ်လ ၁ ရက်နေ့က သေဒဏ်အဖြစ် ထပ်မံ အတည်ပြုလိုက်တာကြောင့် အမြင့်ဆုံး ဋီကာတရားရုံးတင်ဖို့ ဆက်လက်ကြိုးစားနေတာပါ။

လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုမှာ တရားလိုက ထိုင်းရဲတပ်ဖွဲ့ဖြစ်ပြီး  မြန်မာလူငယ် ၂ ဦးကို သက်သေခိုင်လုံမှုမရှိဘဲ သေဒဏ်ချမှတ်လိုက်တာကြောင့် ဝေဖန်မှုတွေ မြင့်တက်နေသလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ကပါ စိတ်ဝင်တစား အလေးထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ၂ ဦးဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာလဆန်းကတည်းက အဖမ်းခံရပြီး ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်မှာ သေဒဏ်စီရင်ချက် ချမှတ်ခြင်းခံခဲ့ရကာ လောလောဆယ် နွန်ထပူရီခရိုင် ဘန်ခွမ်အကျဉ်းထောင်ထဲ ရောက်ရှိနေပါတယ်။

DVB

ပျောက်ဆုံး တရုတ်လုပ်လေယာဉ် Y-8 အကြောင်း တစ်စေ့တစ်စောင်း


တပ်မတော်အရာရှိကြီးများ၊ တပ်မတော် မိသားစုဝင်များနဲ့ လေယာဉ်အမှုထမ်း ၁၀၄ ဦး လိုက်ပါသွားတဲ့ Y-8 တပ်မတော်သုံး လေယာဉ်ဟာ ထားဝယ်မြို့ရဲ့ အနောက်ဘက် မိုင် ၂၀ ခန့်အကွာမှာ ပျောက်ဆုံးနေတာကြောင့် တပ်မတော်ကယ်ဆယ်ရေး လေယာဉ်နှစ်စီး၊ စစ်သင်္ဘောတွေနဲ့ ရှာဖွေရေး လုပ်နေရတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

“တပ်မတော်(ရေ)မှ စစ်သင်္ဘော ၄ စီးနှင့် တပ်မတော်(လေ)မှ လေယာဉ် ၂ စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား မွန်းလွဲ ၂ နာရီမှ စတင်ဆောင်ရွက်ဆဲဖြစ်သည်။ အဆိုပါ Y-8-200 F လေယာဉ်မှာ ၂၀၁၆ ခုနှစ်၊ မတ်လတွင် နောက်ဆုံးရောက်ရှိခဲ့သည့် လေယာဉ်ဖြစ်ပြီး တပ်မတော်(လေ)တွင် ၈၀၉ နာရီ ပျံသန်းအသုံးပြုခဲ့” တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါဆိုရင် Y-8 အကြောင်း လေ့လာနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်

Shaanxi Y-8 လေယာဉ်ဟာ တရုတ်နိုင်ငံ Shaanxi Aircraft Corporation က ထုတ်လုပ်တဲ့ အလယ်အလတ် အရွယ်အစား ပို့ဆောင်ရေး လေယာဉ်အမျိုးအစား ဖြစ်ပါတယ်။ ဆိုဗီယက်နိုင်ငံထုတ် Antonov An-12 ကို အခြေခံပြီး ထုတ်ထားတာဖြစ်ပါတယ်။ တရုတ်မှာတော့ လူကြိုက်အများဆုံး စစ်ဘက်နဲ့ အရပ်ဘက်သုံး ကုန်တင်လေယာဉ် အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။

An-12 ကိုတော့ ခုချိန်မှာ ယူကရိန်းမှာ ထုတ်လုပ်နေခြင်း မရှိတော့ပေမယ့် တရုတ် Y-8 ကိုတော့ အဆင့်မြင့်တင်တာတွေ၊ ထုတ်လုပ်နေတာတွေ ရှိနေဆဲဖြစ်ပါတယ်။ ယင်းလေယာဉ် မျိုးကွဲအများအပြား ထုတ်လုပ်ထားပြီး တင်ပို့ထားပြီးဖြစ်ပါတယ်။

၂၀၁၀ အထိတော့ ခန့်မှန်းခြေအားဖြင့် Y-8 လေယာဉ်အစီး ၁၆၉ စီး ထုတ်လုပ်ထားပြီး ဖြစ်ပါတယ်။

ယင်း Y-8 လေယာဉ်မှာတော့ Turboprop အင်ဂျင် လေးလုံး တပ်ဆင်ထားပါတယ်။

စစ်ဘက်တပ်ဖွဲ့ဝင်တွေ တင်ဆောင်နိုင်သလို၊ ကုန်ပစ္စည်းတွေ သယ်ပို့ပေးနိုင်တာ၊ လေထီး ခုန်ဆင်းတာနဲ့အတူ လေကြောင်း လူနာတင်ယာဉ်တစ်စီး အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ယင်းဟာ ကုန်တန်ချိန် ၂၀ ထိ တင်ဆောင်နိုင်သလို ခန့်မှန်းခြေအားဖြင့် တပ်သား ၉၆ ဦး ဒါမှမဟုတ် အရှည် ၁၃ မီတာခွဲ၊ အကျယ် ၃ မီတာနဲ့ အမြင့် ၂ ဒသမ ၄ မီတာရှိတဲ့ ကုန်တင်ခန်းအတွင်း လေထီးတပ်သား ၈၂ ဦး လောက် တင်ဆောင်နိုင်စွမ်းရှိပါတယ်။

ယင်း Y-8 လေယာဉ်ကိုတော့ တရုတ်အပြင် မြန်မာ၊ ပါကစ္စတန်၊ ဆူဒန်၊ တန်ဇနီးယား၊ ဗင်နီဇွဲလားတို့ လက်ရှိ အသုံးပြုနေလျက်ရှိပြီး သီရိလင်္ကာလည်း ယခင်က အသုံးပြုခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်အလွန်မှာ ဆိုဗီယက်ယူနီယံထုတ် An-12 ပြန်လည် ဒီဇိုင်းဆွဲထားတဲ့ လေယာဉ်ဖြစ်ပါတယ်။ လေယာဉ်ဒီဇိုင်းကို ၁၉၇၂ ခုနှစ်မှာ ဒီဇိုင်းရေးဆွဲပြီးစီးပြီး ၁၉၇၄ ခုနှစ် ဒီဇင်ဘာလမှာ ပထမဆုံး ပျံသန်းခဲ့ပါတယ်။

Mizzima သတင်းဌာန

ပျက်ကျ လေယာဉ် ရှာဖွေဆဲဟု တပ်မတော် ပြော


ထားဝယ်မြို့ အနောက်ဘက် မိုင် ၂၀ ခန့်တွင် ပျက်ကျသွားသော တပ်မတော်ပို့ဆောင်ရေး Y-8-200 F လေယာဉ်ကို ဆက်လက်ရှာဖွေနေဆဲဟု တပ်မတော် သတင်းအမှန်ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မြတ်မင်းဦးက ဧရာဝတီသို့ ပြောဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ စစ်သည်/မိသားစု ၁၀၆ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦး လေယာဉ်ပေါ်တွင် ပါကြောင်း သိရသည်။

The Ladies News က အသက်ရှင်သူ ၂၀ ဦးနှင့် အလောင်း ၉၃ လောင်း ဆယ်ယူရရှိထားကြောင်း ဖော်ပြခဲ့သော်လည်း တပ်မတော်ဘက်က အတည်ပြုခြင်း မရှိသေးပါ။ "ကျ​နော်​တို့ အခုထက်​ထိ ရှာ​ဖွေ​နေတုန်းပါ။ ​သ​င်္ဘော ၆ စီး အပါအဝင်​ ​လေယာဉ်​​တွေနဲ့ပါ ရှာ​ဖွေ​နေတုန်းပါ။ ဘယ်​သူ​တွေ ​ပျောက်​တယ်​ဆိုတာ အခုထိ မ​သေချာ​သေးဘူး။ ​သေဆုံးစာရင်းလည်း မဟုတ်​​သေးဘူး" ဟု ​ဗိုလ်​မှူးကြီး မြတ်​မင်းဦးက ​ပြောသည်။

နေပြည်တော်ရှိ တပ်မတော် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ရဲဝင်းကလည်း သဘောင်္အစီးရေ တိုးရှာရန် ရှိကြောင်း ပြောဆိုသည်။

အဆိုပါ လေယာဉ်မှာ ၂၀၁၆ ခုနှစ်၊ မတ်လတွင် နောက်ဆုံးရောက်ရှိခဲ့သည့် လေယာဉ်ဖြစ်ပြီး တပ်မတော်(လေ)တွင် ၈၀၉ နာရီ ပျံသန်းအသုံးပြုခဲ့ပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

ဧရာဝတီ

ကနေဒါရောက် ကရင်များက ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာပို့


ကနေဒါခရီးစဉ်တွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် / နိုင်ငံတော်အတိုင်ပင်ခံရုံး

ကနေဒါနိုင်ငံရောက် ကရင်တိုင်းရင်းသားဒုက္ခသည်များက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်တွန်း အားပေး ဆောင်ရွက် နေသော်လည်း ကရင်ပြည်နယ်တွင် မြန်မာအစိုးရတပ်များ တပ်စခန်းဆက်လက်တည်ရှိနေခြင်းအပေါ် စိုးရိမ်ကြောင်း အိတ်ဖွင့်ပေးစာတစောင် ထုတ်ပြန်၍ ဖော်ပြခဲ့ကြသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ ကနေဒါ ကရင်အသိုင်းအဝိုင်း (Karen Community of Canada -KCC)မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် အရာအားလုံး အဆင်ပြေချောမွေ့သည့် အပေါ်ယံလုပ်ပွဲ တခုသာဖြစ်မည်ကို စိုးရိမ်ကြောင်းနှင့် တိုင်းရင်းသားနယ်မြေတွင် စစ်တပ်များ ဆက်လက် နေရာတိုးချဲ့ချထားမှုနှင့် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသည့်အတွက် စိုးရိမ်ကြောင်း ဖေါ်ပြထားခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်အောက်မှ တိုင်းရင်းသား လူနည်းစုများ၏ နစ်နာမှုကို အာရုံစိုက်ပေးရန်လည်း KCC က ကနေဒါ အစိုးရတာဝန် ရှိသူများကို တောင်းဆိုလိုက်သည်။

“ကနေဒါက ကျနော်တို့ရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ခင်ဗျားတို့ကို တောင်းဆိုပါတယ်။ စစ်တပ်သိမ်းပိုက်မှု အောက်မှာ ဆက်လက်ပြီး ထိခိုက်နစ်နာနေရတဲ့ မြန်မာနိုင်ငံက ကရင်နဲ့ အခြားတိုင်းရင်းသားတွေရဲ့ ငိုကြွေးမှုတွေကို အလေးအနက် ဂရုပြုပေးပါ” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ကနေဒါ အစိုးရတာဝန်ရှိသူများ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ အစိုးရက ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးအတွက် သေချာအောင်မည်ကဲ့သို့ စီစဉ်ထားသည်၊ ကရင်ပြည်နယ်မှ မြန်မာစစ်တပ်များ ပြန် လည်ရုပ်သိမ်းရေးအတွက် ဒုက္ခသည်များကတောင်းဆိုထားခြင်းကို သူ၏ အစိုးရက မည်ကဲ့သို့ တုန့်ပြန်မည် စသည့် မေးခွန်းအချို့ မေးရန်လည်း ကရင်ဒုက္ခသည် အသိုင်းအဝိုင်းက တိုက်တွန်းထားသည်။

နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၄ရက်နေ့ ညနေက ကနေဒါနိုင်ငံသို့ ရန်ကုန်လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် လအတွင်းက ကရင်ပြည်နယ်မှ စစ်ရှောင်ဒုက္ခသည်များက ဆန္ဒပြပွဲတခု ပြုလုပ်၍ သူတို့ နေအိမ်သို့ ဘေးကင်း စွာပြန်သွားနိုင်ရေးအတွက် ကျေးရွာများ အနီးမှ အစိုးရတပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းပေးရေးကို တောင်းဆိုခဲ့ ကြ သည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) က ၂၀၁၂ ခုနှစ်တွင် ယခင်အစိုးရနှင့် အပြန် အလှန် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တခုလက်မှတ်ရေးထိုးခဲ့သော်လည်း မြန်မာ့တပ်မတော်က ၎င်း၏ စခန်း များကို အင်အားဖြည့်တင်းခဲ့ပြီး ဒေသတွင်းတွင် စခန်းများ ထပ်မံတည်ဆောက်ခဲ့သည်ဟုလည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

KNU ဒုတိယ ဥက္ကဌ ဖဒိုကွယ်ထူးဝင်းလည်း ကနေဒါနိုင်ငံတွင် ဖက်ဒရယ်စနစ်လေ့လာရေး ခရီးစဉ်တခု ဖြင့်ရောက်ရှိနေရာ သူ့တွင် အစီအစဉ်များဖြင့် ပြည့်နှက်နေသည်သည့် အတွက် ကရင်ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ခြင်း မရှိသည့် အတွက် ကနေဒါနိုင် ငံရောက် ကရင်အသိုင်းအဝိုင်းက စိတ်ပျက်ခဲ့ကြသည်။

KCC ၏ ဥက္ကဌ ဆလုံဖန်းက KNU ဒုတိယဥက္ကဌအနေဖြင့် ကနေဒါနိုင်ငံရောက် ကရင်တိုင်းရင်းသား အသိုင်းအဝိုင်း နှင့် တွေ့ဆုံ ရန် ပျက်ကွက်ခဲ့သည့် ၎င်းတို့ စိတ်ပျက်ခဲ့ရကြောင်း ပြောသည်။

ဖဒိုကွယ်ထူးဝင်းသည် ကရင်အသိုင်းအဝိုင်းနှင့် မတွေ့ဆုံခဲ့သော်လည်း သူနှင့် အခြားသော တိုင်းရင်းသား ခေါင်းဆောင် များက Niagara ရေတံခွန်သို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ကနေဒါ သံအမတ်ကြီး Karen MacArthur တို့ တွေ့ဆုံခဲ့ခြင်း အပေါ် စိုးရိမ်မိကြောင်းလည်း KCC ကပြောသည်။ ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံမှ ပြည်တွင်းစစ်၊ နေအိမ်စွန့်ခွာထွက်ပြေးရခြင်းနှင့် လူ့အခွင့် အရေးချိုးဖောက်မှုများကို တွန်းအား ပေးနေသည့် ရေအားလျှပ်စစ် စီမံကိန်းများတွင် ကနေဒါနိုင်ငံက ရင်းနှီးမြှုပ်နှံမည့် အလားအလာများကို ဆွေးနွေးခဲ့ကြ သည်။

“အဲဒီဗိုလ်ချုပ်ကြီး (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) နဲ့ သူ့ရဲ့ တပ်ဖွဲ့တွေက ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေတဲ့ ကရင်နဲ့ တခြားတိုင်းရင်းသား အသိုင်းအဝိုင်းတွေအပေါ်မှာ အကြမ်းဖက် စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့တာတွေ အတွက် တာဝန်ရှိပါတယ်။ ဒါကြောင့် သံအမတ်ကြီး Karen MacArthur က သူနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးတဲ့ အတွက် ကျနော်တို့ တုန်လှုပ်ခဲ့ရပါတယ်။” ဟုလည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ကနေဒါ ကရင် အသိုင်းအဝိုင်း(Karen Community of Canada -KCC) သည် ကနေဒါနိုင်ငံ တလွှားမှ ကရင် တိုင်းရင်းသား များကို ကိုယ်စားပြုသည့် အဖွဲ့အစည်းတခု ဖြစ်ပြီး ကရင်ယဉ်ကျေးမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ရေး ကိစ္စများဆောင် ရွက်နေသည်။

irrawaddy news

AYA ဘဏ်နှင့် Visa တို့ပူးပေါင်းပြီး AYA Visa အကြွေးဝယ်ကဒ်များ စတင်လုပ်ဆောင်ပြီ

Photo - အောင်နိုင်စိုး

ပြည်​တွင်းပြည်​ပနှင့်​ အင်​တာနက်​​ပေါ်ရှိ သန်း​ပေါင်း၄၀​ကျော်​သည့်​ ​ဈေးဝယ်​နိုင်​​သော​နေရာများတွင်​ ​AYA Visa  အ​ကြွေးဝယ်​ခွင့်​ကဒ်​များဖြင့်​ ဈေးဝယ်​ခွင့်​ရရှိ​တော့မည်​ဖြစ်​သည်​။

AYA Visa အ​ကြွေးဝယ်​ခွင့်​ကဒ်​ဖြင့်​ ကမ္ဘာအရပ်​ရပ်​ရှိ​ဈေးဆိုင်​​ပေါင်း သန်း၄၀​ကျော်​နှင့်​ မြန်​မာနိုင်​ငံရှိ ​ဈေးဆိုင်​​ပေါင်း ၇၀၀၀​ကျော်​တို့တွင်​ ​ဈေးဝယ်​ယူနိုင်​မည်​ဖြစ်​သည်​။

ယင်းအ​ကြွေးဝယ်​ခွင့်​ကဒ်​များကို ဧရာဝတီဘဏ်​မှ ကမ္ဘာ့​ခေတ်​မီနည်းပညာများဖြင့်​ ​ငွေ​ပေး​ချေ​သောစနစ်​၏ ​ရှေ့​ဆောင်​ Visa နှင့်​ပူး​ပေါင်း၍ အ​ကြွေးဝယ်​ခွင့်​ကဒ်​သုံးမျိုးအား မိတ်​ဆက်​လိုက်​သည်​။

"မြန်​မာပြည်​တွင်းမှာ ဘဏ်​​ငွေစာရင်းမရှိ​သေးတဲ့သူ​တွေအတွက်​ ရည်​ရွယ်​ပြီး AYA Visaအ​ကြွေးဝယ်​ခွင့်​ကဒ်​ကို ထုတ်​တာပါ။ဒီလိုကမ္ဘာ့​ရှေ့​ဆောင်​ နည်းပညာနဲ့ ​ငွေ​ပေး​ချေမှုစနစ်​ရှိတဲ့ ကဒ်​​တွေဟာ မြန်​မာပြည်​ရဲ့ စီးပွား​ရေးကို ပိုမိုအား​ကောင်း​အောင်​ စွမ်း​ဆောင်​နိုင်​မှာပါ။"ဟု ဧရာဝတီဘဏ်​ဥက္ကဌ ဦး​ဇော်​​ဇော်​က​ပြောသည်​။

အပြည်​ပြည်​ဆိုင်​ရာတွင်​အသုံးပြုနိုင်​​သောကဒ်​များကို မြန်​မာနိုင်​ငံတွင်​ ထုတ်​လုပ်​ခြင်း​ကြောင့်​ မြန်​မာကျပ်​​ငွေဖြင့်​သာ ​ဖော်​ပြမည်​ဖြစ်​ပြီး ​ငွေလဲနှုန်းထားများကို စိုးရိမ်​စရာမရှိ​ကြောင်းသိရသည်​။

ဧရာဝတီဘဏ်​မှ AYA Visa အ​ကြွေးဝယ်​ခွင့်​ကဒ်​များကို ​ငွေ​ရောင်​၊​ရွှေ​ရောင်​နှင့်​ ပလက်​တီနမ်​ သုံးကဒ်အား ​မေလ ၃၀ရက်​တွင်​ ​ဈေးကွက်​အတွင်း ဖြန့်​ချိရန်​ မိတ်​ဆ
က်ခဲ့ပြီးဖြစ်​သည်​။

ဧရာဝတီဘဏ်​သည်​ ဘဏ်​ခွဲ​ပေါင်း ၂၁၈ဘဏ်​၊ဘဏ်​စာရင်းအပ်​​ငွေကျပ်​ ၃ဒသမ ၉၅ တွီလျံရှိပြီး လာမည့်​နှစ်​များတွင်​ ဘဏ်​ခွဲများတိုးချဲ့ဖွင့်လှစ်​မည်​ ဖြစ်​​သည်​။

ဧရာဝတီဘဏ်​မှ ထုတ်​လုပ်​သည့်​ AYA Visa အ​ကြွေးဝယ်​ခွင့်​ကဒ်​များအ​ကြောင်းကို အ​သေးစိတ်​သိရှိလိုပါက ဧရာဝတီဘဏ်​ခွဲများတွင်​ သွား​ရောက်​​လေ့လာနိုင်​​ကြောင်း သိရသည်​။

သီဟ

ပြည်နှင်ဒဏ်ပေးမှု ကုလအဖွဲ့ စိုးရိမ်


ရန်ကုန်မြို့မှာရှိတဲ့ Horizon နိုင်ငံတကာကျောင်းက တူရကီလူမျိုး ကျောင်းဆရာ Muhammet Furken Sokmen မူဟာမက် ဖားကန် ဆော့မင်း ဆိုသူကို မြန်မာအစိုးရက ပြည်နှင်ဒဏ်ပေးလိုက်တဲ့အတွက် အထူးစိုးရိမ်ပူပန်ကြောင်း The Office of the United Nations High Commissioner for Human Rights (OHCHR) ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

မူဟာမက်ကို သူ့မိသားစုနဲ့အတူ ရန်ကုန်လေဆိပ်မှာ မေလ ၂၄ ရက်ကဖမ်းဆီးပြီး ထိုင်းနိုင်ငံကို ပို့လိုက်ကြောင်းနဲ့ ထိုင်းအစိုးရက တူရကီကို သောကြာနေ့မှာ ထပ်မံပို့ဆောင်လိုက်ကြောင်း သိရပါတယ်။

တူရကီအစိုးရက အဲဒီကျောင်းဆရာဟာ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်က တူရကီနိုင်ငံမှာ သမတ Recep Tayyip Erdogan ရီချက် တာယစ် အာဒိုဝန် ကိုဖယ်ရှားဖို့ ကြိုးစားခဲ့တဲ့ ဘာသာရေးခေါင်းဆောင် Fetullah Gulen ဖိတူလာ ဂူလန်နဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲထားပါတယ်။

ရှုံးနိမ့်သွားခဲ့တဲ့ အဲဒီ အာဏာသိမ်းပွဲနောက်ပိုင်း တူရကီအစိုးရက ဖမ်းဆီးအရေးယူသူ ၁ သိန်းကျော်သွားပါပြီ။ အခု မြန်မာပြည်က နှင်ထုတ်လိုက်တဲ့ တူရကီကျောင်းဆရာဟာ ညင်းပန်းနှိပ်စက်ခံရလိမ့်မယ်လို့ ကုလ လူ့အခွင့်အရေး အဖွဲ့ရဲ့ မနေ့က ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

RFA Burmese