ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ တွင်၊ ဇန်န၀ါရီလ ၄ရက်နေ့  ညနေ၅နာရီခွဲ အချိန်ခန့် က ငွေလဲလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦး ဓားပြတိုက် သတ်ဖြတ်ခံရမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
အမှုဖြစ်ပွားပုံနှင့် ပတ်သတ်၍ ဒေသခံတစ်ဦးက မျက်မြင်တစ်ဦးက "အသက်ခံရတဲ့သူက နန်းမွေခမ်း၊ အသက်၂၉နှစ်၊ ငွေလဲလုပ်ငန်းလုပ်တာလေ၊ မနက် ၅နာရီခွဲလောက် အိမ်ပြန်ချိန်မှာ လူနှစ်ယောက်က လမ်းမှာစောင့်ပြီး ဓားပြတိုက်တယ်၊ သတ်လည်းသတ်သွားတယ်၊ ကူညီပေးချင်ပေမယ့် ဓားပြတွေက သေနတ်ကိုင်ထားတော့ ဘာမှမတတ်နိုင်ခဲ့ဘူး"ဟု ဆိုသည်။
သေဆုံးသွားသူ၏ ခေါင်းတွင် တူဖြင့်ထုခံထားရသော ဒဏ်ရာအပြင် ရင်ဘတ်တွင် သေနတ်၂ချက် ပစ်ခံထားရကြောင်း ဒေသခံမျက်မြင်များ၏ အဆိုအရ သိရသည်။
တရုတ်နယ်စပ် မူဆယ်မြို့ တွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူ၊ ရွှေဆိုင်ပိုင်ရှင်အစရှိသည်များအား မကြာခဏ ဓားပြတိုက်လေ့ရှိကြောင်း လတိုင်းနီးပါးဖြစ်ပေါ်လျက်ရှိကြောင်းနှင့် ယင်းသို့  ဖြစ်ပွားနေသည့်အပေါ် လောင်းကစားဝိုင်းမျိုးစုံရှိသော နေရာများအား
သက်ဆိုင်ရာမှ အလေးထား စစ်ဆေးပေးသင့်ကြောင်း ဒေသခံများက ဆိုသည်။
ကေ
မူဆယ်တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက် သတ်ဖြတ်ခံရ
Subscribe to:
Post Comments (Atom)
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်