ထိုင်းဘုရင့်ရေတပ် ဒုံပြန်ကိုးစင်း ၀ယ်ရန် ကန်အစိုးရနှင့် စာချုပ်ချုပ်

ထိုင်းဘုရင့်ရေတပ်မတော်သည် Evolved Sea Sparrow Missiles (ESSM) ဒုံးပျံ(၉)စင်းအား ဝယ်ယူရန် အမေရိကန်အစိုးရနှင့် စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းရေတပ်သည် ၎င်း ESSM များအား လက်ရှိကာလတွင် အဆင့်မြှင့်တင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည့် Naresuan Frigate စစ်ရေယာဉ်နှစ်စီးတွင် တပ်ဆင် အသုံးပြုသွားမည် ဖြစ်ပါသည်။ တရုတ်နိုင်ငံမှ Naresuan Class Frigate ၄ စီး ဝယ်ယူထားကြောင်း သိရသည်။

ယခုအခါတွင် ESSM ဒုံးပျံစနစ် အသုံးပြုသော နိုင်ငံပေါင်းသည် ၁၃ နိုင်ငံအထိ ရှိလာပြီ ဖြစ်သည်။ထိုင်းရေတပ်တွင် အသုံးပြုမည့် ESSMs ဒုံးပျံများအား ၄ လုံးတွဲ MK 25 Quad Pack နှင့် ထည့်၍ MK41 ရှစ်လုံးတွဲ ဒေါင်လိုက်ပစ် စနစ်ဖြင့် တပ်ဆင် အသုံးပြုသွားမည်ဖြစ်သည်။ ၄င်းစနစ်၏ စွမ်းရည်သည် ရေယာဉ် တစ်စီးချင်းစီပေါ်တွင် ESSM ဒုံးပျံ ၃၂ စင်း အထိ 
တပ်ဆင်အသုံးပြုနိုင်မည် ဖြစ်သည်။



 

ESSMs ဒုံးပျံများသည် ထိုင်းဘုရင့်ရေတပ်မတော်၏ အနာဂတ်ကာလတွင် ဖြစ်ပေါ်လာနိုင်သော စစ်ရေးခြိမ်းခြောက်မှုများအား အမြင့်မားဆုံးကာကွယ်မှု ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် စစ်ရေယာဉ်တစ်စီးအတွက် သာမန်နှင့်မတူသော Self-Defense Capability ရရှိမည် ဖြစ်ပြီး စစ်ရေယာဉ်စု၏ ဒုံးပျံများ ဆင့်ကဲတိုးတက်ပြောင်းလဲလာမည့် အနာဂတ်အခြေအနေတစ်ခုကို အကျိုးပြု အထောက်အပံ့ ရရှိစေမည် ဖြစ်ကြောင်း စသည်ဖြင့် Raytheon ကုမ္ပဏီ၏ ရေတပ်ဆိုင်ရာ စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရေး ဒုတိယဥက္ကဌ Rick Nelson မှ ဆိုသည်။

ESSM ဒုံးပျံ
ESSMs ဒုံးပျံများသည် Raytheon ကုမ္ပဏီ၏ အထင်ကရ ထုတ်ကုန်လက်နက်ပစ္စည်း ဖြစ်ပြီး နိုင်ငံပေါင်း (၁၀) နိုင်ငံမှ ကဏ္ဍစုံ စက်မှုလုပ်ငန်း (၁၈)ခုတို့ ပူးပေါင်း ထုတ်လုပ်နေသော စီမံကိန်းဖြစ်သည်။ESSMs သည် စစ်နယ်ဝှမ်းများအတွင်းရှိ အမျိုးအစားနှင့် အသွင်သဏ္ဍန်မျိုးစုံသော Platform များ၊Combat System Design များအား Global Layered Defense စွမ်းရည် ရရှိစေရန် ရည်ရွယ်ပါသည်။ လက်ရှိကာလတွင် ရေတပ်သုံး ESSM ကဲ့သို့ ထောက်လှမ်းသိရှိရန် ခက်ခဲပြီ ထိရောက်မှု အန္တရာယ်ကြီးမားသည့် မြေပြင်ပစ် ESSM ဒုံးပျံများအား စတင်ထုတ်လုပ်လျက်ရှိပြီး စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။

Raytheon ကုမ္ပဏီ
Raytheon ကုမ္ပဏီရုံးချုပ်သည် အမေရိကန်နိုင်ငံ Waltham မြို့တွင်တည်ရှိပါသည်။နိုင်ငံတကာဝန်ထမ်းအင်အား ၇၁၀၀၀ ဦး ရှိပြီး ၂၀၁၁ ခုနှစ်တွင် $25 billion တန်ဖိုးအထိ ရောင်းချနိုင်ခဲ့သည်။အမေရိကန်၏ စစ်ရေးဆိုင်ရာ၊ပြည်တွင်းလုံခြုံရေး ဆိုင်ရာ တို့အပြင် ကမ္ဘာနိုင်ငံအသီးသီးသို့ နည်းပညာမြင့်မားသော လက်နက်များနှင့် ပစ္စည်းများကို တီထွင်ထုတ်လုပ် ရောင်းချပေးနေသော ထိပ်တန်းကုမ္ပဏီ တစ်ခုဖြစ်သည်။ကုမ္ပဏီ၏ တီထွင်ဆန်းသစ်မှုသမိုင်းကြောင်း နှစ်(၉၀) အတွင်း Command ၊ Control ၊ Communications & Intelligence System များတွက် စနစ်အမျိုးမျိုး၊Electronic ဆိုင်ရာများ၊Integrated System များ၊Sensor စနစ်အမျိုးမျိုး နှင့် အခြား Capability မျိုးစုံကို အောင်မြင်စွာ တီထွင် ထုတ်လုပ်နိုင်ခဲ့ပါသည်။


မြန်မာ့ရေတပ်သတင်းမှ ရရှိသည်။
မိုးစက်

0 မှတ်ချက်များ: