၂၀၁၃ ဇန်နဝါရီ ၁၁ ရက်နေ့ ညနေပိုင်းတွင် မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာအနီး စက်ချို့ ယွင်းမှုကြောင့် ပျက်ကျခဲ့ရသော တပ်မတော်ရဟတ်ယာဉ်ကို ကေအိုင်အိုတပ်မှ တာဝန်ရှိသူက စက်ချို့ ယွင်းမှုကြောင့်မဟုတ်ဘဲ ၄င်းတို့ ဖျက်ချခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
"အစိုးရက လေကြောင်းအကူအညီနဲ့  ကျွန်တော်တို့ ကို နေ့ စဉ်ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ အခု ရဟတ်ယာဉ်ကလည်း ကျွန်တော်တို့ ကို တပ်ကို လာတိုက်လို့ ပြန်လည်ပစ်ခတ်ပြီးနောက်မှာ အခုလို ပျက်ကျခဲ့တာဖြစ်ပါတယ်" ဟု ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုရဲ့  ဗဟိုကောမတီဝင် ဗိုလ်မှူးကြီး လွမ်ဒေါင်းက ဆိုသည်။
အဆိုပါ တပ်မတော် ရဟတ်ယာဉ်ပျက်ကျမှုနှင့် ပတ်သတ်၍ နှစ်ဘက် မတူညီသော အပြန်အလှန် ပြောဆိုမှုတွေရှိနေပါတယ်။
အစိုးရဘက်မှ နိုင်ငံပိုင်မီဒီယာများတွင် ၂၀၁၃ ဇန်နဝါရီ ၁၁ ရက်နေ့ ညနေပိုင်းတွင်
မြစ်ကြီးနား လေတပ်စခန်းမှ အုပ်ချုပ်မှုကိစ္စ၊ ဆောင်ရွက်ရန်အတွက်
မြစ်ကြီးနားမြို့မှ ၂၀ မိုင်ခန့်အကွာ မြစ်ကြီးနားမြို့နယ်၊ တာလောကြီး
ကျေးရွာ အနီးသို့ ပျံသန်းလာသော တပ်မတော် ရဟတ်ယာဉ် တစ်စီးသည် ရုတ်တရက် စက်ချို့ယွင်းသဖြင့် အရေးပေါ် ဆင်းသက်ခဲ့ ရကြောင်း၊
အခင်းဖြစ်ပွားရာသို့ တပ်ဖွဲ့များအား အခြား ရဟတ်ယာဉ်များနှင့် ချက်ချင်း
ပို့ဆောင်ပေးခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် တပ်မတော်လေမှ အရာရှိနှစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦးတို့  သေဆုံးခဲ့ကြောင့် သတင်းထုတ်လွှင့်ခဲ့သည်။
"ရဟတ်ယာဉ် ပျက်မကျသေးခင်မှာပဲ မြစ်ကြီးနားလေတပ်စခန်းရဲ့  တာဝါတိုင်ကို သူတို့ ယာဉ် စက်ချို့ ယွင်းကြောင်း သတင်းပို့ ခဲ့ပါတယ်။ ပျက်ကျတော့ သစ်ပင်တွေထဲ တိုက်ခဲ့မိလို့  ယာဉ်ရဲ့  ရှေ့ ပိုင်းတစ်ခုလုံး ကြေမွပျက်စီးကုန်လို့  သူတို့  အသက်ဆုံးရှုံးသွားတာပါ"ဟု ပြန်ကြားရေး ဒုတိယ၀န်ကြီးက ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်စဉ်နဲ့  ပတ်သတ်ပြီး ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဒုဝန်ကြီးက ကေအိုင်အိုရဲ့  ပြောကြားချက်များကို လက်မခံဘဲ အခုလို အစိုးရတပ်ဘက်မှ အဆုံးအရှုံးရှိချိန်တွင် ၀ါဒဖြန့် ချမှုအတွက် အမှတ်ဝင်ယူတာသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
တပ်မတော်မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက "ရဟတ်ယာဉ်က ပစ်ချခံခဲ့ရတာမဟုတ်ပါဘူး၊ Single Engine Failure ဖြစ်သွားတာခဲ့တာပဲဖြစ်ပါတယ်၊ တပ်မတော်ကလွဲပြီး အခြား ပြည်တွင်းမှာ ရှိနေတဲ့ လက်နက်ကိုင်တပ်တွေ အားလုံးမှာ Mi 35ကို ပစ်ချနိုင်လောက်တဲ့ Heat Seeker Missile တွေ မရှိပါဘူး၊ လက်နက်ငယ်တွေနဲ့ လည်း Mi 35ကို ပစ်ချနိုင်လောက်အောင် မလွယ်ကူပါဘူး"ဟု ယင်းဖြစ်စဉ်နဲ့  ပတ်သတ်ပြီး ကမ္ဘာ့ ရွာကလေးသို့  ပြောပြခဲ့သည်။
အဆိုပါ ရဟတ်ယာဉ်ပျက်ကျခဲ့မှုကြောင့် ဗိုလ်မှူးဖြိုးငြိမ်း DSA
အပတ်စဉ် 41၊ ဗိုလ်ကြီးကျော်ထွန်းနောင် DSA အပတ်စဉ် 47နှင့် တပ်ကြပ်ကြီးတစ်ဦး (အမည်မသိရသေး )တို့  ကျဆုံးခဲ့ပြီး ဗိုလ်ကြီးကျော်ထွန်းနောင်မှာ နိုဝင်ဘာ ၂၀၁၂ ကမှ
လက်ထပ်ထားပြီး ၄င်းကျဆုံးချိန်တွင် ဇနီးသည်မှာ အိမ်ထောင်သက် ၂လနဲ့  ကျန်ရစ်ခဲ့သသည်ဟု တပ်တွင်း သတင်းအရ သိရသည်။
ကေ၊ မိုးစက်။
ကေအိုင်အို တာဝန်ရှိသူက အစိုးရရဟတ်ယာဉ် ၄င်းတို့ ဖျက်ချခဲ့ခြင်းဖြစ်သည်ဟု ဆို
Subscribe to:
Post Comments (Atom)
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်