အပြည်ပြည်ဆိုင်ရာ အိမ်အကူအလုပ်သမားများနေ့ (အကြို) ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံမှ အိမ်အကူအလုပ်သမားများပြည်ပသို့ရွှေပြောင်းသွားလာ လုပ်ကိုင်ခြင်းအပေါ် တားမြစ်ပိတ်ပင်ထားမှုအား ရုပ်သိမ်းသင့်ပါသလား ခေါင်းစဉ်ဖြင့် Debate ဆွေးနွေးပွဲတစ်ခုကို ဇွန်လ ၁၅ရက်နေ့က တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့ပါသည်။
စင်္ကာပူနိုင်ငံကို တရားဝင်အိမ်အကူအလုပ်သမားများ သွားရောက်မှုကို ပိတ်ပင်ထားသည့်အတွက် တရားမ၀င်လမ်းတွေက သွားပြီး အလုပ်လုပ်နေသည့် အလုပ်သမားတွေဟာ ဥပဒေရဲ့ ကာကွယ်ပေးမှုကို မခံစားရဘူးဟု Future Light Center မှတာဝန်ခံ ဒေါ်ထက်ထက်အောင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ အိမ်အကူအလုပ်သမားများသည် အခြားအလုပ်သမားများနှင့် တန်းတူဖြစ်ကြောင်းကို အစိုးရမှ အသိအမှတ်ပြုလာစေဖို့နှင့် အိမ်အကူလုပ်ငန်းအား အလုပ်အကိုင်တစ်ခုအဖြစ် တန်ဖိုးထားစေဖို့ရည်ရွယ်ပြီး ဒီဆွေးနွေးပွဲကိုပြုလုပ်ရခြင်းဖြစ်သည်ဟု လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမှာ တစ်နေ့လျှင် အနည်းဆုံး ပြည်ပထွက်ပြီးအလုပ်လုပ်နေတဲ့သူဦးရေအယောက် ၃၀မှ ၄၀ အထိတွေ့မြင်နေရသည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည်၂၀၁၄ခုနှစ်ကစတင်ပြီး စင်္ကာပူနိုင်ငံသို့ အိမ်အကူအလုပ်သမားသွားရောက်ချင်းကို တားမြစ်ခဲ့ပါသည်။
Mizzima

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်