ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ အား သက်ဆိုင်ရာ
အစိုးရအဖွဲ့ များ လက်အောက်သို့  ပြောင်း၍ စီမံခန့်ခွဲမှုပြုလုပ်သွားရန် သမ္မတရုံးဝန်ကြီးဌာနက
ပြည်ထဲရေးအား အကြံပြုထားကြောင်း သက်ဆိုင်ရာမှ သိရသည်။
ပထမအဆင့်
စီမံမှုအနေဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များ၌ အရင်ဆုံး ဆာင်ရွက်မည်ဖြစ်ပြီး
ပြည်ထဲရေး ဝန်ကြီးဌာနမှလည်း သဘောတူကြာင်း သဘောထားမှတ်ချက်ပးထားသည်ဟု
သမ္မတရုံးဝန်ကြီးက ဆိုသည်။
”လိုနေတာက ရန်ကုန်နဲ့ မန္တလေးနှစ်ခုပဲ
စည်းကမ်းမဲ့နေတာကို စနစ်တကျ ဖမ်းဆီးတာမျိုးတွေကို ဂရုတစိုက် လုပ်လာအောင်လို့ပဲ၊ ပြည်ထဲရေးအောက်မှာထားတာထက် ရန်ကုန်နှင့် မန္တလေးအစိုးရအောက်မှာ ထားတာက ပိုကောင်းတယ်လို့ သိထားတဲ့အတွက် အခုလို စီစဉ်ရတာပါ”ဟု ၀န်ကြီးက ဆိုသည်။ ရန်ကုန်နှင့် မန္တလေးအစိုးရအဖွဲ့တို့ထံ
စနစ်တကျ လွှဲအပ်မှုပြုပြီးပါက အခြားသော တိုင်းဒေသကြီးနှင့်
ပြည်နယ်အစိုးရ အဖွဲ့များထံသို့လည်း လိုအပ်မှုအပေါ်လိုက်ကာ
လွှဲပြောင်းပေးနိုင်ရန် တိုက်တွန်းထားသည်ဟု သမ္မတရုံးမှ သိရသည်။
၂ဝ၁၂ ခုနှစ်က လူမှုဝန်ထမ်း ဝန်ကြီးဌာနလက်အောက်ရှိ မီးသတ်ဦးစီးဌာနကိုလည်း ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်သို့ ထည့်သွင်းခဲ့သည်။
ကေ
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်