မုံရွာခရိုင်၊ ကြေးနီစီမံကိန်း ဆန္ဒပြသူများကို အင်အားအသင့်အတင့်သုံး ဖြိုခွင်းခဲ့ခြင်းသာဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဒုတိုင်းရဲတပ်ဖွဲ့ မှူး၏ ပြောကြားချက်ကို နိုဝင်ဘာ ၁၁ရက်နေ့  ည၁၀နာရီခွဲဝန်းကျင်းတွင် MRTV-4 ရုပ်သံလိုင်းတွင် ထုတ်လွှင့်ခဲ့သည်။
ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် အမျိုးမျိုးသော တားမြစ်ဟန့် တားမှုများကြောင့် ယင်းဒေသတွင် ပုဒ်မ ၁၄၄ထုတ်ပြန်ထားသော်လည်း ပုဒ်မ၁၄၄ စတင်ထုတ်ပြန်ချိန်မစပြီး ပြည်သူများနှင့် သံဃာတော်များ ပူးပေါင်းပြီး သပိတ်စခန်း၎ခုကို စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ သပိတ်စခန်းများကို ပိတ်သိမ်းပြီး နေရပ်ကို ပြန်ရန် ပြည်သူများကို သက်ဆိုင်ရာမှ အကြိမ်ကြိမ်မှ တိုက်တွန်း နှိုးဆော် ခဲ့သော်လည်း လိုက်နာခြင်းမရှိခဲ့ကြောင့်၊ နိုဝင်ဘာလ ၂၇ရက်နေ့ က ပြည်ထဲရေးဝန်ကြီးရုံးမှ နိုင်ငံပိုင်မီဒီယာများမှ ကြေညာခဲ့ပြီးဖြစ်ပြီး ယနေ့ တိုင် ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့သဖြင့် အင်အားအသင့်အတင့်သာ သုံးပြီး ဖြေရှင်းခဲ့သည်ကို တွေ့ ရှိရကြောင်း၊ ယင်းကိစ္စရပ်တွင် ထိခိုက်ဒဏ်ရာရခဲ့သော ပြည်သူများနှင့် သံဃာတော်များအား သက်ဆိုင်ရာမှ ဆေးကုသ ဆောင်ရွက်ပေးနေကြောင်း ကြေညာချက်တွင် ဒုတိုင်းရဲတပ်ဖွဲ့ မှူးက ပြောကြားသွားခဲ့သည်။
နိုင်ငံတကာတွင် မည်သည့်နိုင်ငံတွင်မဆို အရေးပေါ်အခြေအနေ ထုတ်ပြန်ထားလျှင် ယင်းနေရာများတွင် ဆန္ဒပြခွင့် မရှိကြောင်း၊ ကန့် သတ်တားမြစ်ထားသော နေရာများသို့  ကျူးကျော်ခြင်း ၊ နေထိုင်ခြင်းနှင့် ဆန္ဒပြခြင်းများကို လုပ်ဆောင်ခွင့် မရှိကြောင်းနှင့် လိုက်နာခြင်းမရှိပါက အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့  အရေးယူရာတွင် လိုအပ်ပါက အင်အားသုံး ဖြိုခွင်းလေ့ ရှိသည်။
ကြေးနီစီမံကိန်းနယ်မြေအား ပုဒ်မ၁၄၄ ထုတ်ပြန်ထားပြီး ထုတ်ပြန်ပြီးချိန်မှ စတင်ပြီး သပိတ်စခန်း၎ခုမှ ၆ခုအထိ ရှိလာပြီး လက်ပံတောင်းတောင်
ကြေးနီးစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်၊ ဒေသခံတို့၏ လူနေမှုဘ၀၊
နိုင်ငံအကျိုးစီးပွားတို့ ရေတို ရေရှည် ထိခိုက်မှု အကျိုးရှိခြင်းနှင့်
ပတ်သက်၍ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းစစ်ဆေးမည်ဖြစ်ပြီး ယင်းသို့
စစ်ဆေးနိုင်ရန်အတွက် စီမံကိန်းပုံမှန်လည်ပတ်နေရန်လိုအပ်ခြင်းကြောင့် သပိတ်စခန်းများဖွင့်လှစ်ထားပါက စစ်ဆေးခြင်း
မပြုနိုင်သောကြောင့် သပိတ်စခန်းများ
ဖယ်ရှားပေး ရန် ပြည်ထဲရေး ၀န်ကြီးရုံမှ နိုဝင်ဘာ ၂၇ရက်နေ့ ည၁၂နာရီထား နောက်ဆုံးဖယ်ရှားပေးရန် နိုင်ငံပိုင်မီဒီယာမှ တစ်ဆင့် သတိပေးထားခဲ့ပြီး ၂၉ရက်နေ့ တွင် စတင်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။
သတင်းထောက်ကေ
www.kabaywarkalay.blogspot.com
ကြေးနီစီမံကိန်း သပိတ်စခန်းများကို အင်အားအသင့်အတင့်သုံးခြင်း ဖြိုခွင်းခြင်းသာဖြစ်
Subscribe to:
Post Comments (Atom)
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်