ဒေါ်တင်ညွန့်၏ ကြည့် ရှုရန်မသင့်တော်သော ဗီဒီယိုဖိုင် ကိုရိုက်ကူးခဲ့သူနှင့် လူမှုကွန်ရက် စာမျက်နှာဖေ့စ်ဘွတ်ခ်ပေါ် တင် ခဲ့သူတို့ကို ဒေါ်တင်ညွန့်၏ ခင်ပွန်း ဖြစ်သူက ကညွတ်ကွင်းနယ်မြေရဲ စခန်းတွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ၆၆(ဃ)ဖြင့် အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်း ဖြူးမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ဒေါ်တင်ညွန့်၏ ခင်ပွန်းကိုရဲဝင်းက ဇနီးမတင်ညွန့် ၏ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက် စာမျက်နှာတွင်တင်ခဲ့သူ တင်ထွဋ်နှင့် ဗီဒီယိုရိုက်ကူးသူဝင်းအေးတို့ကို ရဲစခန်း၌ လာရောက်တိုင်ကြားခဲ့၍ ဇွန်လ ၁၅ ရက် နေ့ လယ်တွင် အမှုဖွင့်ခဲ့ကြောင်း ကညွတ်ကွင်းနယ်မြေရဲစခန်းမှ ရဲအုပ်စန်းဦးက ပြောသည်။
‘‘ဒီနေ့ နေ့လယ်ပိုင်းအချိန်က လာပြီး အမှုဖွင့်လို့ ၆၆(ဃ)အရ အမှုဖွင့်ထားပါတယ်။ နှစ်ဖက်စ လုံးကို ဖမ်းဆီးထားတာတော့ မရှိ သေးပါဘူး။ အမှုနဲ့ပတ်သက်လို့ ခေါ်ယူ စစ်ဆေးနေတာတွေရှိ တယ်။ ကိုတင်ထွဋ်က သတင်းသမားဆိုပေမယ့် ဘယ်သတင်းဌာနကလဲဆိုတာတော့ မသိရသေးပါဘူး’’ ဟု ၎င်းက ပြောသည်။
ဇွန်လ ၉ ရက်က လယ်ကွင်း အတွင်း နွားကျောင်းသည့်ကိစ္စနှင့်ပတ်သက်၍ တိုင်ကြားခံရသူ ကိုရဲဝင်းက ရဲစခန်းတွင် သွားရောက်ရှင်းလင်းစဉ် နွားများထပ်မံလွှတ်ကျောင်းသဖြင့် မတင်ညွန့်ကသွား
ရောက်တားမြစ်ရင်း ချော်လဲသွားပုံကို ၀င်းအေးက ဗီဒီယိုရိုက်ကူး၍ ၎င်းရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ကို Tin Htut အကောင့်ပိုင်ရှင် ကိုတင်ထွဋ်က ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဗီဒီယိုဖိုင်ကို ၀င်ရောက်ကြည့်ရှုသူများပြားခဲ့ကာ လူမှုကွန်ရက်စာမျက်နှာတွင် လူသိများခဲ့သည်။
ဗီဒီယိုဖိုင်တွင် ဒေါ်တင်ညွန့် ချော်လဲသွားရာမှ ထဘီလှန်၍ မဖွယ်မရာပြုလုပ်နေပုံနှင့် ဆဲဆိုသည့်အသံများပါဝင်ခဲ့ပြီး ဆဲဆိုကြိမ်းမောင်းသူ ဒေါ်တင်ညွန့်အပါအ၀င်ခုနစ်ဦးကို ကညွတ်ကွင်း ရဲစခန်းက ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။
ဗီဒီယိုဖိုင်ရိုက်ကူးသူ ကိုဝင်း အေးနှင့် ဖေ့စ်ဘွတ်ခ်ပေါ်တင်သူ ကိုတင်ထွဋ်တို့၏ သက်သေခံပစ္စည်းများသိမ်းဆည်းထားကာ အမှုကိုစစ်ဆေးနေကြောင်း သိရသည်။
7 Day Daily

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်